(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

အရောင်နဲ့ မော်ကျူလာအိမ်လေးတွေ ဆောက်လို့ရပြီ

ဈေးနှုန်းသက်သာတဲ့ မော်ကျူလာအိမ်လေး တွေကိုအရောင်မျိုးစုံနဲ့ ဆောက်လုပ်လို့ ရနေပြီလို့ သိရပါတယ်။ သည်မော်ကျူလာတွေနဲ့ အိမ်တွေသာမက အခုအခါမှာ ဆိုင်ခန်းတွေကိုပါ ဆောက်လုပ်လာကြတယ်လို့ သိရပါတယ်။

ဈေးနှုန်းတွေက တစ်ထပ်အိမ်မှာ ရေချိုးခန်းတွေ အိမ်သာတွေ ပါတယ်ဆိုရင် ကျပ်သိန်း ၇၀ နီးပါးသာ ကျသင့်မှာဖြစ်ပြီး နှစ်ထပ်အိမ်တွေဆိုရင်  ကျပ်သိန်း ၁ဝဝ ကျော် ကျသင့်မှာဖြစ်တယ်လို့ သိရပါ တယ်။

ဆိုင်ခန်းတွေ ဆောက်လုပ်မယ်ဆိုရင် မှန်တွေတပ်ပြီး ပြုလုပ်ပေးတာကြောင့် ပိုပြီးတော့ ကုန်ကျနိုင်မှာ ဖြစ်ပါတယ်။သည်အိမ်တွေကို အရင်တုန်းက အဖြူရောင်သာ ရပေမဲ့ အခုနောက်ပိုင်း မှာတော့ အရောင်စုံကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ မော်ကျူလာ အိမ်ေ တွ ဆိုင်ခန်းတွေက လေဒဏ်၊ မိုးဒဏ်ကိုလည်း ခံနိုင်မှာ ဖြစ်ပြီး အရော င်နဲ့ ပြုလုပ်လို့ ရတာကြောင့် အမြင်မှာလည်း ပိုပြီးလှပတယ်လို့ သိရပါတယ်။

သည်မော်ကျူလာ အိမ်တွေ၊ ဆိုင်ခန်းတွေကိုဆောက်လုပ်မယ်ဆိုရင် အချိန် သုံးနာရီ၊ လေးနာရီလောက်သာကြာမှာ ဖြစ်တာကြောင့် အချိန်ကုန်သက် သာပြီး လွယ်လွယ်ကူကူ ဆောက်လုပ်နိုင်မှာဖြစ်ပါတယ်။

သာမန်ဆောက်တဲ့ ပုံစံတွေနဲ့ ကွာခြားသွားတာကြောင့် အခုနောက်ပိုင်းမှာ အသုံးပြုသူတွေ များလာပြီဖြစ်ပါတယ်။ အသုံးပြုထားတဲ့ ကုန်ကြမ်းတွေက ပစ္စည်းအသစ်တွေကိုသာ သုံးထားတာကြောင့် ရေရှည်ခံတယ်လို့ သိရပါ တယ်။


Source : The Kumudra

Facebook comments