ရန်ကုန်မြို့တော်ကြီးသည် ၂ဝ၂ဝပြည့်နှစ်ခန့်တွင် ခေတ်မီ အဆောက်အဦများဖြင့် ပြောင်းလဲတိုးတက်လာနိုင်ခြေ ရှိသည်။
ကမ္ဘာ့အနှံအပြားတွင် ဖွင့်လှစ်ထားသော Kempinski ဟိုတယ်,Hilton ဟိုတယ်နှင့် Pullman ဟိုတယ်များ ရန်ကုန်မြို့တွင် တည်ဆောက်လျက်ရှိသည်။
၎င်းဟိုတယ်အများစုကို ၂ဝ၁၈တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည် ။
ထို့ပြင် Peninsula Hotel နှင့် တခြား ဟိုတယ်များကိုလည်း တည်ဆောက်လျက်ရှိသည်။ယခုနှစ် ဖွင့်လှစ်ရန် ရည်ရွယ်ထားသော အဆောက်အဦများအား မိတ်ဆက်ပေးချင်သည်။
The Heritage Hotel Kempinski Yangon
Kempinski သည်နိုင်ငံပေါင်း၃ဝကျော်တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုများအား ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ကမ်းနားလမ်းရှိ ယခင်စုပေါင်းရုံးအဆောက်အအုံအား The Heritage Hotel Kempinski Yangon အဖြစ်၂ဝ၁၈ခုနှစ်အတွင်း ဖွင့်လှစ်ရန်စီစဉ်ထားကြောင်းသိရသည်။
68 Residence
Ascott Limited မှ တည်ဆောက်နေသော Residence တစ်ခုဖြစ်သည်။ ဆရာစံလမ်းပေါ်တွင် တည်ရှိသည်။
Pullman Hotels and Resorts
Pullman သည် ပြင်သစ်အခြေစိုက် Accor Hotelsလုပ်ငန်းစု မှ တည်ဆောက်လျက်ရှိသည်။ Novotelကိုလည်း ယင်းကုမ္ပဏီမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ယခုချိန်တွင် တည်ဆောက်လျက်ရှိပြီး မကြာခင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။
Kan Tharyar Consortium Tower
ကန်သာယာစင်တာကို ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်၊ ယခင်သိမ်ဖြူယာဉ်မောင်းကွင်းဟောင်း နေရာတွင်တည်ဆောက်လျက် ရှိပါသည်။
ယင်းပရောဂျက်ကို ၂၀၁၈ခုနှစ်တွင် အပြီးသတ်နိုင်မည်ဟု ခန့်မှန်းရပါသည်။
အဆောက်အဦး(၄)ခုပါဝင်မည်ဖြစ်ပြီး ၄င်းတို့မှာ Hotel, Office Tower, Residence နှင့် Service Apartment တို့ဖြစ်သည်။
The Central
The Central သည်ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်တွင် ဆောက်လုပ်လျက် ရှိသည်။
ယင်းကွန်ဒိုကို Wong Tung & Partners (International) နှင့် Amenity Design (Myanmar) မှ ဒီဇိုင်းရေးဆွဲပေးပြီး Marga Landmark Development မှ ဆောက်လုပ်နေသည်။၈.၇ ဧက ကျယ်ဝန်းသော မြေ ပေါ် တွင်4 Resdience Towers နှင့် 1 office Tower စုစုပေါင်း တာဝါ(၅) လုံး ကို ဆောက်လုပ်မည် ဖြစ်သည်။
Hilton Hotels
ယင်း Hotel သည် Junction Square အနီးတွင် တည်ဆောက်လျက်ရှိသည်။
၂ဝ၁၈ ခုနှစ်နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်မည်ဟု စီစဉ်ထားသည်။
Hematite Condominium
Hematite Condoသည် Shwe Taung Group မှ တည်ဆောက်နေခြင်းဖြစ်သည်။ ပါရမီလမ်းတွင် တည်ရှိသည်။Tokyu Construction နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
Source : Myanmar Buildersguide
#realestate #property #lease #buy #sell #apartment #condo #flat#house
#villa #residence #office #commercial #residential #realtor#agency #agent
#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews