ဟံသာဝတီလေဆိပ်စီမံကိန်း ဆက်လက် ဆောင်ရွက်မည်ဟု ပို့ဆောင်ရေးဝန်ကြီးပြော

javascript
ဟံသာဝတီလေဆိပ်တည်ဆောက်မည့် စီမံကိန်း ပျက်ပြယ်ခြင်းမဟုတ်ဘဲ စီမံကိန်း စတင်နိုင်ရေး ဆက်လက်ဆောင် ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ပြောသည်။

ဟံသာဝတီလေဆိပ်စီမံကိန်း အကောင်အထည်ဖော်ရန် တင်ဒါ အောင်ထားသော စီးပွားရေးလုပ် ငန်းစုနှင့် ချုပ်ဆိုထားသည့် သဘောတူညီချက် သက်တမ်း ကုန်ဆုံးပြီဖြစ်သော်လည်း နှစ်ဖက် ညှိနှိုင်းမှု အဆင်မပြေသဖြင့် လက်ရှိအချိန်အထိ သက်တမ်း မတိုးနိုင်သေးပေ။

‘‘စီမံကိန်းက ရပ်တာမဟုတ် ဘူး။ ရပ်လို့မရဘူး။ ဟံသာဝတီ လေဆိပ်က မဖြစ်မနေလုပ်ရမှာ ပါ။ ပိုပြီးတော့ ကောင်းတဲ့အစီ အစဉ်ဖြစ်လာမှာပါ’’ဟု ဦးသန့် စင်မောင်က မတ်လ ၂၀ ရက် ပြည်ထောင်စုလွှတ်တော်အစည်း အဝေး ရပ်နားချိန်တွင် မီဒီယာ များအား ပြောကြားသည်။

ယင်းစီမံကိန်းကို ဂျပန်အစိုးရ က အလွန်စိတ်ဝင်စားနေပြီး လေဆိပ်တည်ဆောက်ရေးနှင့်ပတ်သက်၍ ဂျပန်အစိုးရနှင့် ညှိနှိုင်း နေကြောင်း ဦးသန့်စင်မောင်က ဆိုသည်။

‘‘ဒါကို ဂျပန်နိုင်ငံအစိုးရက လည်းအများကြီးစိတ်ဝင်စားတယ်။ အရင်ကတည်းက သူတို့ ကကုန်ကျစရိတ်ရဲ့ ထက်ဝက် ကျော်ကို ချေးငွေနဲ့ မတည်ပေးဖို့ လုပ်ထားတယ်။ အခုလည်းပဲ အဲဒီကိစ္စကို ဆက်ပြီးတော့ ညှိနေ ပါတယ်’’ဟု 
၎င်းက ပြောသည်။

တင်ဒါရကုမ္ပဏီများနှင့် ညှိ နှိုင်းမှုများ အဆင်မပြေသဖြင့် ဟံသာဝတီလေဆိပ် တည် ဆောက်မည့် စီမံကိန်းသည် မစတင်နိုင်သေးဘဲ ကြန့်ကြာနေ သည်။

Source : 7Daydaily

Facebook comments

Logo
 Tel: (+95)-1-524901, (+95)-1-531484, (+95)-9-43157 571, (+95)-9-43157 572, (+95)-9-43157 573

 Head Office: No. (82), Than Lwin Road, Windermere, Bahan Township, Yangon, Myanmar.