(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

စက်မှုမြေကွက်တွေ နှစ်ရှည်ငှားရမ်းမည်

စက်မှုမြေကွက်တွေ နှစ်ရှည်ငှားရမ်းမှာဖြစ်ကြောင်း ကုမ္ပဏီတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်)က အသိပေးကြေညာ ထားပါတယ်။


၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ရန်ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်တွေကို စက်မှုမြေကွက်တွေကို နှစ်ရှည်ငှားရမ်းမှာဖြစ်ကြောင်း ကြော်ငြာထည့်ခဲ့ပြီး တင်ဒါကော်မတီရဲ့ ၂၀၁၈ ခုနှစ် ဧပြီလ (၄)ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးက အလုပ်အကိုင် အခွင့်အလမ်း ပိုဖန်တီးနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုပမာဏများသော လုပ်ငန်းတွေ ဦးစားပေး ငှားရမ်းနိုင်ရေး၊ အလုပ်သမားတွေအတွက် အလုပ်အကိုင် တည်ငြိမ်မှုရရှိစေရေးနဲ့ မြေငှားရမ်းခ ပိုရရှိစေရေးမှုတွေအရ လုပ်ငန်းရှင်တွေ ငှားရမ်းဖို့ ဆုံးဖြတ်ထားကြောင်း ကြေညာထားပါတယ်။


(က) လှိုင်သာယာစက်မှုဇုန်အပိုင်း (၃)၊ ဗန်းမော်အတွင်းဝန်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်၊ မြေကွက်အမှတ်(၅၀-ခ)မြေဧရိယာ တစ်ဧကကို Pioneer Special Poly Bag Industrial Company Limited ကို US$ 6/sqm/yr နှုန်းနဲ့လည်းကောင်း။


(ခ) လှိုင်သာယာစက်မှုဇုန်အတွင်းပိုင်း (၃)၊ ဗန်းမော်အတွင်းဝန်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်၊ မြေကွက်အမှတ် (၅၀-ခ)မြေဧရိယာ ၂.၅ ဧကကို Pioneer Special Poly Bag Industrial Company Limited ကို ကိုးရီးယားအထည်ချုပ်လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် US$ 6.5/sqm/yr နှုန်းနဲ့လည်းကောင်း။


(ဂ) ရွှေပြည်သာစက်မှုဇုန် (၁)၊ စက်မှု (၁)လမ်း၊ မြေကွက်အမှတ်(၃၀၀၊ ၃၁၀)မြေဧရိယာ ၂.၅ ဧကကို Colour Care Business Group Company Limited ကို ရှမ်းတို့ဟူးခြောက်နဲ့ မုန့်မျိုးစုံလုပ်ငန်းဆောင်ရွက်ရန်အတွက် တစ်နှစ်ကို ကျပ် (၈၇၆)သိန်းနဲ့လည်းကောင်း အသီးသီး ငှားရမ်းမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်)က သတင်းထုတ်ပြန်ထားပါတယ်။


Source : The Modern


Facebook comments