(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

တစ်နိုင်ငံလုံးရှိ လမ်းတံတားဂိတ်အားလုံး ဖြတ်သန်းခကောက်ခံမှုရပ်ဆိုင်းရန် နည်းလမ်းရှာဖွေနေဟုဆို

လာမည့် ဧပြီ ၁ ရက် တွင် ရန်ကုန်မြို့မှ တံတားကြီးကိုး စင်းကို ဖြတ်သန်း ခ ကောက်ခံမှု ရပ်ဆိုင်းပြီးနောက် တစ်နိုင်ငံလုံးရှိ လမ်းတံတားဂိတ် ဖြတ် သန်းခ ကောက်ခံခြင်းများ အားလုံးရပ် ဆိုင်းနိုင်ရေး နည်းလမ်း ရှာဖွေနေေ ကြာင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း က ပြောသည်။

လမ်းအသုံးပြု အခွန်ဥပဒေ ထွက်ပေါ်လာပါက အဆိုပါဂိတ် ကြေးကောက် ခံခြင်းများ ရပ်ဆိုင်းနိုင်မည် ဖြစ်သော်လည်း ဥပဒေမထွက်ပေါ်မီတွင် ဂိတ် အားလုံး ရပ်ဆိုင်းနိုင်ရန် နည်းလမ်းရှာဖွေနေသည်။

ဂိတ်အားလုံးကို ရပ်ဆိုင်းရန် ပြီးခဲ့သည့် အစိုးရလက်ထက်က လေလံ ကန် ထရိုက် စာချုပ် ချုပ်ဆိုခဲ့ခြင်းများကို အဓိကပြန်လည်ပြင်ဆင်ရမည်ဖြစ်ပြီး လုပ်ငန်းရှင်အများစုသည် စာချုပ်တွင်ပါဝင်သော အချိန်ကုန်မှသာ လမ်းတံ တား ဂိတ်များကို အစိုးရထံ ပြန်လည်အပ်နှံလိုသောဆန္ဒရှိကြသည်ဟု ဆို သည်။

လမ်းတံတား ဂိတ်ကြေး ကောက်ခံခြင်းကို ရပ်ဆိုင်းလိုက်ပါက တစ်နိုင်ငံ လုံးရှိ ကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းများမှ တန်ဆာခ အများစု လျော့ကျ သွားနိုင် ပြီး ယခင်ကထက် ကုန်စည်စီးဆင်းမှု မြန်ဆန်လာနိုင်ကြောင်း ကုန် သေတ္တာယာဉ်လုပ်ငန်းရှင်များအ သင်းမှ ဦးမိုးမြင့်က ပြောသည်။‘‘တချို့ဂိတ်တွေက မကောက်တာကြာပါပြီ။ အဲဒီရဲ့ အကျိုးကျေး ဇူးကို ကျွန်တော်တို့ ခံစားနေရပြီ။ တစ်နိုင်ငံလုံး မကောက်တော့ဘူး ဆိုရင်တော့ အတိုင်းထက် အလွန်အရမ်းကောင်းတာပေါ့’’ ဟု ဦးမိုးမြင့်က ၎င်း၏အမြင် ကို ပြောကြားသည်။

ဧပြီ ၁ ရက်တွင် ရန်ကုန်တိုင်းအတွင်းရှိ သန်လျင်တံတား၊ ဘုရင့်နောင် တံ တား အစရှိသော အဓိက တံတားကြီး ကိုးစင်းကို ဂိတ်ကြေး ကောက်ခံခြင်း ရပ်ဆိုင်းတော့မည် ဖြစ်သည်။

လက်ရှိအစိုးရ စတင်တက် ခါစ ၂၀၁၆ ဧပြီ ပထမပတ်က တစ်နိုင်ငံလုံးမှ လမ်း အသုံးပြုခကောက်ခံသည့် ဂိတ်ပေါင်း ၁၆၈ ဂိတ်တွင် ကောက်ခံမှုကို ရပ်ဆိုင်းခဲ့သည်။ တစ်နိုင်ငံလုံး၌ လမ်းတံတား အသုံးပြုမှု ဂိတ်ပေါင်း ၃၀၀ ကျော် ရှိသည်။


Source : 7DayDaily

Facebook comments