(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

နေပြည်တော် မြေယာ အရှုပ်အရှင်း တရားရုံးမသွားဘဲ ကိုယ့်နည်းကိုယ်ဟန် ဖြေရှင်းနေ

မြေယာအရှုပ်အရှင်း အချို့ကို တရားရေးနည်းလမ်းနဲ့ မသွားတော့ဘဲ ကိုယ်တိုင်ညှိနှိုင်းကြပြီး ဖြေရှင်း လာကြတယ်။

နေပြည်တော် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း အတွင်းရေးမှူး ဦးကျော်စွာမြင့်က “နိုင်ငံပိုင်တဲ့ မြေ ကို ဝေပြီးတော့မှ အကွက်ချပြီးသား ဖြစ်တယ်၊ သူတို့က မနေဘဲ ပြန်ရောင်းတဲ့အခါ ခြံခတ်တဲ့အခါကျ တော့ အဲ့ဒီကျေးရွာက မူလပိုင်ရှင်တွေက လာကန့်ကွက်ကြတယ်။ အဲ့ဒီလို ပြဿနာတွေကို တရားရုံး က ဖြေရှင်းရမှာပေါ့။ ဒါပေမဲ့ အချိန်တွေ အရမ်းကြာလို့ အချင်းချင်းပဲ ညှိပြီး လျော်ကြေးပေးပြီး ရှင်း လိုက်တာ များပါတယ် ” လို့ ပြောပါတယ်။

အဲ့သည်လို ညှိနှိုင်းတဲ့အခါ သိန်း ၃၀ အထိ လျော်ကြေးပေးပြီး ဖြေရှင်းရတာတွေလည်း ရှိတယ်။ အဲ့ သည်လို ပြဿနာမျိုးကို နေပြည်တော် စည်ပင်ကို တင်ပြတဲ့အခါမှာ တရားစွဲဆိုနည်းလမ်းနဲ့ပဲ ဖြေရှင်း ဖို့ ပြန်လည် ပြောဆိုတယ်လို့ သိရပါတယ်။

“သူတို့နဲ့ ညှိနှိုင်းရတယ်၊ နောက်ဆုံး ဘယ်လိုလုပ်ရလဲဆိုတော့ ဈေးညှိပြီး လျှော်ကြေး ပေးရတာပေါ့ နော်၊ မဟုတ်ရင်လဲ ခြံခတ်ခွင့်က မရတာကြောင့် စည်ပင်ကို တက်ပြီးတော့ ဒီအကွက်တွေဟာ အမည် ပေါက်နေပြီ၊ ဒီအကွက်ကို ခြံခတ်တော့ ဒီလိုတားခံရတယ်လို့ ပြောပြတော့ တာဝန်ရှိတဲ့သူတွေဘက်က လဲ တရားစွဲဖို့ပဲ ပြောပါတယ်” လို့ ဦးကျော်စွာမြင့်က ပြောပါတယ်။အဲ့သည်လို ဖြစ်ရပ်တွေက ဒက္ခိဏသီရိမြို့နယ်နဲ့ ပုဗ္ဗသီရိမြို့နယ်မှာ အများဆုံး ဖြစ်တယ်လို့ သိရပါ တယ်။

မြေကွက် ဝယ်သူက ငွေချေပြီး ခြံစည်းရိုးခတ်စဉ်မှာ တုတ်၊ ဓားတွေဆွဲပြီး လာရောက် တားမြစ်တယ် လို့ သိရပါတယ်။

“ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ဥက္ကဋ္ဌတွေပါ စုခေါ်ပြီးမှ ဒီမြေပိုင်ဆိုင်မှုမှာ နဂိုစာရွက်စာတမ်းတွေကို ပြရ တယ်၊ နောက်နောင် မနှောက်ယှက်တော့ပါဘူး၊ ဝင်ရောက် ဟန့်တားခြင်း မပြုလုပ်တော့ပါဘူးဆိုတာ ကို စာချုပ်မှာ လက်မှတ်ရေးထိုးခိုင်းရပါတယ်” လို့ ဦးကျော်စွာမြင့်က ပြောပါတယ်။


Source : The Modern

Facebook comments