ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာရှိတဲ့ ရန်ကုန်စတော့ အိတ် ချိန်းအဆောက်အအုံကို ဒီနေ့မေလ(၁၆)ရက်မှာ ရန်ကုန်မြို့ပြ အမွေအနှစ် အထိမ်းအမှတ် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်လိုက်ပြီဖြစ်ပါတယ်။
ဒီကမ္ဗည်းပြားဟာ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အ ဖွဲ့က တပ်ဆင်တဲ့ ၁၈ခုမြောက် ကမ္ဗည်းပြားဖြစ်ပါတယ်။
ဒီအဆောက်အအုံဟာ ဂန္တဝင်ခေတ်ဆန်း ဗိသုကာလက်ရာတွေ နဲ့တည်ေ ဆာက်ထားတာဖြစ်ပြီး ဘဏ်လုပ်ငန်းနဲ့ ငွေကြေးကဏ္ဍတွေမှာ အရေးပါတဲ့
နေရာဖြစ်တဲ့အတွက် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ရဲ့ ဒုတိယဥက္ကဌ ဒေါ်မို့မို့လွင်က ပြော ပါတယ်။ ဂျပန်ခေတ်မှာ ဒီအဆောက်အအုံကို ဗမာနိုင်ငံတော်ဘဏ်အဖြစ် အသုံးပြုခဲ့ပြီး ၁၉၄၈ခုနှစ်မှာတော့ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်အဖြစ် ဖွင့်လှစ်ခဲ့ပါ တယ်။ ဒါ့အပြင် ပထမဦးဆုံး မြန်မာကျပ်ငွေတွေကို ဒီအဆောက်အအုံမှာ ထုတ်ဝေခဲ့တယ်လို့လဲ သိရပါတယ်။
ဒီအဆောက်အအုံကို မြဝတီဘဏ်က နှစ်အတန်ကြာအသုံးပြုခဲ့ပြီး ၂၀၁၅ခုနှစ် ဒီဇင်ဘာကစပြီး ခုလက်ရှိအချိန်ထိ ရန်ကုန်စတော့အိတ်ချိန်းအဖြစ် ဖွင့်လှစ်အ သုံးပြုနေတာဖြစ်ပါတယ်။
Source : 7DayDaily
#realestate #property #lease #buy #sell #apartment #condo #flat #house#villa #residence #office #commercial #residential #realtor #agency #agent#tenant #leasing #yangon #myanmar #estate #estatemyanmar#estatemyanmarnews