လှည်းကူးမြို့နယ်တွင်ဖော်ဆောင်မည့် ECO Green City မြို့ပြဖွံ့ဖြိုး ရေးစီမံကိန်းမှ ယာယီအလုပ်အကိုင်ငါးသောင်းခန့်နှင့် စီမံကိန်းအကောင်အထည်ဖော်ပြီးပါက အမြဲတမ်းအလုပ်အကိုင်တစ်သောင်းခွဲဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
နိုဝင်ဘာ ၁၃ ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပုလဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်စန်းလှိုင်၏ လှည်းကူးမြို့နယ်တွင် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုနှင့် အကျိုးတူပူးပေါင်းအ ကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် ECO Green City စီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံတော်မှရသင့်ရထိုက်သည့် အကျိုးအမြတ်ခွဲဝေမှုရရှိအောင်မည်ကဲ့ သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် အကျိုးရှိသည့် စီမံကိန်းတစ်ရပ်အဖြစ် ပွင့်လင်း မြင်သာစွာ ချပြဆောင်ရွက်သွားရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းချက်အပေါ် ပြန်လည်ဖြေဆိုရာ၌ ၎င်းက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ရန်ကုန်မြို့ရှောင်လမ်းက အဆိုပါ ECO Green City အတွင်းကနေ ဖြတ်သန်းသွားရမယ့် Korea Myanmar Industrial Complex စီမံကိန်းနဲ့ ဆက်စပ်နေတယ်။ ပြီးတော့ လှည်းကူး၊ မှော်ဘီ ဝန်းကျင်ဖွံ့ဖြိုးမှုနဲ့ဆက်စပ်နေတဲ့ အတွက်ကြောင့်မို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာစေဖို့အတွက် အထောက်အပံ့ဖြစ် စေတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်'' ဟု ဒုတိယဝန်ကြီးဦးကျော်လင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအနီးရှိ ECO Green City စီမံကိန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မြေဧရိယာ(၁၄၅၃)ဧကခန့်ရှိ နိုင်ငံတော်ပိုင်မြေတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Alliance Stars Group of Companies တို့မှ အကျိုးတူအ ကောင်အထည်ဖော်မှာဖြစ်ကြောင်း သိရသည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရန် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။ ယင်းစီမံကိန်းတွင် တန်ဖိုးသင့်အိမ်ရာများ၊ တန်ဖိုးနည်းအိမ်ရာများ၊ Media Village အိမ်ရာစီမံကိန်းများ၊ နိုင်ငံတကာအဆင့် Resort များ၊ Recreation Center ၊ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်၊ ကျောင်းများ၊ ဆေးရုံ များ၊ အဆင့်မီဂေါက်ကွင်းများ၊ အားကစားကွင်းများ၊ ပန်းဥယျာဉ် များပါဝင်သည့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဖြစ်သည်။
Source : Yangon Media Group
#condo #flat #house #villa #residence
#office #commercial #residential#realtor #agency #agent #tenant #buyer
#investor #leasing #yangon#myanmar #estate #HMMLJune2018 #Special