တောင်အဖရိကအိမ်ခြံမြေဈေးကွက်သို့ရုရှားလုပ်ငန်းရှင်များ ဝင်ရောက်စပြုလာ

javascript
တောင်အဖရိကနိုင်ငံ၊ ကိပ်တောင်မြို့ ရှိ နန်းတော်တမျှခမ်းနာကြီးကျယ်သောအဆောက်အဦးနှင့် အိမ်ခြံမြေပိုင်ဆိုင်မှုများကို အမည်မဖော်လိုသော ရုရှားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လွှဲပြောင်းဝယ်ယူခဲ့ပြီးနောက်တောင်အဖရိကအိမ်ခြံမြေဈေးကွက်သို့ ရုရှားလုပ်ငန်းရှင်များဝင်ရောက်စပြုလာခဲ့ပြီးဖြစ်ကြောင်း ဒေသခံစီးပွားရေးပညာရှင်များက ခန့်မှန်းပြောဆိုလိုက်သည်။ ကိပ်တောင်မြို့ ရှိ အိမ်ခြံမြေမှာ မြို့ စွန်ရှိကုန်းမြင့်ဒေသတွင်တည်ရှိပြီး အိပ်ခန်း ၁၂ ခန်း၊ ရေကူးကန်တို့ပါဝင်ပြီး အိမ်အရှေ့ ပိုင်းကို မှန်သားအတိပြီးသောပြတင်းပေါက်များတပ်ဆင်ပေးထားကြောင်းသိရသည်။ အဆိုပါအိမ်ခြံဝင်းအတွင်း၌ ရဟတ်ယာဉ်ဆင်းသက်ရန်နေရာလည်းပါရှိပြီး ကိပ်တောင်မြို့ ကိုအထက်စီးမှ ကြည့်ရှုခံစားနိုင်သောမြင်ကွင်းကိုလည်း ရယူပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ယခုအခါအဆိုပါအိမ်ခြံမြေကို ရုရှားလူမျိုးတစ်ဦးက ပိုင်ဆိုင်ခွင့်ရခဲ့ပြီး ဒေါ်လာ ၂့ ၂ သန်းပေးချေခဲ့ရကြောင်း သိရသည်။ ကိပ်တောင်းမြို့ ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ဘရာဒန်မီလာက ”ရုရှားတွေဟာ အိမ်ခြံမြေစီးပွားရေးကိုတော်တော်နှစ်သက်ခုံမင်ကြပါတယ်။ တောင်အာဖရိကမှာ ရုရှားလုပ်ငန်းရှင် သုံးလေးဦးလောက်အိမ်ပိုင်ဆိုင်နေကြပါပြီး” ဟုဆိုသွားခဲ့သည်။

Facebook comments

Logo
 Tel: (+95)-1-524901, (+95)-1-531484, (+95)-9-43157 571, (+95)-9-43157 572, (+95)-9-43157 573

 Head Office: No. (82), Than Lwin Road, Windermere, Bahan Township, Yangon, Myanmar.