ခုလက်ရှိအိမ်ခြံမြေဈေးကွက်တွေ ကျဆင်းနေပေမဲ့ တကယ်လိုအပ်နေတဲ့ လူ တန်းစားတွေ ၊ ဝန်ထမ်းတွေ ဝယ်ယူနိုင်အောင် ရည်ရွယ်တဲ့ အရစ်ကျ စ နစ် ရေပန်းစားလာပြီး ပိုမိုကျင့်သုံးလာတာကို တွေ့ရပါတယ်။
‘အိမ်ခြံမြေဈေးကွက်တွေက ဆက်လက်ကျဆင်းနေပြီး ရင်းနှီးမြှုပ်နှံသူတွေက မဝယ်ကြတဲ့အတွက် တကယ်လိုအပ်တဲ့သူတွေကို ပစ်မှတ်ထားပြီး ရောင်း ချပေးနေကြတာ ဖြစ်တယ် ၊ လူတန်းစားအများစုက ငွေတစ်လုံးတစ်ခဲတည်း မပေးနိုင်ကြဘူးလေ ၊ သူတို့ရဲ့ ဝင်ငွေနဲ့ယှဉ်ဆပြီး ဝယ်ယူကြတယ် ။
‘ဥပမာ - ဝန်ထမ်းတစ်ယောက်အနေနဲ့ တစ်လဝင်ငွေခုနစ်သိန်းလောက်ရရင် ဝင်ငွေအကုန်လုံးကို မပေးနိုင်ဘူးလေ ၊ သူတို့ရဲ့စားသောက်စရိတ်တွေ ရှိေ သးတယ်လေ ၊ အရစ်ကျနဲ့ တစ်လကို နည်းနည်းစီ ပေးသွင်းရတော့ သူတို့ အတွက်လဲ အဆင်ပြေတယ်လေ ၊ အဲဒါကြောင့် ဝယ်သူနဲ့ ရောင်းသူကြား အရစ်ကျစနစ်ကို ပိုပြီးကျင့်သုံးလာကြတယ်’ လို့ ဇလပ်ပွင့်အိမ်ခြံမြေ ဝန်ေ ဆာင်မှုကုမ္ပဏီ CEO & Eounder ဦးမျိုးမြင့်အောင်က ပြောပါတယ် ။
အရစ်ကျစနစ်ဆိုတာ
အရစ်ကျစနစ်ရောင်းချတာက ငွေတစ်လုံး တစ်ခဲ တည်းပေးစရာမလိုဘဲ တစ်လချင်း နည်းနည်းစီ ပေးသွင်းရတာကြောင့် လူ ကြိုက်များပါတယ် ။
‘ခုလက်ရှိမှာ ရိုးရိုးရောင်းချတာတွေ ၊ မစိုးရဘဏ်နဲ့ ပူးပေါင်းပြီး လုပ်လာ တာတွေ့ရပါတယ် ၊ အစိုးရဘဏ်နဲ့ ပူးပေါင်းပြီး အရစ်ကျရောင်းချတာတွေ ဆိုရင် ချေးငွေတွေရတယ် ၊ တချို့ကုမ္ပဏိတွေဆိုရင် စရန်ငွေ ငါးသိန်းစပြီး ယူတယ် ၊ ပြီးမှာ ဘဏ်ချေးငွေနဲ့တစ်လ ၁၃ သိန်း ပေးသွင်းရတာမျိုး လုပ် ကြတာပေါ့ ၊ ဒါပေမဲ့ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတစ်ခုနဲ့ တစ်ခုကတော့ မတူပါဘူး ၊ တချို့ကျတော့ စပြီးဝယ်ယူတာနဲ့ စရန်ငွေ ၅၀ ရာခိုင်နှုန်းပေးပြီး ကျန် ၅၀ ရာခိုင်နှုန်းကို လစဉ်အရစ်ကျနဲ့ ရောင်းချတာမျိုးရှိတယ်’ လို့ အိမ်ခြံေြ မအသင်း ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်အေးက ပြောပါတယ် ။
အရစ်ကျက ပိုအဆင်ပြေ
အိမ်ခြံမြေဈေးကွက် အေးနေချိန်မျာ ငွေကြေး အားနည်းတဲ့ ကန်ထရိုက်အချို့ အရစ်ကျစနစ်ကို ပိုပြီး ကျင့်သုံးလာကြပါတယ် ။ ငွေဝပ်နေတာထပ်စာရင် အရစ်ကျရောင်းတာက ပိုပြီး အဆင်ပြေတာကြောင့်ပါ ။
‘တကယ်တော့ ရောင်းတဲ့သူတွေက အရစ်ကျမဟုတ်ဘဲ လက်ငင်းပဲ ရောင်းချင်ကြတာ ၊ ဒါပေမဲ့ အရောင်းအဝယ်တွေ ပါးပြီးတော့ အစိုးရကလဲ တန်ဖိုးနည်း ၊ တန်ဖိုးမျှတဲ့အိမ်ရာတွေကို ရောင်းချလာကြတဲ့အခါ ကန်ထရိကြ်တွေအနေနဲ့လဲ ရောင်းအားနည်းတဲ့အတွက် ပထမမှာ နည်းနည်းစီပေးပြီး လစဉ်အရစ်ကျ ရောင်းချလာကြတယ်’ လို့ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဦးအောင်ကျော်မိုးက ပြောပါတယ် ။
လိုအပ်သူတွေ အရစ်ကျဝယ်
အိမ်ခြံမြေဈေးကွက် ကျနေချိန်မှာ မရှိမဖြစ် အိမ်လိုအပ်သူတွေ ၊ အိမ်ငှားပြီး နေရသူတွေ ဈေးကျနေချိန်မှာ ပိုပြီး ဝယ်ယူသူတွေတွေ့နေရပါတယ် ။
ဝန်ထမ်းတွေဆိုရင် အရစ်ကျရောင်းတော့ တစ်လချင်းစီ ပေးရတဲ့အတွက် ဝယ်ယူသူများတယ် ။ အခုလက်ရှိမှာတော့ ငွေတတ်နိုင်သူတွေ ၊ ဈေးကစားဖို့ ဝယ်ယူသူတွေမဟုတ်ဘဲ အမှန်တကယ် လိုအပ်တဲ့သူတွေ ဝယ်ယူမှုများတာလို့ သိရပါတယ် ။
လက်ငင်းထက်ဈေးများ
အရစ်ကျရောင်းချတာက လက်ငင်းထက်ပိုပြီး ဈေးများတယ် ။ လုပ်ငန်းရှင်တွေက သူတို့ရဲ့ ကုန်ကျစရိတ် ဘဏ်တိုးတွက်ပြီးတော့မှ အမြတ်ငွေတင်ပြီး ရောင်းချတဲ့ သဘောဖြစ်တယ် ။ ဥပမာ စရိတ်စကအားလုံး သိန်း ၁၀၀ လောက်ကုန်ကျတယ်ဆိုရင် သိန်း ၁၁၀ ၊ ၁၂၀ တင်ပြီး ရောင်းကြတယ် ။
သတိထားသင့်
ကြိုပွိုင့် ဒါမှမဟုတ် အရစ်ကျဝယ်ယူလိုတဲ့ ကာစတန်မာတွေအနေနဲ့ မိမိဝယ် ယူလိုတဲ့ တိုက်ခန်း ဒါမှမဟုတ် ကွန်ဒိုတွေကို ဘယ်လိုပြီးဆုံးအောင် တည်ေ ဆာက်မယ်ဆိုတာကို ကန်ထရိုက် ဒါမှမဟုတ် စည်ပင် ၊ ဒါမှမဟုတ် ဘဏ် တစ်ခုခုရဲ့ အာမခံချက်ရှိမှသာ ဝယ်သင့်တယ် ။
တိကျသေချာတဲ့ အာမခံချက်မရှိဘူးဆိုရင် မဝယ်သင့်ကြောင်း ၊ ရောင်းသူနဲ့ ဝယ်သူကြားမှ ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ ၊ စာချုပ်စာ တန်းတွေရှိမှ အရောင်းအဝယ်လုပ်ဆောင်သင့်ကြောင်း ဇလပ်ပွင့် အိမ်ခြံမြေ အကျိုးဆောင် CEO & Founder ဦးမျိုးမြင့်အောင်က ပြောကြားပါတယ် ။
Source : The Modern