(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

ဒီတစ်ပတ်မြန်မာတိုင်း(မ်)ရဲ့ စိတ်ကြိုက်အိမ်ကဏ္ဍ အတွက်ကိုတော့ ဗဟန်းမြို့နယ်၊ 

ရွှေတောင်ကြားလမ်းမပေါ်မှာရှိတဲ့ ခန့်ညားလှပတဲ့ သုံးထပ်တိုက်အိမ်လေးကို 

ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။


ဒီအိမ်လေးကို စတုရန်းပေ ၃,၆ဝဝ ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ တစ်ထပ်ကိုကြမ်းခင်း

ဧရိယာ ၁,၈ဝဝ စတုရန်းပေရှိတဲ့ သုံးထပ်တိုက်အိမ်လေးအဖြစ် တည်ဆောက်ထားတာဖြစ်ပြီး 

အိပ်ခန်းခြောက်ခန်း ထည့်သွင်းတည်ဆောက်ထားတာဖြစ်လို့ မိသားစုများသူတွေအတွက် 

သင့်တော်တဲ့ အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


ဒီအိမ်လေးမှာ နှစ်ယောက်အိပ်ခန်း သုံးခန်း၊ တစ်ယောက်အိပ်ခန်း သုံးခန်း၊ ရေချိုးခန်း 

လေးခန်း၊ ဧည့်ခန်းကျယ်၊ ထမင်းစားခန်းအပြင် စတိုခန်းနဲ့ မီးဖိုချောင်ဧရိယာလည်း 

သီးခြားပါဝင်တဲ့အတွက် မိသားစုများသူတွေအတွက် အဆင်ပြေတဲ့ အိမ်လေးတစ်လုံးပဲ

ဖြစ်ပါတယ်။


အထပ်တစ်ထပ်စီတိုင်းမှာ နှစ်ယောက်အိပ်ခန်းတစ်ခန်းနှင့် တစ်ယောက်အိပ်ခန်းတစ်ခန်းစီ 

ထည့်သွင်းတည်ဆောက်ထားတာဖြစ်လို့ မိသားစုလူဦးရေ များသော်လည်း သီးသန့်နေထိုင်ချင်

သူတွေအတွက် သင့်တော်တဲ့ အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


ဒီအိမ်လေးက Pro Mart စျေးဝယ်စင်တာ Real Fitness အားကစားခန်းမတို့ကို လမ်းလျှောက်

သွားရုံနဲ့ ရောက်နိုင်တဲ့ နေရာမှာရှိတဲ့အပြင် ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုအပြင် တခြား

ဘားနဲ့ စားသောက်ဆိုင်တွေကိုလည်း ၁၅ မိနစ်ခန့်သာ လမ်းလျှောက်ရုံနဲ့ အလွယ်တကူ 

သွားရောက်နိုင်ပါတယ်။


အချက်အချာကျတဲ့နေရာမှာ ရှိတဲ့ ဒီအိမ်လေးက ယာဉ်ကြောပိတ်တဲ့ လမ်းတွေမှာ အချိန်ကုန်ခံ 

ကားမစီးလိုဘဲ အနီးနားမှာတင် ထင်ရှားတဲ့ နေရာတွေကို လမ်းလျှောက်သွားလိုသူများအတွက် 

ရွေးချယ်သင့်တဲ့ အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


အိမ်တွင်းအိမ်ပြင် ဒီဇိုင်းနှစ်ခုစလုံးကို ခေတ်မီဒီဇိုင်းများကို အသုံးပြုကာ အလှဆင် ဆောက်လုပ်

ထားပါတယ်။ အိမ်အတွင်းမှာလည်း ပါကေးခင်းထားပြီး အိမ်အပြင်မှာလည်း သမံတလင်း 

ခင်းထားတာဖြစ်လို့ မြက်ခင်းပြင်များ၊ မြေမှုန့်များကို မနှစ်သက်ဘဲ သပ်ရပ်စွာ နေထိုင်လိုသူများ

အတွက် အဆင်ပြေစေနိုင်မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


ပထမထပ်နဲ့ ဒုတိယထပ်မှာ ကျယ်ဝန်းတဲ့ ဝရန်တာဧရိယာရှိသလို မှန်ပြတင်းပေါက်တွေကြောင့် 

သဘာဝအလင်းရောင်နဲ့ လေကောင်းလေသန့်ကို ကောင်းမွန်စွာ ရရှိနိုင်မှာဖြစ်တဲ့အပြင် လှပတဲ့ 

မြို့ပြရှုခင်းအလှတွေကိုလည်း လေသာဆောင်က နေ့စဉ်ကြည်နူးခံစားနိုင်မှာ ဖြစ်ပါတယ်။


အိမ်လေးမှာ မှန်ပြတင်းပေါက် အများအပြား ထည့်သွင်းတည်ဆောက်ထားတဲ့အတွက် သဘာဝ

အလင်းရောင်ကို ကောင်းမွန်စွာရရှိနိုင်တဲ့အပြင် သဘာဝလေပြည်လေညှင်းလေးများကိုလည်း 

ခံစားနိုင်မှာဖြစ်ပါတယ်။ သဘာဝအလင်းရောင်ကို နှစ်သက်သူတွေအတွက် အကြိုက်တွေ့မယ့် 

အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


ဒီအိမ်လေးက အိမ်တွင်းမှာ ရုံးခန်းငယ်လေးတစ်ခု တွဲဖက်ဖွင့်လှစ်လိုသူများအတွက်လည်း 

အဆင်ပြေနိုင်မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။ အချက်အချာကျတဲ့နေရာမှာ တည်ရှိပြီး 

ရုံးခန်းဖွင့်ရန် လုံလောက်သောအကျယ်အဝန်းလည်း ရှိတဲ့အတွက် နေအိမ်အတွင်းမှာ ရုံးခန်း 

တွဲဖက်ဖွင့်လှစ်လိုသူတွေအတွက် ရွေးချယ်သင့်တဲ့ အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


ဒီအိမ်လေးမှာ ကားဂိုဒေါင်ပါဝင်တဲ့အပြင် ခြံဝင်းထဲမှာလည်း ကားအများအပြား ရပ်နားနိုင်ရန် 

လုံလောက်တဲ့ မြေနေရာပါဝင်တဲ့အတွက် ကားပါကင်နေရာအတွက် လုံးဝစိတ်ပူစရာ 

မလိုပါဘူး။ ကိုယ်ပိုင်ခြံဝင်းနဲ့ဖြစ်တာကြောင့် ခြံနဲ့အိမ် လုံခြုံရေးကိုလည်း စိတ်ချထားလို့ 

ရပါတယ်။


အိမ်အတွင်းမှာ လိုအပ်တဲ့ ပရိဘောဂပစ္စည်း အပြည့်အစုံ ပါဝင်မှာဖြစ်တဲ့အတွက် အသင့်နေ

ထိုင်လိုသူတွေ အကြိုက်တွေ့နိုင်မယ့် အိမ်လေးတစ်အိမ်လည်း ဖြစ်ပါတယ်။ ဒါ့ပြင် အိမ်အတွင်းမှာ

လိုအပ်တဲ့ လေအေးပေးစက်များကိုလည်း တပ်ဆင်ပေးထားမှာဖြစ်လို့ နေထိုင်သူများအတွက် 

အဆင်ပြေမယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


ဒီအိမ်လေးကို ငှားရမ်းချင်တယ်ဆိုရင်တော့ တစ်လလျှင် ငှားရမ်းခ အမေရိကန်ဒေါ်လာ ၃,၅ဝဝ 

ခန့် ကျသင့်မှာဖြစ်ပြီး ငှားရမ်းမယ့်သူက အိမ်ရှင်နဲ့ စျေးနှုန်းအသေးစိတ်ကို ဆက်လက်ညှိနှိုင်းနိုင်ပါ

တယ်။


ဒီအိမ်လေးကို ငှားရမ်းဖို့ စိတ်ဝင်စားသူတွေက  Estate Myanmar အိမ်ခြံမြေအကျိုးဆောင်

လုပ်ငန်းက ဝ၉-၄၃၁၁၈၇၈၇ နဲ့ ဝ၉-၇၃၁၁၄၈၆ဝ ဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


Source : Myanmar Time

Facebook comments