အိမ်တွင်းအလှဆင်လုပ်ငန်းတွေကို အခုနောက်ပိုင်း တွင်တွင် ကျယ်ကျယ် လုပ်လာကြပေမဲ့ သင်္ကြန်မကျခင်နဲ့ သင်္ကြန်ပြီးချိန်တွေမှာ အိမ်တွင်း အလှ ဆင်တာတွေ နည်းလာပြီး အလှဆင်လုပ်ငန်းလုပ်သူတွေ အလုပ်အကိုင်ေ တွ နည်းပါးလာတယ်လို့ သိရပါတယ်။
တိုက်ခန်းတော်တော်များများမှာဆိုရင် အိမ်တွင်း အလှဆင်တာတွေကို ပြု လုပ်တာတွေ အများပြားရှိလာပါတယ်။ အိမ်တွင်း အလှဆင်တာက တိုက် ခန်းကျဉ်းတွေ၊ တိုက်ခန်းမှာ နေရာပိုတွေ ထွက်လာအောင် ပြုလုပ်ပေးကြ တာ ဖြစ်ပါတယ်။
သင်္ကြန်ကာလမတိုင်ခင်က အများ ပြားလုပ်ကိုင်နေရတာ ဖြစ်ပေမဲ့ အခု သင်္ကြန်ပြီးချိန်မှာတော့ အလုပ်တွေ နည်းနေသေးတယ်လို့ သိရပါတယ်။
‘ဒီနှစ်သင်္ကြန်မှာတော့ သိသိ သာသာကို လျော့နည်းသွားတာ သုံးတဲ့ ကုန် ကြမ်းဈေးနှုန်းတွေကလဲ ကွာသွားတယ်၊ အဲဒီလိုဆိုတော့ လုပ်ခတွေက လဲ ဈေးတက် တာပေါ့၊ အဲဒီလိုဆိုတော့ လာမေးတဲ့ သူတွေကတော့ ရှိတယ်၊ တ ကယ်လုပ်တဲ့သူတွေက နည်းသွားတာပေါ့၊ အသုံးပြုတဲ့ဈေးနှုန်းတွေ ကျ သွားတယ်ဆိုရင်တော့ လုပ်တဲ့ သူတွေ များလာမှာပါ၊ အခုရက်ပိုင်းကေ တာ့ ဈေးတွေ မြင့်နေတယ်” လို့ အိမ်တွင်းအလှဆင် လုပ်ငန်းလုပ်ကိုင်သူ ကိုဝေဖြိုးက ပြောပါတယ်။
အရင်နှစ်သင်္ကြန်ပြီးကာလမှာ လုပ်ငန်းတွေ ပုံမှန်အတိုင်း လည်ပတ်နိုင်ပေမဲ့ အခုနှစ် သင်္ကြန်ပြီး ချိန်မှာတော့ အလုပ်တွေ သိသိသာသာလျော့ နည်းသွား တာဖြစ်ပါတယ်။
Source : The Kumudra