ရန်ကုန်မြို့ရှိ ဆောက်လုပ်ဆဲတိုက်ခန်းကွန်ဒိုတွေရဲ့ပြီးစီးမှုနဲ့ ငွေပေးချေမှုစနစ်

javascript

ရန်ကုန်မြို့ရဲ့ ဆောက်လုပ်ဆဲတိုက်ခန်းကွန်ဒိုတွေရဲ့ ဆောက်လုပ်ပြီးစီးမှုနဲ့ အရစ်ကျငွေပေးချေမှု အခြေအနေတွေကို ဖော်ပြပေးပါမယ်။

Grand Khattar Condo

စမ်းချောင်းမြို့နယ်ရဲ့ အချက်အချာကျတဲ့ Grand Khattar Condo ကို (၅၀)ရာခိုင်နှုန်းပေးချေပြီး (၂၅)ရာခိုင်နှုန်း (၂)လနဲ့ အသင့်နေထိုင်နိုင်သလို ကမ္ဘောဇ၊ ဧရာဝတီ၊ ရိုးမဘဏ်တွေနဲ့လည်း (၅)နှစ်ကနေ (၂၅)နှစ်အထိ အရစ်ကျဝယ်နိုင်ပါတယ်။ အမှတ် (၂၃/၂၅)၊ ခတ္တာလမ်း၊ စမ်းချောင်းမြို့နယ်မှာ တည်ရှိပြီး အခန်းအကျယ်မှာ (၂၆၀၈)စတုရန်းပေရှိပြီး အမြင့်(၁၀)ပေ (၆)လက်မ ရှိပါတယ်။ အခန်းဈေးနှုန်းမှာ (၁)စတုရန်းပေကို ကျပ်(၁၅၀,၀၀၀)ဖြစ်ပြီး ဓာတ်လှေကား(၂)စင်း ပါဝင်ပါတယ်။ ဂရန်အမည်ပေါက် မြေအမျိုးအစား ဖြစ်ပါတယ်။ ငွေပဒေသာပင် သိန်း (၂၀၀)၊ တစ်ခန်းမှာ နှစ်စီးစာရပ်နိုင်တဲ့ မြေအောက်ကားပါကင်၊ အလိုအလျောက်မီးစက်၊ ထရန်စဖော်မာ၊ မြေအောက်ရေကန်၊ အမိုးပေါ်စတီးရေကန်၊ အော်တိုရေပန့်၊ အလိုအလျောက်လုံခြုံရေးအချက်ပေးစနစ်(ဗီဒီယို)၊ အလူမီနီယံကွန်ပို့ဆစ်၊ စတီးဝရန်တာလက်ရန်း၊ ပြတင်းပေါက်တံခါးခြင်ဆန်ခါပါ၊ လှေကား စတီးလက်ရန်း၊ လှေကားအခင်း ဂရင်းနိုက်ကျောက်ပြား၊ (၂၄)နာရီလုံခြုံရေးရရှိဖို့ စီစီတီဗီတွေ ထားရှိထားပါတယ်။ ရွှေတိဂုံစေတီတော်၊ စီးတီးမတ်၊ နိုဗိုတယ်ဟိုတယ်၊ ဂျန်းရှင်းစကွဲ၊ ပြည်သူ့ရင်ပြင်(People Park)၊ ဒဂုံစင်တာ၊ တော်ဝင်စင်တာ၊ Parkson ရှော့ပင်းစင်တာ၊ အရိုးဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံ၊ အာရှတော်ဝင်ဆေးရုံအပြင် ကမ္ဘောဇ၊ ဧရာဝတီ၊ ရိုးမ၊ စီဘီဘဏ်တွေနဲ့ အနီးဆုံးမှာရှိပြီး စာရင်းပေးသွင်းသူ ပထမဆုံး (၂၀)ဦးကို Ngapali Construction က အထူးပရိုမိုးရှင်းတွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

အမှတ် (၅၅/၅၇)

စမ်းချောင်းမြို့နယ် ဓမ္မိကဝတီလမ်းမှာ တည်ဆောက်မယ့် ရွှေရောင်လမ်းအဆင့်မြင့် Service Apartment အတွက် ငွေပေးချေမှုပထမအရစ် ကျပ်သိန်း (၂၀၀)ကို ကနဦးပေးသွင်းရမှာဖြစ်ပြီး ကျန်ငွေကို ဘဏ်ကိုသွားရောက်လျှောက်ရန်မလိုဘဲ လ(၃၀)အရစ်ကျ ဒါမှမဟုတ် လ(၅၀)အရစ်ကျနဲ့ ဝယ်နိုင်ပါတယ်။ ပထမအရစ် (၅၀)ရာခိုင်နှုန်း ပေးသွင်းရင် (၂၀)ရာခိုင်နှုန်းအထူးလျှော့ဈေးပေးမှာ ဖြစ်ပါတယ်။ အမှတ် (၅၅/၅၇)၊ ဓမ္မိကဝတီလမ်း၊ သံတံတားရပ်ကွက်၊ စမ်းချောင်းမြို့နယ်မှာဖြစ်ပြီး (၂၀၂၀)ပြည့်နှစ် နှစ်ပိုင်းမှာ အခန်းအပ်နှံမှာ ဖြစ်ပါတယ်။

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.