(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ပြင်ဦးလွင်အိမ်ခြံမြေစျေးကွက် တစ်ကျော့ပြန် ကောင်းမွန်လာရန် မျှော်လင့်

အရောင်းအဝယ်ငြိမ်သက်နေခဲ့တာ နှစ်အတန်ကြာနေပြီဖြစ်တဲ့ ပြင်ဦးလွင်အိမ်ခြံမြေစျေးကွက်မှာအခုအခါ ဝယ်ယူဖို့မေးမြန်းစုံစမ်းတာတွေ ခပ်စိပ်စိပ်ရှိလာပြီး စျေးနှုန်းသင့်တော်တဲ့ မြို့သစ်အကွက်အကွင်းတွေမှာ အရောင်းအဝယ် ပြန်ဖြစ်လာတာတွေရှိတာကြောင့် အကျိုးဆောင်တချို့ဟာ စျေးကွက် တစ်ကျော့ပြန်ကောင်းမွန်လာဖို့ မျှော်လင့်နေကြပါတယ်။


ပြင်ဦးလွင်အိမ်ခြံမြေစျေးကွက်ဟာ မန္တလေးအိမ်ခြံမြေစျေးကွက်နဲ့လည်း ဆက်စပ်မှုရှိပါတယ်။ 

မန္တလေးမှာ အိမ်မြေအရောင်းအဝယ်လှုပ်ခတ်ရင် ပြင်ဦးလွင်မှာလည်းလိုက်ပြီး လှုပ်ခတ်တတ်ပါ

တယ်။ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ် နောက်ပိုင်းကစပြီး မန္တလေးအိမ်ခြံမြေစျေးကွက်ဟာ အရောင်းအဝယ်သိသိသာသာ ငြိမ်သက်နေခဲ့ရာမှာ ပြင်ဦးလွင်မြို့ဟာလည်း အလားတူပဲ ကြုံတွေ့နေခဲ့ရပါတယ်။


''ဒီမတ်လပိုင်းထဲမှာတော့ အရောင်းအဝယ်အတွက် အမေးအမြန်းတွေအတော်ရှိလာပါတယ်။

ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ မုံရွာ နေရာစုံကပါပဲ။ အကျိုးဆောင်တွေလည်း နွေရာသီမှာ ဝယ်

လက်တွေလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ရှိနေကြတယ်။ သင်္ကြန်အပြီး အရောင်းအဝယ်ပိုသွက်လာမယ်မျှော်လင့်တယ်''လို့ ပြင်ဦးလွင်မြို့ ကောင်းဟိန်းဆက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကဒေါ်ခင်သန်းက မတ် ၃၁ ရက်မှာ ပြောပါတယ်။


လတ်တလောမှာ ကျပ်သိန်းထောင်ဂဏန်းတန်ကြေးရှိတဲ့ အိမ်မြေတွေကို စိတ်ဝင်စားမှုများပြီး

အရောင်းအဝယ်လည်း အနည်းငယ်ဖြစ်တယ်လို့ ပြောပါတယ်။ ကျပ်သိန်းသောင်းဂဏန်းကြေး

ရှိတဲ့အိမ်ခြံမြေတွေကတော့ အမေးသာရှိပြီး လက်တွေ့အရောင်းအဝယ် မဖြစ်သေးကြောင်းပြောပါတယ်။


စျေးနှုန်းတွေအနေနဲ့ မြို့တွင်းအဓိကကျတဲ့နေရာက မန္တလေး-လားရှိုးလမ်းမပေါ်ကိုတင်ရင် ပေ

ကျယ်အလိုက် ကျပ်သိန်း ၁ဝ,ဝဝဝ ကျော်ကနေ ၂ဝ,ဝဝဝ ကျော်အတွင်း ခေါ်စျေးရှိနေပြီး မြို့တွင်းနေရာကောင်းတွေက ကျပ် သိန်း ၁,ဝဝဝ ကျော်ကနေ သိန်း ၄,ဝဝဝ ပတ်ချာလည်အတွင်း

အစားစားရှိနေတယ်လို့ ဒေါ်ခင်သန်းက ပြောပါတယ်။


ကန်တော်ကြီးသွားတဲ့ လမ်းပေါ်မှာဆိုရင်တော့ ပေအကျယ်အလိုက် ပျမ်းမျှကျပ်သိန်း ၁ဝ,ဝဝဝ 

ကျော်အထိခေါ်စျေးရှိနေပါတယ်။ ပြင်ဦးလွင်မြို့က အိမ်ခြံမြေအကျိုးဆောင် ဒေါ်ခင်စောမြင့်က 

လက်ရှိမှာ အထူးသဖြင့် ပဒေသာမြို့သစ်ထဲကို စိတ်ဝင်စားသူ များပြားနေပြီး အရောင်းအဝယ်

လည်းဖြစ်တယ်လို့ ပြောပါတယ်။


''ပဒေသာမြို့သစ်ထဲမှာ ပေ ၄ဝ x ပေ ၆ဝ၊ ပေ ၆ဝx ပေ ၈ဝ အကျယ်မြေကွက်တွေ စျေးကွက်

သွက်နေပါတယ်။ ကျပ်သိန်း ၁,၅ဝဝ ပတ်ချာလည်စျေးနှုန်းရှိနေတာမှာ စျေးအလျှော့အတင်း

ကောင်းရင် အရောင်းသွက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်လကျော်လောက်ကဆိုရင် ကျပ်သိန်း ၁,၅ဝဝ 

စျေးခေါ်ထားတာကို ကျပ်သိန်း ၉ဝဝ ဝန်းကျင်နဲ့ ငွေပေါ်ချရောင်းခဲ့တာမျိုးတွေတောင်ရှိတယ်။ 

ဒါပေမဲ့ ငွေပူမရှိသူ (ငွေထားနိုင်သူ) တွေကတော့ ကြိုက်စျေးစောင့်ရောင်းနေကြပါတယ်''လို့

ဒေါ်ခင်စောမြင့်က ပြောပါတယ်။


ပြင်ဦးလွင်မြို့မှာ ပဒေသာမြို့သစ်ဟာ အခုအချိန်မှာ ရင်းနှီးမြှုပ်နှံထားလိုသူတွေအတွက် အချိန်

ကောင်းဖြစ်နေတယ်လို့ ပြောပါတယ်။ စျေးကွက်မှာ အရောင်းအဝယ်အေးနေတာကြာမြင့်လာလို့ ငွေထပ်မအောင်းချင်တော့တဲ့ သူတွေအနေနဲ့ စျေးတွေမြင့်ခဲ့ချိန်က ရှိခဲ့တဲ့ခေါ်စျေးတွေအောက်သိသိသာသာချရောင်းလာတာမျိုးရှိတာကြောင့် ငွေထားနိုင်တဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက်ကောင်းတယ်လို့ ပြောပါတယ်။


''အခုနွေအစမှာ တော်တော်အဝယ်ဝင်ပါတယ်။ ပြောရရင် အရင်လိုပဲ စျေးကွက်အရောင်းအဝယ်ပြန်သွက်ချင်တယ်။ စျေးနှုန်းမှန်၊ ပုံမှန်ဖြစ်တဲ့ အရောင်းအဝယ်မျိုးနဲ့ စျေးကွက်ကို ပုံမှန်လည်ပတ်မှုရှိစေချင်တယ်''လို့ ဒေါ်ခင်စောမြင့်က ပြောပါတယ်။


Source : Myanmar Time

Facebook comments