မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် သုံးလအတွင်း နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၂၄၄ ဒသမ ၈၁၉ သန်းအပါအဝင် ကျပ် ၄၁၆၂ ဘီလီယံကျော် အထိရှိနေပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဝင်ရောက်မြှုပ်နှံထားသည့် ကဏ္ဍဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှသိရသည်။
၂ဝ၁၈ ခုနှစ် ဧပြီ၊မေ နှင့် ဇွန်သုံးလအတွင်းနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံထားမှုအခြေအနေ ကိုလေ့လာကြည့်ပါက ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ဒေါ်လာ ၂၆၁၂ ဒသမ ၆၂၈ သန်းအပါအဝင် ကျပ် ၃ဝ၁၆ ဘီလျံကျော်အထိ မြှုပ်နှံကာ စုစုပေါင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၁၇ ရာခိုင်နှုန်းကျော်အထိရှိကာ ဒုတိယ အများဆုံးမြှုပ်နှံထားသည့် ကဏ္ဍဖြစ်သည်။သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်မူ ဒေါ်လာ ၂၂၅၄ ဒသမ ဝ၂၃ သန်းအပါအဝင် ကျပ် ၂၈၄၆ ဘီလျံကျော်အထိ မြှုပ်နှံထားကာ စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၁၆ ဒသမ ၂၅ရာခိုင်နှုန်း အထိရှိကာ တတိယအများဆုံးမြှုပ်နှံထားသည့်ကဏ္ဍဖြစ်သည်။ဘဏ္ဍာနှစ် ကြားကာလ လေးလအတွင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)အနေဖြင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၆၅ ခုအထိခွင့်ပြု/အတည်ပြုပေးထားမှုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၁၃ ဘီလျံကျော်အထိရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
"၂ဝ၁၈ ခုနှစ်ဧပြီလမှ ဇူလိုင်လအထိ ခွင့်ပြု/အတည်ပြုပေးခဲ့သည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၅၊ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၆၇ ဒသမ ၃ဝဝ သန်းအပါအဝင် ကျပ် ၇၈၃ ဒသမ ၁၄၂ ဘီလျံကျော်ဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၁၆၈ဒသမ ၄၄၈ သန်း အပါအဝင် ကျပ် ၈၁၃ ဒသမ ၁၈၃ ဘီလျံအထိ ခွင့်ပြုထားပြီးဖြစ်ပါတယ်"ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ်မှ ပြောကြားသည်။
အဆိုပါခွင့်ပြု/အတည်ပြုလုပ်ငန်း ၁၅ ခုမှာ စက်မှုကဏ္ဍ ၃ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ၃ခု၊ဟိုတယ်ကဏ္ဍတွင် ၄ခု၊လယ်ယာကဏ္ဍတွင် တစ်ခုနှင့် အခြားကဏ္ဍ ၄ခု စသည်ဖြင့် အသီးသီး ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ယင်းကဲ့သို့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၅ခုကို ခွင့်ပြု/အတည်ပြုပေးခဲ့ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်း ပေါင်း ၁၃ဝဝကျော် အထိ ဖန်တီးပေးနိုင်ခဲ့ကြောင်းသိရသည်။ဘဏ္ဍာနှစ်ကြားကာလ ခြောက်လအဖြစ် ဧပြီ ၁ရက်မှ စက်တင်ဘာ ၃ဝရက်အထိ သတ်မှတ်ထားသည်။ယခုခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုသည် ဘဏ္ဍာနှစ်ကြားကာလ ခြောက်လ၏လေးလအတွင်း ခွင့်ပြုပေးထားသည့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏဖြစ်ကြောင်းသိရသည်။
Source :Daily Eleven
#estatemyanmar #realestate #property #lease #buy #sell #apartment#condo #flat #house #villa
#residence #office #commercial #residential#realtor #agency #agent #tenant #buyer #investor
#leasing #yangon#myanmar #estate #HMMLJune2018 #Special