သိန်း ၉၀ ကျော်နဲ့ အိမ်တစ်လုံး အပြီးစီး ဆောက်ကြမည်

javascript

ကျပ်သိန်း ၉၀ ကျော်နဲ့ အိမ်တစ်လုံးကို ဆောက်နိုင်တဲ့အပြင် ရေမီးအစုံပါပါအောင် ဆောက်လုပ်ပေးနေတာတွေ ရှိတယ်လို့ 
သိရပါတယ် ။

ကျပ်သိန်း ၉၀ ကျော်နဲ့ ဆောက်လုပ်ပေးနေတဲ့ အိမ်တွေက တစ်ထပ်အိမ်တွေဖြစ်ပြီး တန်ဖိုးနည်း အာရ်စီအမျိုးအစားဖြစ်ပါတယ် ။ ဆောက်လုပ်တဲ့အခါမှာလည်းတစ်ပေပတ်လည်ကို 
ကျပ် ၁၅,၅၀၀ နှုန်းနဲ့ တွက်ပြီး ဆောက်လုပ်ပေးတာဖြစ်ပါတယ် ။

တန်ဖိုးနည်းအိမ် ဆိုပင်မဲ့ ခိုင်ခံ့အောင် ဆောက်လုပ်ပေးထားတာဖြစ်ပါတယ် ။ဖောင်ဒေရှင်းကို သုံးပေခွဲတူးထားတုဖြစ်ပြီး အပေါ်မှာ အုတ်ရိုးစီ ကျောက်လောင်းပြီး ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ခေါင်မိုးကို လည်း GIနဲ့ မိုးပေးထားပါတယ်။ အချောထည်းကို ရေးဆေးသုတ်ပြီးအခန်းဖွဲ့တာတွေကိုလည်း ပြုလုပ်ပေးထားပါတယ်။
အိမ်သာရေချိုးခန်းတွေပြုလုပ်ပေးတဲ့အပြင် မီးကြိုးတွေမီးခုံတွေကိုပါ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။ ရေတိုင်ကီ ၊ ဘေဇင်၊ မျက်နှာကြက်တွေကိုပါ ထည့်သွင်းပြုလုပ်ပေးတယ်လို့ သိရပါတယ်။ ဆောက်လုပ်ပြီတဲ့အခါ အသင့်နေထိုင်နိုင်အောင် ဆောက်လုပ်ပေးထားတာဖြစ်ပါတယ်။

သည်လိုတန်ဖိုးနည်းအိမ်လေးတွေကို အခုချိန်မှာတော့ 
ရန်ကုန်ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ဆောက်လုပ်ပေးနေပြီး နယ်တွေကို လိုက်ဆောက်တာတွေလည်း ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

အဆင့်မြင့်ဆောက်လုပ်ချင်တယ်ဆိုရင် တစ်ပေပတ်လည်ကို ကျပ် ၂၂,၀၀၀ နဲ့ဆောက်လုပ်ပေးတာပါ ။တန်ဖိုးနည်းအိမ်ကို ငွေကြေးတစ်စုတည်း မတက်နိုင်တဲ့သူတွေအတွက် အရစ်ကျစနစ်နဲ့ ဆောက်လုပ်ပေးနေတာ ဖြစ်ပါတယ်။

Source : The Modern
#realestate #property #lease #buy #sell #apartment #condo #flat#house

#villa #residence #office #commercial #residential #realtor #agency#agent

#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-1-524901, (+95)-1-531484, (+95)-9-43157 571, (+95)-9-43157 572, (+95)-9-43157 573

 Head Office: No. (82), Than Lwin Road, Windermere, Bahan Township, Yangon, Myanmar.