ဆောက်လုပ်ရေးဝန် ကြီးဌာနက နောက်ပိုင်း တည် ဆောက်မည့် တန်ဖိုး နည်းအိမ်ရာ စီမံကိန်းများကို ကျပ်သိန်း ၇၀ ဝန်းကျင်ဖြင့် ရောင်းချနိုင်ရန် ဒီ ဇိုင်းရေးဆွဲနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန် ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။
ယခုဘဏ္ဍာနှစ်တွင် တည် ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများတွင် ပါဝင်လာဦး မည်မဟုတ်ဘဲ ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် ပ ညာရှင်များနှင့်တိုင်ပင်၍ ဒီဇိုင်း ရေးဆွဲဆဲအဆင့်သာ ရှိသေး ကြောင်း ၎င်း က ပြောသည်။
အစိုးရသစ်လက်ထက် ဒုတိယ အသုတ်ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာများ တွင် ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ ကြားရောင်းချမည့် အခန်းများသာ ပါဝင်ေ ကြာင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ဒုတိယအသုတ်အဖြစ် ရန် ကုန်မြို့မှ တန်ဖိုးနည်းအိမ်ရာအ ခန်းပေါင်း ၂,၂၀၀ ကျော်ကို မူလ က ဧပြီတွင် ရောင်းချရန်စီစဉ်ထား သော်လည်း ရန် ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းမှုများ ရှိနေ၍ ဇူလိုင်အတွင်းမှ စတင် ရောင်းချနိုင်တော့မည်ဖြစ်သည်။‘‘မြေတန်ဖိုးကြောင့် ကျပ် သိန်း ၁၀၀ အောက်ကို ဆောက်ဖို့ ပုဂ္ဂလိက လုပ် ငန်းရှင်တွေမှာ လည်း အခက်အခဲရှိတယ်။ ပြီးစလွယ်လည်း ဆောက်လို့ မရဘူး။ ခိုင်ခံ့ပြီးကောင်းမွန်တဲ့ အိမ်ရာ တွေဖြစ်အောင်ဆောက်ပေးရမှာ။ ဒါကြောင့် လုပ်ငန်းရှင်တွေက အ စိုးရဆီက မြေပ့ံပိုးပေးမယ် ဆိုရင်တော့ ေ ဆာက်ပေးနိုင်အောင်ကြိုး စားဖို့ အသင့်ပဲ’’ ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင် ဦးမြင့်ထွေးက ပြောသည်။
အခြားအခြေခံ အဆောက်အအုံများဖြစ်သည့် ပန်းခြံ၊ ကစားကွင်းနှင့် ကား မှတ်တိုင်များပါ တန်ဖိုးနည်း အိမ်ရာများတွင် ထည့်သွင်း တည်ဆောက်ရမ ည် ဖြစ်သောကြောင့် လုပ်ငန်းရှင်များ ဘက်တွင် အခက်အခဲဖြစ်ပေါ်နေ ရခြင်းဖြစ်ကြောင်း ဦးမြင့်ထွေးက ပြောသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်း ခိုင်သည် မီဒီ ယာများနှင့် တွေ့ဆုံ စဉ် ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် တန် ဖိုးနည်း တိုက်ခန်းများ ရရှိအောင် တည် ဆောက်ပေးလိုသော်လည်း နည်း လမ်းများရှာဖွေရန် ခက်ခဲနေ သည်ဟု ပြောကြားသည်။
Source : 7DayDaily
#realestate #property #lease #buy #sell #apartment #condo #flat #house#villa #residence #office #commercial #residential #realtor #agency #agent#tenant #leasing #yangon #myanmar #estate #estatemyanmar#estatemyanmarnews