သည်ရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေရော၊ မြန်မာ့ရွှေပါ ဈေးတက်လာပါတယ်။
သည်နေ့ ဇွန်လ ၇ ရက်မှာ မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၉၁၃,၀၀၀ နဲ့ ကမ္ဘာ့ရွှေက တစ်အောင်စကို ၁၂၉၀ ဒေါ်လာအထိ တက်လာပါ တယ်။
ရွှေအခွန်တွေ ကောက်လို့ အရောင်းပါးချိန် ရွှေဈေးတွေ ကျလာရမှာ ဖြစ်ပေ မယ့် ကမ္ဘာ့ရွှေဈေးတက်နေတာကြောင့် မြန်မာ့ရွှေပါ လိုက်တက်နေတာပါ။အခွန်ဆောင်ရတာကြောင့် ရွှေ အရောင်းကျလာပါတယ်။ ရွှေဈေးတက် လို့ ပြန်သွင်းတာလည်း နည်းတယ်။ ပြန်ဝယ်ရင် အခွန်ပေးဆောင်မှာ ဖြစ်လို့ မလိုအပ်ဘဲ မရောင်းတော့တဲ့ အခြေအနေ ဖြစ်လာတယ်။
ရွှေအရောင်းအဝယ် အေးသလို ငွေဈေးလည်း ပုံမှန်၊ အရောင်းအဝယ်လည်း ပုံမှန်လောက်သာ ရှိပါတယ်။
Source : The Modern