စင်ကာပူနိုင်ငံအခြေစိုက် Toener International ကုမ္ပဏီနှင့် ပြည်တွင်းမှ ရွှေသစ္စာကုမ္ပဏီတို့
ပူးပေါင်းတည်ဆောက်သော လူနေအိမ်ခန်းသီးသန့် အထပ်မြင့်အဆောက်အအုံငါးခုပါဝင်သော
ကန်ဘဲ့တာဝါမှ အခန်းများကို မတ်လကုန်တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ကန်ဘဲ့တာဝါအရောင်းမန်နေဂျာ ဒေါ်ဝင်းဝင်းဖြူက ပြောသည်။
ရန်ကင်းမြို့နယ်၊ ကန်ဘဲ့လမ်းပေါ်ရှိ ကုမ္ပဏီ ပိုင်မြေ ၂ ဒဿမ၂ ဧကပေါ်တွင် တည်ဆောက်
နေသော ကန်ဘဲ့တာဝါတွင် ၂၅ ထပ်မြင့် အဆောက်အအုံသုံးလုံး၊ ၂၁ ထပ်မြင့် အဆောက်
အအုံတစ်လုံးနှင့် ၁၂ ထပ်အမြင့်ရှိ အဆောက်အအုံတစ်လုံးပါဝင်မည်ဖြစ်ပြီး လူနေအိမ်ခန်းသီးသန့်
အဆောက်အအုံဖြစ်သော်လည်း ပထမထပ်နှင့် ဒုတိယထပ်များတွင် ဈေး ဝယ်စင်တာများနှင့်
တတိယထပ်တွင် ရေကူး ကန်၊ အားကစားခန်းမနှင့် နားနေခန်းများ ပါဝင်မည်ဖြစ်သည်။
ကန်ဘဲ့တာဝါတွင် စတုရန်းပေ ၄၀၀ ကျော် မှ ၁,၀၀၀ ကျော်အထိ အခန်းပေါင်း ငါးရာကျော်
ပါဝင်မည်ဖြစ်ပြီး ကားအစီးရေ ၆၀၀ ကျော်ရပ်နားနိုင်မည့် ကားပါကင်လည်း ပါဝင် မည်ဖြစ်သည်။
အခန်းများအတွက် တစ်စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၁၇၀ မှ ၂၅၀ အထိ ဈေးရှိပြီး အခန်းများကို
အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း ဒေါ်ဝင်းဝင်းဖြူက ပြောသည်။
"အခုပထမဆုံးအကြိမ်အရောင်းစဖွင့်ချိန် မှာတော့ စတုရန်းပေ ၈၀၀ ကျော်နဲ့ ၉၀၀ ကျော်
အကျယ်ရှိတဲ့အခန်းတွေ ပါဝင်မှာဖြစ် ပြီး နောက်တစ်ကြိမ်အခန်းသစ်တွေ မိတ်ဆက် ရောင်းချချိန်မှ
စတုရန်းပေ ၁,၀၀၀ ကျော် အကျယ်ရှိ အခန်းတွေပါဝင်မှာ ဖြစ်ပါတယ်။ အခန်းအကျယ် ဘယ်လောက်ထိ
ပါဝင်မည်ဆို တာ အခုအချိန်ထိ အတိအကျမသိနိုင်သေးပေ မယ့် အခန်းတစ်ခန်းကိုစတုရန်းပေ
၄၀၀ ကျော်ကနေ စတုရန်းပေ ၁,၂၀၀ ကျော်အကျယ် အဝန်းလောက်ထိတော့ ပါဝင်မှာဖြစ်ပါ တယ်"ဟု
ကန်ဘဲ့တာဝါအရောင်းပြခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကန်ဘဲ့တာဝါဝင်းအတွင်းတွင်
အစိမ်းရောင်ဧရိယာ ၄၀ ရာခိုင်နှုန်း ပါဝင်မည်ဖြစ်ပြီး ရေသန့်စင်ရေး၊ မီးငြိမ်းသတ်စနစ်နှင့် သန့်ရှင်း
ရေးများအတွက်လည်း အမြဲတမ်းဝန်ဆောင် မှုပေးသွားမည်ဖြစ်ကြောင်း ဒေါ်ဝင်းဝင်းဖြူ က ပြောသည်။
"ကန်ဘဲ့တာဝါအိမ်ခန်းတွေ ရဲ့ ထူးခြားချက်က ဖုန်းထဲကို စမတ်အက်ပလီ ကေးရှင်းတစ်ခုထည့်ထားပြီး
အဲဒီအက်ပလီ ကေးရှင်းနဲ့ အိမ်ခန်းတစ်ခုလုံးကို ထိန်းချုပ် လို့ရတယ်။ ဥပမာ-လေအေးပေးစက်ကို
အအေးပိုချင်ရင်တောင် ဖုန်းထဲက အက်ပလီ ကေးရှင်းက လုပ်လို့ရတယ်။ အခန်းအားလုံး မှာ E card ပါမှ
ဝင်လို့ရမယ်။ သီးသန့်ဖြစ်စေဖို့ E card နဲ့ ကိုယ့်အထပ်ကိုပဲ သွားလို့ရမယ်"ဟု ၎င်းက ပြောသည်။
ကန်ဘဲ့တာဝါအဆောက်အအုံကို ဆောက် လုပ်ရန် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုကော်
မရှင်၏ ခွင့်ပြုချက်ရရှိ ခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ဆောက် လုပ်ရေးလုပ်ငန်းများ စတင်ခဲ့ကာ
၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီး မည်ဖြစ် သည်။ ကန်ဘဲ့တာဝါသည် အင်းလျားကန်နှင့် တစ်ကီလိုမီတာ၊ ရွှေတိဂုံဘုရားနှင့် ငါးကီလိုမီတာအဝေးတွင်ရှိပြီး ပါရမီလမ်းဆုံနှင့် နှစ်ကီလိုမီတာ
အကွာတွင် တည်ရှိသည်။
Source : http://myanmar.mmtimes.com/