ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရဲ့ အိမ်ခြံမြေဈေးနှုန်းတွေ အလွန်မြင့်တက်နေပြီး တစ်နှစ်ကို ပျမ်းမျှအားဖြင့် ကျပ် သိန်း ၅၀ နဲ့ ၁၀၀ ကြား မြင့်တက်နေကြောင့် သိရပါတယ်။
တောင်ကုတ်မြို့ရဲ့ နေရာတိုင်း မှာလိုလို အိမ်ခြံမြေဈေးတွေက မြင့်မားနေပြီး မြို့သစ်တွေ တိုးချဲ့ထားတဲ့ မြေကွက်သစ်တွေမှာဆို ရင်လည်း ဈေးမြင့်တက်နေတဲ့ အပြင် အိမ်ငှါးဈေးကွက်မှာလည်း အငှါးဈေးမြင့်တက်နေပါတယ်။
တောင်ကုတ်ဒီဂရီကောလိပ်ဖွင့်လှစ်ပြီးနောက်ပိုင်း တောင်ကုတ်မြို့ဟာ ပိုစည်ကားလာတယ်လို့ သိရပါတယ်။
မြို့ထဲနယ်မြေတွေမှာ ဈေးနှုန်းအများဆုံးဖြစ်ပြီး တက္ကသိုလ်အနီး ပတ်ဝန်းကျင်မှာ အလွန်စည်ကားလာတယ်လို့ သိရပါတယ်။ နေထိုင်မယ့်သူတွေဝယ်ယူတာ အများဆုံးတွေ့နေရတယ်လို့ သိရပါတယ်။ မြို့ထဲမှာဆိုရင် လုံးချင်းအိမ် တစ်လုံးကို ကျပ်သိန်း ၃၀၀၀ လောက်အထိ ဈေးခေါ်တာတွေ့ရပြီး လမ်းမတန်းအချက်အချာကျတဲ့ နေရာတွေမှာတော့ ဈေးခေါ်မှုတွေ အများဆုံးရှိနေပါတယ်။
တောက်ကုတ်မြို့နယ်ရဲ့ မြို့ခံနယ်သူတစ်ဦးက ‘ အိမ်ခြံမြေဈေးတွေက နှစ်တိုင်းလိိုုလို အတက်ကိန်းရှိနေတယ် ၊ တစ်နှစ်ကိုတစ်ခါဆိုသလိုပဲ ဈေးနှုန်းပိုမြင့်လာတယ်၊ မြို့ထဲ အချက်အချာဆို သိန်းဆယ်ဂဏန်၊ ရာဂဏန်းနီးပါးမြင့်လာတယ် ၊ မြို့သစ်နယ်မြေတွေတိုးချဲ့တယ် ၊ တက္ကသိုလ်ရရှိပြီးနောက်ပိုင်း ပိုပြီး ဈေးရလာတာကို တွေ့ရတယ် ‘ လို့ ပြောပါတယ်။
Source: The Modern