(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ရန်ကုန်-ဒလတံတားစီမံကိန်း ချဉ်းကပ်လမ်းဖောက်လုပ်ရန် မလွတ်ကင်းမှုများအား ရွှေ့ပြောင်းနေရဟု ဒုညွှန်ချုပ် ဆို

န်ကုန်-ဒလတံတားစီမံကိန်း၏ ချဉ်းကပ်တံတား အဝင်အထွက်လမ်းများ ဖောက်လုပ်ရန် မလွတ်ကင်းသည်များ ကို ရွှေ့ပြောင်းနေရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက မတ် ၁၀ ရက်၌ မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုခဲ့သည်။


"လက်ရှိ ချဉ်းကပ်တံတားအတွက် အဝင်အထွက်လမ်းတွေ၊ ရေမြောင်းတွေ လုပ်နေပါတယ်။ ရန်ကုန်ဘက်ခြမ်း မှာတော့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နဲ့ ညှိနှိုင်းခွင့်ပြုထားပြီးတဲ့ ကမ်းနားမှာရှိတဲ့အများသုံးသန့်စင်ခန်းတွေ၊ တယ်လီနောတာဝါတိုင်တွေ၊ ဘုန်းကြီးလမ်းဆိပ်ကမ်း ဗောတံတားတွေ ရွှေ့ပြောင်းဖို့ ဆောင်ရွက် နေပါတယ်"ဟု ၎င်းကပြောဆိုသည်။


လက်မှတ်ရေးထိုးမည်


ရန်ကုန်-ဒလတံတားစီမံကိန်း ပင်မတံတား တည်ဆောက်ရေးကိစ္စနှင့်ပတ်သက်၍ မတ် ၁၂ ရက်တွင် နေပြည်တော်၌ သဘောတူစာချုပ် လက်မှတ်ရေးထိုးကာ ဆက်လက်ဆောင်ရွက် မည်ဟု သိရသည်။


"ပင်မတံတားအတွက် မတ် ၁၂ ရက်မှာ ဆောက်လုပ်ရေးကန်ထရိုက်နဲ့ သဘောတူ စာချုပ် နေပြည်တော်မှာ လက်မှတ်ရေးထိုးပါ မယ်။ အဲဒါပြီးရင်ကျန်တဲ့ဟာတွေ ဆက်လုပ်သွား မှာပါ။ ပင်မတံတားက ချက်ချင်းစလို့မရဘူး။ အရင်ဆုံးချဉ်းကပ်တံတားတွေကို ဆောက်ပြီး မှ ပင်မတံတားကို သွားနိုင်မှာပါ"ဟု ၎င်းက ပြောဆိုသည်။

ရေပိုက်လိုင်းစတင်


"ဒလဘက်မှာတော့ မြေရှင်းတာတွေ လမ်းရှင်းတာတွေလုပ်နေပါတယ်။ ချဉ်းကပ် တံတားက အရင်ဆောက်ရတော့ အဲဒီအတွက် လမ်းတွေ ရေပိုက်လိုင်းတွေ သွယ်ဖို့အတွက် စတင်ဆောင်ရွက်နေပါပြီ"ဟု ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်က ပြောဆိုသည်။


ပန္နက်တင်


ကိုရီးယား - မြန်မာချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ကိုရီးယားနိုင်ငံမှချေးငွေဖြင့် တည်ဆောက်မည့် ဒလတံတားစီမံကိန်း ပန္နက်တင်အခမ်းအနားကို လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်ကပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် တာဝန်ရှိသူများတက်ရောက် ပန္နက်တင်ပေးခဲ့ကြသည်။



Source: The Myanmar Times

Facebook comments