အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ရာ၌ အခွန်နှုန်းထားများ မြင့်မားနေခြင်း များနှင့် တစ်ပေ ပတ်လည်စံနှုန်းများ မပြင်ဆင်သေးဘဲ အမြင့်အတိုင်း ထားရှိ ထားခြင်းမှာ အစိုးရသက်ဆိုင်ရာဌာနအချို့မှ ယင်းကဏ္ဍအတွင်း ငွေမည်း စီး ဝင်မှုမရှိစေရန် လုပ်ဆောင်သည်ဟုယူဆကြောင်း အိမ်ခြံမြေကျွမ်းကျင် ပ ညာရှင်များက သုံးသပ်သည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးသန်းဦး က ''ဒီရက်ပိုင်းထဲမှာပဲ သတင်း၊ ဂျာနယ်တွေထဲမှာ တွေ့လိုက်ရတယ်။ မူး ယစ်ဆေးဝါး ကျပ်သန်း ကျော်ဖိုး ဖမ်းဆီးရမိတယ်ဆိုတာပေါ့။ ဒါတွေက အဲဒီ လမ်းေ ကြာင်းကနေ ငွေမည်းကနေ ဖြူချင်တော့ ဘယ်ကဏ္ဍထဲကိုဝင်မလဲ ကြည့်တဲ့ အခါ အိမ်ခြံမြေကဏ္ဍကို မြင်ပြီလေ။ ဒါကိုကာကွယ်တဲ့ သဘောနဲ့ လုပ်ဆော င်တာဖြစ်ဖို့ များတယ်။ အခွန်က စျေးကွက်အတွက် အဆင် မေြ ပနိုင်ပေမယ့် ငွေဖြူ၊ ငွေမည်းနဲ့ ကြည့်ပြန်ရင်တော့ လုပ်သင့်နေပြန်ေ ရာ''ဟု ပြောသည်။ ဧပြီ ၁ ရက်တွင် စတင်ကောက်ခံရန် ရေးဆွဲနေသည့် ၂ဝ၁၇ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းမှ တန်ဖိုးအလိုက် ရောင်းရမှု အ ပေါ် ပေးေ ဆာင်ရမည့် အခွန်နှုန်းသတ်မှတ် ချက်များမှာ တစ်ကျပ်မှ သိန်း ၃ဝဝ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ် ၃ဝ၁ သိန်းမှ သိန်း ၁ဝဝဝ အထိ ရာခိုင်နှုန်း ၂ဝ နှင့် ကျပ်သိန်း ၁ဝဝဝ နှင့် အထက်ဆိုလျှင် ရာခိုင်နှုန်း ၃ဝ ဖြစ် သည်။
အခြားတစ်ဖက်တွင်ရှိနေသော အိမ်ခြံ မြေအရောင်းအဝယ်အတွက် တစ်ပေ ပတ်လည် စံနှုန်းသတ်မှတ်ချက်မှာလည်း လွန်ခဲ့သည့် နှစ်နှစ်ကျော် ကတည်း က ရှိနေခဲ့သည့်နှုန်းထားအတိုင်း ဆက်လက်ရှိနေခြင်းဖြစ်သည်။ လက်ရှိစျေး ကွက်တွင် ဖြစ်ပေါ်နေသော ကျပ်သိန်း ၁ဝဝဝ နှုန်းဖြင့် အရောင်းအဝယ် လုပ်သည့်မြေကွက်ကို တစ်ပေပတ်လည်စံနှုန်းအရ သတ်မှတ်သည့်အခါ ကျပ်သိန်း ၁၃ဝဝ ခန့်ဖြစ်နေသောကြောင့် ယင်းရာဖြတ်တန်ဖိုး မှာလည်း ဝယ်ယူသူများအတွက် အခက်အခဲ ဖြစ်ပေါ်နေကြရခြင်းဖြစ်သည်။ ''တက ယ်နေဖို့ ဝယ်မယ့်သူတွေအတွက် အခက်အခဲရှိတာပေါ့။ ဒါပေမဲ့ ငွေကစား မယ့် သူတွေ၊ ငွေဖြူဖော်ချင်တဲ့သူတွေအတွက်က သူတို့ဘယ်လောက်ပေး ရပေးရ ပေးမှာပဲလေ။ အရောင်းအဝယ်က အခွန်ဥပဒေကြမ်း ထွက်လာက တည်းက ငြိမ်ကျသွားတာပါပဲ''ဟု ဝါရင့် အိမ်ခြံမြေအကျိုးဆောင် ဦးချစ်က ပြောသည်။
Source : The Yangon Time