(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

အိမ်ခြံမြေဂရု(ပ်)တွေ တကယ် ထိရောက်မှု ရှိလား

အနောက်ပိုင်းမှာ အိမ်တွေ ၊ တိုက်ခန်းတွေကို အရောင်းအဝယ် လုပ်တဲ့အ ခါ ဖေ့စ်ဘုတ်ခ်မှာ ဂရု(ပ်)တွေ ဖွဲ့ပြီး ရောင်းချလာတာကို တွေ့ရပါတယ် ။ 

သည်လို ရောင်းချတာတွေက အကျိုးဆောင်တွေကို အပ်ပြီး ရောင်းချတာေ လာက် ထိရောက်မှု မရှိနိုင်ဘူးလို့ သိရပါတယ် ။

အကျိုးဆောင်တွေ ရောင်းတာတွေနဲ့ ဂရု(ပ်)တွေမှာ ရောင်းတာတွေက ကွာြ ခားမှုတွေတော့ ရှိတယ် ၊ ဂရု(ပ်)တွေမှာ ရောင်းတော့ အကျိုးဆောင်ခတွေ မပေးရဘူး ၊ အကျိုးဆောင်တွေကို အပ်တယ်ဆိုရင်တော့ ပေးရတယ်ပေါ့ေ နာ် ၂၀ ရာခိုင်နှုန်း ၊ တကယ်တမ်းကျတော့ ဂရု(ပ်)မှာ ရောင်းတာတွေက ကြာတတ်တယ် ၊ ပြီးတော့ ရောင်းမထွက်တာတွေလဲ ရှိတတ်တယ် ၊ တစ် ခုတော့ရှိတယ် ၊ ဝက်ဘ်ဆိုက်မှာ ရောင်းတာတွေကတော့ ကောင်းပါတယ် ၊ အခုနောက်ပိုင်း တော်တော်များများကလဲ ဝက်ဘ်ဆိုက်ကနေ ရောင်းနေပြီ ဆိုတော့ ရောင်းမယ်ငှားမယ်ဆိုရင်တော့ အကျိုးဆောင်တွေ အပ်ပြီး ရောင်း ရင် ရောင်း ဝက်ဘ်ဆိုက်မှာ ရောင်းရင်ရောင်း အဲလိုဆို အဆင်ပြေတယ်’လို့ အိမ်ခြံမြေအကျိုးဆောင် လဲ့က ပြောပါတယ် ။

အခုနောက်ပိုင်းမှာ အိမ်ခြံမြေဝက်ဘ်ဆိုက်တွေ အများအပြား ရှိနေတာဖြစ်ြ ပီး ဝက်ဘ်ဆိုဒ်ကနေ ရောင်းဝယ်တာတွေ လုပ်တာတွေကလည်း အများအြ ပား ရှိလာတယ် ။

ဖေ့စ်ဘုတ်ခ်မှာလည်း အိမ်ခြံမြေရောင်းဝယ်တာတွေကို လုပ်နိုင်ဖို့ ဂရု(ပ်)ေ တွ ပြုလုပ်ပြီး ရောင်းလာတာကို တွေ့ရပါတယ် ။

ဂရု(ပ်)တွေမှာ ရောင်းတဲ့အခါမှာ ကြန့်ကြာတတ်တာတွေ ၊ ရောင်းမထွက် တာတွေ ရှိတတ်ပါတယ် ။ ဒါကြောင့် ဂရု(ပ်)တွေက အိမ်ခြံမြေရောင်းချင် တာတွေကို အခမဲ့ အရောင်းတင်နိုင်တယ် ဆိုပေမဲ့ အကျိုးဆောင်တွေကို အပ်ပြီး ရောင်းချတာတွေ ၊ ဝက်ဘ်ဆိုက်တွေမှာ ရောင်းချတာတွေလောက် ထိရောက်မှု မရှိနိုင်ဘူးလို့ သိရပါတယ် ။


Credit: The Modern

#realestate #property #lease #buy #sell #apartment #condo #flat #house#villa #residence #office #commercial #residential #realtor #agency #agent#tenant #leasing #yangon #myanmar #estate #estatemyanmar#estatemyanmarnews

Facebook comments