ဘဏ်လောက ဖွံ့ဖြိုးတိုးတက်ရေးအပြင် ပြည်တွင်းဘဏ်များ နည်းပညာ ရရှိေ ရးအတွက် နိုင်ငံခြားဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များ အကျိုးတူ ဖက်စပ်စ နစ် ဆောင်ရွက်ခွင့်ပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
“ဒီဟာက ဖက်စပ်လုပ်ရင် ပြည်တွင်းက အချိုးဘယ်လောက်၊ နိုင်ငံခြားက အချိုး ဘယ်လောက် ဆိုတာက သေချာ စဉ်းစားရမယ်။ နောက်ပိုင်းမှာ ဘဏ်လုပ် ငန်းတွေတိုးတက်ဖို့ အပြောင်းအလဲတွေ လုပ်ရမယ်။ နိုင်ငံခြားဘဏ်တွေရဲ့ လုပ်ပိုင်ခွင့်ကိုလည်း တဖြည်းဖြည်းချင်း တိုးပေးဖို့ လုပ်မယ်”ဟု ဗဟိုဘဏ် အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။
ပုဂ္ဂလိကဘဏ်များကို နိုင်ငံခြားဘဏ်များနှင့် အကျိုးတူ ဖက်စပ် လုပ်ကိုင်ခွင့်ေ ပးခြင်းမှာ ပိုမို ကောင်းမွန်သည့်စနစ်ဖြစ်ပြီး လက်ရှိတွင် ယင်းစနစ် မရှိသောေ ကြာင့် ပြည်တွင်း ပြည်ပ ငွေလွှဲပြောင်းပေးပို့ရာတွင် အချိန် ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရကြောင်း ရေထွက်ပို့ကုန်လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။
“ဟိုတစ်လောက မလေးရှားက ကုန်သွယ်တဲ့သူက မလေးဘဏ်ကနေ CB ဘဏ်ကို ငွေလွှဲတယ်။ အဲဒီ CB ဘဏ်က မလေးဘဏ်ရဲ့ Correspondence မဟုတ်တဲ့အတွက် နိုင်ငံပိုင်ဘဏ်ဖြစ်တဲ့ MICB ဘဏ်ကနေတစ်ဆင့် ဝင်ရေ တာ့ နှစ်ပတ်လောက်ကြာမှ ငွေလွှဲရတယ်။ အကယ်၍သာ CB ဘဏ်က မလေး မှာ ရှိတဲ့ဘဏ်နဲ့ JV (ဖက်စပ်) လုပ်ထားရင် ငွေလွှဲက နာရီဝက်ပဲ ကြာတာ။ ြ မန်မြန် ရောက်တယ်”ဟု ၎င်းက သုံးသပ် ပြောဆိုသည်။
လက်ရှိတွင် ပုဂ္ဂလိက ဘဏ်များကို နိုင်ငံခြားဘဏ်များနှင့် အကျိုးတူ ဖက်စပ် စနစ် လုပ်ကိုင်ခွင့် ပေးမထားသည့်အပြင် ရှယ်ယာများ ရောင်းချခွင့်ကိုလည်း ဗဟိုဘဏ်က ခွင့်ပြုထားခြင်း မရှိကြောင်း၊ ယင်းကိစ္စများကို ဆောင်ရွက် မည်ဆို ပါက ကုမ္ပဏီဥပဒေအသစ် ထွက်ရှိမှ ရရှိမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ အ ကြီးတန်း အကြံပေး ဦးသန်းလွင်က ပြောကြားသည်။
“ကုမ္ပဏီဥပဒေ ထွက်ပြီး ဗဟိုဘဏ်က အမိန့်ကြော်ငြာစာ ထုတ်မှ လုပ်ခွင့်ရ မှာပါ။ ကမ္ဘောဇဘဏ် အနေနဲ့ ရှယ်ယာ ထုတ်ရောင်းဖို့အတွက် စဉ်းစားတဲ့ အေ နအထားပဲ ရှိသေးတာ။ ဒီအခြေအနေမှာ ဥပဒေ လိုအပ်ချက်တွေ ရှိနေတဲ့ အ တွက် ဘဏ်တွေအနေနဲ့ ဖက်စပ် လုပ်ကိုင်ဖို့ မလွယ်သေးဘူး”ဟု ၎င်းက ရှင်းပြသည်။
ယခု ပြင်ဆင်ရေးဆွဲထားသည့် ကုမ္ပဏီ အက်ဥပဒေကြမ်းတွင် နိုင်ငံခြားသား ရှယ်ယာ ၃၅ ရာခိုင်နှုန်း ပါဝင်သော်လည်း မြန်မာကုမ္ပဏီအဖြစ် သတ်မှတ် မည်ဟုပါရှိပြီး ယင်းဥပဒေထွက်ပါက ကုမ္ပဏီအများစုမှာ နိုင်ငံခြားသား လုပ် ငန်းရှင်များနှင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သည်။
လက်ရှိ ကျင့်သုံးနေသော မြန်မာ ကုမ္ပဏီ ဥပဒေတွင် နိုင်ငံခြားသား၏ ရှယ်ယာ တစ်စု ပါဝင်ပါက နိုင်ငံခြားသား ကုမ္ပဏီဟု သတ်မှတ်ခြင်းကြောင့် လုပ်ငန်းရှင် အများစုမှာ အခက်အခဲနှင့် ကြုံတွေ့ရသဖြင့် ဥပဒေအသစ်တွင် ပြင်ဆင် ရေးဆွဲ လိုက်ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
လက်ရှိ အခြေအနေ၌ ပြည်တွင်းဘဏ်များက ထုတ်လုပ်သည့် ငွေပေးချေ ကတ်များ သုံးစွဲရာတွင်လည်း နည်းပညာပိုင်း အားနည်းမှုများကြောင့် လစဉ် လကုန် ရက်ပိုင်း ATM စက်များမှ ငွေထုတ်ရသည့်အခါ အခက်အခဲများ ရှိေ ကြာင်း၊ ပြည်တွင်း ဘဏ်များက နိုင်ငံခြားဘဏ်များနှင့် တွဲဖက် လုပ်ကိုင်ခွင့်ရ မည် ဆိုပါက ယင်းအခက်အခဲများကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း MPU ကတ်သုံးစွဲသည့် ကုမ္ပဏီဝန်ထမ်း ဒေါ်ရင်ရင်လှက ဆိုသည်။
Source : The Voice