(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

မန ္တလေးပုသိမ်ကြီးမြို့နယ်က ကျပ်သိန်း ၁ဝဝ အောက် မြေကွက်တချို့ အဝယ်လိုက်နေ

ဈေးလျှော့ရောင်းလာ တဲ့ မန္တလေးပုသိမ်ကြီးမြို့နယ်ထဲရှိ ကျပ် သိန်း ၁ဝဝ အောက် တန်မြေကွက်အချို့ ယခုရက်ပိုင်း အဝယ်ပြန်လိုက်စပြုနေ တယ်လို့ 

နယ်ခံအကျိုးဆောင်အချို့က ဆို ပါတယ်။


အထူးသဖြင့် ပုသိမ်ကြီးမြို့နယ်ထဲရှိ ကျေးရွာတွေနဲ့ နီးစပ်တဲ့ မျက်နှာစာတစ် ပေကို ကျပ် ၁၈၀,ဝဝဝ ဝန်းကျင်တန် မြေကွက်အချို့အဝယ်သွက်နေတယ်။ ပေ ၄၀ x ပေ ၆၀ တစ်ကွက်ကို ကျပ်သိန်း ၇၀ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်တယ်။


အရောင်းအဝယ်ဖြစ်


လွန်ခဲ့တဲ့ တစ်နှစ်လောက်ကဆိုရင် သည်နေရာက တစ်ကွက်ကို သိန်း ၁ဝဝ ဝန်းကျင်လောက်ရှိတယ်။ ခုကျတော့ ရောင်းချင်တဲ့သူက ဈေးတန်းအရှုံးခံရောင်းတဲ့အတွက် ကျပ်သိန်း ၅၀ မှ ၇၀ ကြား တန်ဖိုးရှိ တစ်ပိုင်တစ်နိုင် အကွက်လေးတွေ သည်ရက်ပိုင်းတော့ အရောင်းအဝယ်ဖြစ် ကြပါတယ်လို့ နယ်ခံအကျိုးဆောင်က ဆိုပါတယ်။


‘ မြို့နဲ့နီးတယ်၊ လမ်းလဲ သင့်တယ်၊ လူနေအိမ်ခြေကလဲ ရှိတဲ့နေရာတွေဆိုတာက ကြိုက်တဲ့သူများတယ်၊ အကွက်တွေကတော့ အကွက်ရိုက်တွေများပါ တယ်

' လို့ ပုသိမ်ကြီးအဆုတ်ဆေးရုံအနီး က နယ်ခံအကျိုးဆောင် ဦးညိုလေးက ပြောပါတယ်။


အခုအချိန်မှာ အကွက်ရိုက်မြေအချို့ မှာ အရောင်းအဝယ် ကောင်းမွန်နေခြင်း ဟာ ဝင်ရောက်ဈေးကစားနေခြင်းကြောင့် ဖြစ်နိုင်သလို အမှန်တကယ်နေထိုင်အသုံး ချမယ့်သူတွေက ဈေးတန်လို့ ဝယ်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အကွက် ရိုက်မြေ ဒါမှမဟုတ် ကျေးရွာမြေဝယ်ယူမယ်ဆိုရင် သေချာစီစဉ်ပြီးမှ ဝယ်ယူသင့် တယ်လို့ မန္တလေးမြို့ခံ ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တွေက ပြောပါ တယ်။


“ဝယ်ရောင်းကစားသွားတာမျိုးလဲပဲ ဖြစ်နိုင်တယ်၊နောက်တစ်ခုက တချို့က မြေပိုက်ဘောမိနေတာရှိတယ်၊ ဒါကို ဈေး လျှော့ရောင်းလာလို့ အဝယ်လာတာလဲ ဖြစ်နိုင်တယ်၊ဘာလို့ဒီလိုပြောရလဲဆိုရင် အခုအချိန်မှာ မြေတစ်ကွက်သိန်းလေးငါးဆယ်နဲ့ ဝယ်လို့ရတဲ့နေရာက မန္တလေးပတ်ဝန်းကျင်မှာ သိပ်များများစားစားမရှိ တော့ဘူး၊ဈေးတန်တယ်ဆို ဝယ်ကြတာရှိ တယ်၊ တစ်ခုတော့ရှိတယ်၊ လယ်မြေအ ကွက်ရိုက်ထားတဲ့ဟာတွေဆိုရင်တော့ သေသေချာချာလေး လေ့လာပြီးတော့မှ ဝယ်ဖို့တိုက်တွန်းချင်တယ်”လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်သက် နှစ် ၃၀ ရှိသူတစ်ဦးက ပြောပါတယ်။


Source : The Kumudra

#realestate #property #lease #buy #sell #apartment #condo #flat#house


#villa #residence #office #commercial #residential #realtor #agency#agent


#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments