(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ရန်ကုန်မြစ်ကိုအလယ်မှာထားပြီး နှစ်ဖက်ဖွံ့ဖြိုးရန်အတွက်စီမံကိန်းများကို စတင်ဆောင်ရွက်နေပြီလို့ ဝန်ကြီးချုပ်ဆို

ရန်ကုန်တိုင်းမှာ နေ့စဉ် ကြုံတွေ့နေရတဲ့ ယာဉ်ကြောကြပ်တည်းမှုတွေကို ဖြေရှင်းရန်နဲ့ စီးပွားရေး ဖွံ့ဖြိုးရန် အတွက် ရန်ကုန်မြစ်ကိုအလယ်တွင် ထားပြီးနှစ်ဖက်ဖွံ့ဖြိုးရန်အတွက် စီမံကိန်းများကို စတင်ဆောင်ရွက်နေ တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။


“ရန်ကုန်မြို့ဟာအလယ်ခေါင်မှာတအားစုပြီးရန်ကုန်မြို့လယ်ခေါင်မှာပဲလူဦးရေ သိပ်သည်းမှုနှုန်းဟာ တိုးမြင့်လာ တဲ့အတွက် ကားတွေရဲ့သွားနိုင်တဲ့အခြေအနေတွေလူ တွေရဲ့နေထိုင်နိုင်တဲ့ အခြေအနေတွေဟာ ရန်ကုန်မြို့ ဟောင်းဧရိယာမှာပဲမွန်းကြပ်နေတဲ့အခြေအနေမျိုး မှာကြုံနေရပါတယ်။”ဟုဝန်ကြီးချူပ်ကပြောသည်။


ရန်ကုန်မြို့လယ်ခေါင်မှာ ယာဉ်ကြပ်တည်းမှုဖြစ်နေစေတဲ့ ကုန်သေတ္တာကားတွေ ကိုရပ်တန့်ပြီး ရန်ကုန်မြို့၏အပြင်ပတ်လမ်းကနေ သေတ္တာတွေကို ဝင် ထွက် သွားလာနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာ ရှိတဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အဦတွေ နဲ့ မြို့ပြ အမွေအနှစ် အဆောက်အဦးတွေ ကို အီတလီနိုင်ငံရဲ့ အကူအညီနဲ့ ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


အဆိုပါ ကိစ္စနဲ့ ပတ်သတ်ပြီး သည်ကနေ့ နံနက်၉နာရီခွဲမှာ ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊ECO GREEN CITY Project ပန္နက် တင် မင်္ဂလာ နဲ့ စီမံကိန်းဆိုင်ရာရှင်းလင်းတင်ပြခြင်းအခမ်းအနားမှာ ၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။


“ ရှေးဟောင်းအဆောက်အဦတွေကလည်း အထပ်မြင့်အဆောက်အဦတွေတည်ဆောက်ဖို့အတွက် ဖြိုဖျက်ခံနေရတဲ့အခြေအနေမျိုးမှာ ကျွန်တော်တို့အစိုးရသစ်စတင်ပြီးတော့တာဝန်ယူလာတဲ့အခြေအနေမှာ အီိတလီရဲ့အကူအညီနဲ့ရန်ကုန်မြို့မှာရှိတဲ့ရှေးဟောင်းအမွေအနှစ်အဆောက်အဦတွေ မြို့ပြအမွေ အနှစ်အဆောက်အဦတွေကိုထိန်းသိမ်းဖို့ကြိုးပမ်း ဆောက်ရွက်နေ ပါတယ်။”ဟုဝန်ကြီးချုပ်ကပြောသည်။


ရန်ကုန်မြို့ကို ရှေးဟောင်းယဉ်ကျေးမှုတွေနဲ့ စိမ်းလန်းပြီး နေချင်စဖွယ်မြို့ဖြစ်စေ ရန် အနာ ဂတ်အလားအလာတွေ ကိုပြင်ဆင် ဆောင်ရွက်ပြီးပြီလို့ ပြောပါတယ်။အစိုးရအဖွဲ့တာဝန်ယူခဲ့သည့်ကာလအတွင်း ရန်ကုန်မြို့၏မာစတာပလန်တစ်ခုလုံးကိုပြန်လည်ဆန်းစစ်ခဲ့ပါတယ်။ရန်ကုန်မြို့ဟောင်းဧရိယာကို ရှေးဟောင်းအမွေအနှစ်တွေနဲ့ တင်ကျန်ရစ် နေနိုင်ဖို့အတွက်လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။


Source : The kumudra

#realestate #property #lease #buy #sell #apartment #condo #flat#house


#villa #residence #office #commercial #residential #realtor #agency#agent


#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments