ရန်ကုန်တိုင်းအတွင်း လုပ်ငန်း မလုပ်သည့် နိုင်ငံပိုင်မြေ နှင့် အဆောက်အအုံများကို ပြန်သိမ်းရန် အဆိုနှင့်ပတ်သက်၍ အစိုးရ၏ လုပ်ဆောင်မှုကို
စောင့်ကြည့်ရန် ရန်ကုန်တိုင်းလွှတ်တော် က မှတ်တမ်းတင်ခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးလှဌေးက ထိုအဆိုကို တင်သွင်းပြီး ယမန်နေ့ကပြုလုပ် သည့် လွှတ်တော် အစည်းအဝေး တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီ လာကျော်က အဆိုနှင့်ပတ်သက် ၍ လာရောက်ရှင်းလင်းဆွေးနွေး ပြီးနောက် လွှတ်တော်ကအထက် ပါအတိုင်း
ဆုံးဖြတ်ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း လုပ် ငန်းမလုပ်သည့် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို ပြန်သိမ်း ရန်မှာ ပြည်ထောင်စုအဆင့် ဆောင်ရွက်ရမည့် ကိစ္စများတွင် ပါဝင်နေကြောင်း၊ နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို အပြီးအပိုင်ရောင်းစားခြင်း၊ ငှားရမ်းခြင်း များနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ၊ စာချုပ်များကို ပြန်လည် စာရင်းကောက်ယူခြင်း၊ စိစစ်ခြင်းများ ပြုလုပ်ရန် လိုအပ်ကြောင်း ဒေါ်နီလာကျော်က ပြောသည်။
ဆက်လက်၍ အပြီးအပိုင် ရောင်းချမှုနှင့် ပတ်သက်၍ဖွဲ့စည်း ပုံ အခြေခံဥပဒေပုဒ်မ ၃၇ နှင့် ပုဒ် မခွဲ (ဂ) တွင် နိုင်ငံသားများကို ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံ ခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီ ထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုရမည် ဟူ၍ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အခြေ ခံဥပဒေ၌ အကာအကွယ်ပေးထား ခြင်းကြောင့် ပြန်လည်သိမ်းယူရန် သင့်၊ မသင့် စဉ်းစားရမည်ဖြစ် ကြောင်း ၎င်းကလွှတ်တော်ကိုယ် စားလှယ်ကိုးဦး၏
ထောက်ခံဆွေး နွေးမှုများကို ခြုံငုံသုံးသပ်သည်။
‘‘ဝန်ကြီးဌာနများက လွှဲ ပြောင်းရယူထားတဲ့ အဆောက်အအုံနဲ့ မြေကွက်တွေရဲ့ လုပ်ငန်းရပ် ဆိုင်းနေမှု အကြောင်းရင်းမှန်ကို သေချာစိစစ်ပြီးတော့ ဆိုင်းငံ့ ကာလတစ်ခု သတ်မှတ်ရမယ်။ ပြီးတော့ အဆောက်အအုံနဲ့ မြေကွက်တွေ လက်ဝယ်ရယူထားသူ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကိုလည်း လုပ်ငန်း ဆက်လက်ဖော်ဆောင်ဖို့ တွန်းအားပေး ကြပ်မတ်ခြင်း၊ သတ်မှတ်ကာလအတွင်း ဖော်ဆောင်နိုင်ခြင်း မရှိပါက ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ သ ဘောတူစာချုပ်တွေကို ရပ်ဆိုင်းပယ်ဖျက်ဖို့နဲ့ ပြန်လည်ရယူတဲ့ နည်းလမ်းတစ်ရပ်ရပ်ဖြင့် အကျိုးရှိတဲ့ မြို့မြေ အသုံးချမှုဖြစ်ပေါ်လာစေဖို့ လုပ်ငန်းစီမံကိန်းတွေကို ဆက်လက် ဆောင်ရွက်သင့်ပါ တယ်’’ ဟု ဒေါ်နီလာကျော်ကဆို သည်။
အဆိုပါမြေနှင့် အဆောက် အအုံများကို ယခင်အစိုးရလက် ထက်က စာချုပ်များဖြင့် ငှားရမ်းခဲ့ပြီး စာချုပ်ပါ စည်းကမ်းချက်များ ကို ချိုးဖောက်မှုများရှိခြင်းကြောင့် သက်ဆိုင်ရာအစိုးရအဖွဲ့များ အနေဖြင့် ယင်းစာချုပ်များကို ပြန် လည်စိစစ်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဆက်သွယ်ကာ ဆောင်ရွက်ပေးစေလို ကြောင်း အဆိုတင်သွင်းသူ ဦးလှဌေးက ပြောသည်။
လုပ်ငန်း မလုပ်ကိုင်သည့် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ များ ပြန်သိမ်းရန်အဆိုကို အောက် တိုဘာ ၃ ရက်က တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့သော် လည်း အောက်တိုဘာ ၁၁ ရက်သို့ထပ်မံရက်ရွှေ့ဆိုင်းခဲ့သည်။
အောက်တိုဘာ ၁၉ ရက်တွင်လွှတ်တော်ကိုယ်စားလှယ် ကိုးဦး က ယင်းအဆိုကို ထောက်ခံဆွေး နွေးပြီး အောက်တိုဘာ ၂၆ ရက်၌ တိုင်းအစိုးရအဖွဲ့ဝင် ဒေါ်နီလာ ကျော်က လာရောက်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် အဆိုနှင့်ပတ်သက်၍ ဆက်လက်စောင့်ကြည့်ရန် မှတ်တမ်းတင်နိုင်ခဲ့ သည်။
အဆိုကို မှတ်တမ်းအနေဖြင့် သာ ထားရှိရန် ပြောကြားခြင်းမ ဟုတ်ဘဲ အစိုးရဘက်က မည်သို့ ဆောင်ရွက်သည်ကို ရန်ကုန်တိုင်း လွှတ်တော်က စောင့်ကြည့်ရန် မှတ်တမ်းအနေဖြင့် ထားရှိခြင်းသာဖြစ်ကြောင်း ဦးလှဌေးကရှင်း
ပြသည်။
‘‘အဲဒါနဲ့ ပတ်သက်ပြီး အစိုးရဘက်က ဘာတွေလုပ်ရမှာလဲ၊ ဒီ မြေတွေ၊ အဆောက်အအုံတွေက ကော လုပ်ငန်းတွေကို ပြန်လည် လုပ်ကိုင်လာမှာလား။ အစိုးရက ဘယ်လိုလုပ်မယ်ဆိုတာကို လွှတ် တော်က စောင့်ကြည့်သွားမှာ။ စောင့်ကြည့်လို့မှ ထူးခြားတဲ့အခြေ အနေ တစ်ခုဖြစ်မလာဘူး၊ ကျွန် တော်တို့ လိုချင်တဲ့အပြောင်းအလဲ တွေ အကောင်အထည် ပေါ်မလာဘူးဆိုရင် ရန်ကုန်တိုင်းလွှတ် တော်က ဒီကိစ္စကို ဆက်လက် ဆောင်ရွက်သွားမယ်။ သာမန်အ ဆိုတစ်ခုက မှတ်တမ်းတင်လိုက် တယ်ဆိုရင် ပြီးသွားပြီ။ ဒါမှမ ဟုတ် အတည်ပြုလိုက်ရင်လည်း အစိုးရဘက်ကို ရောက်သွားပြီ။ အခုရန်ကုန်တိုင်းလွှတ်တော်က စောင့်ကြည့်နေမယ်ဆိုတဲ့ အနေ အထားကို မှတ်တမ်းတင်ထား တာပါ’’ ဟု ၎င်းကဆိုသည်။
ရန်ကုန်တိုင်းအစိုးရသည် စက်မှုဇုန်များရှိ လုပ်ငန်းမလုပ် သည့် မြေများကို ပြန်လည်သိမ်း ယူရန် ၂၀၁၆ က ကြိုးစားခဲ့ဖူးသည်။ သို့သော် လက်ရှိအချိန်အထိ စက်မှုဇုန်မြေကွက်အလွတ်များကို အစိုးရက မည်သို့စီမံခန့်ခွဲမည်ကို မသိရသေးကြောင်း စက်မှု ဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ တစ်ဦးက ပြောကြားထားသည်။
Source : 7Daydaily
#realestate #property #lease #buy #sell #apartment #condo #flat#house
#villa #residence #office #commercial #residential #realtor #agency#agent
#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews