လုပ်ငန်းဆောင်ရွက်နေသည်၊ ပြီးစီးပြီ စသဖြင့် စာရင်းတင်ထားသော်လည်း အမှန်တကယ် လုပ်ကိုင်ခြင်းမရှိ သည့် မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းစိစစ်မှုကို အုပ်ချုပ်ရေး မြို့ တော် နေပြည်တော်တွင် စတင် မည်ဟု မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်(၉) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောသည်။
‘‘ဌာနဆိုင်ရာက လိမ်ထားတာတွေ။ သူတို့က စီမံကိန်းအကောင်အထည်ဖော်ပြီးသားပါလို့ လိမ်ပြီးတော့တင်ထားတယ်။ ဘာလို့ လိမ်တင်ထားလဲဆိုတာက တော့ အဲဒီလုပ်ကွက်တွေ ယူထားတဲ့ သူတွေက အရင်တာဝန်ကြီး ကြီးယူခဲ့တဲ့ သူတွေဖြစ်တဲ့အခါကျ တော့ လိမ်တင်ထားတယ်’’ဟု ၎င်းက ပြောသည်။
စစ်ဆေးမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖွဲ့စည်းထားသည့် မြေလွတ်၊ မြေလပ်၊ မြေ ရိုင်းများ ကွင်းဆင်းစစ်ဆေးရေး အထူးအဖွဲ့က ဆောင်ရွက်မည် ဖြစ်သည်။
ထိုသို့ စီမံကိန်းအကောင်အ ထည်ဖော်ခြင်းမရှိသေးသည့် နေ ပြည်တော်ရှစ်မြို့နယ်ရှိ နေရာများ ကို စစ်ဆေးရန် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို အဖွဲ့သို့ တင်ပြရာ ခွင့်ပြု၍ လာမည့် တစ်ပတ်အတွင်း (ဧပြီ ၂၄ ရက်) စတင်စစ်ဆေးနိုင်ဖွယ် ရှိကြောင်း စစ်ဆေးရေးအထူးအဖွဲ့တွင် ပါဝင်သူ ဦးမောင်မောင်ဆွေက ရှင်းပြသည်။
‘‘လုပ်ငန်းစဉ်ပါတဲ့အတိုင်း မဆောင်ရွက်တဲ့ လုပ်ငန်းရှင်တွေ ကို ဥပဒေအတိုင်း အရေးယူပြီးတော့ အဲဒါကို အစိုးရမြေအဖြစ် သတ်မှတ်ပြီးတဲ့အခါမှ ဒေသခံ တောင်သူတွေကို သေချာစိစစ်ပြီး တကယ်လုပ်ဆောင်မယ့် တောင်သူတွေလက်ထဲ ပြန်ထည့်မှာဆို တော့ မြေမရှိတဲ့ တောင်သူတွေ မြေရသွားမှာပေါ့’’ဟု တောင်သူ လယ်သမားအရေး ဆောင်ရွက်နေသူ ကိုထွန်းဝင်းက ပြောသည်။
တစ်နိုင်ငံလုံးတွင်ခွင့်ပြုထား သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက နှစ်သန်းသုံးသိန်းရှိပြီး အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှု မရှိသော ဧက ၁ ဒသမ ၃၇ သန်းကို ပြန်လည်သိမ်းယူထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဒီဇင်ဘာတွင် လွှတ်တော်၌ ဖြေကြားထားဖူးသည်။
Source : 7Daydaily
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။