(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

ဒီအိမ်လေးကို မြေအကျယ်အဝန်း ၅,၆ဝဝစတုရန်းပေ ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ 

တစ်ထပ်လျှင် ကြမ်းခင်းဧရိယာ ၁,ရဝဝ စတုရန်းပေနီးပါးနဲ တစ်ထပ်တိုက်အိမ်လေး 

တည်ဆောက်ထားတာဖြစ်ပါတယ်။ အိပ်ခန်းလေးခန်း ထည့်သွင်း တည်ဆောက်ထား

တာဖြစ်လို့ မိသားစုအသင့်အတင့် များသူတွေ အတွက် အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။


ခြံဝန်းကျယ်ကြီးအတွင်းမှာ တည်ရှိတဲ့ ဒီအိမ်လေးက မြေဧရိယာကျယ်ကျယ်ဝန်းဝန်းမှာ 

နေထိုင်လိုသူတွေ အကြိုက်တွေ့မယ့်အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။ အင်းလျားကန်နဲ့လည်း 

နီးပြီး ခြံဝင်းကျယ်ကြီးလည်း ရှိတဲ့အတွက် ခြံဝင်းထဲမှာ အေးဆေးအနားယူလိုသူတွေအတွက် 

အထူးသင့်တော်တဲ့ အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


ဒီအိမ်လေးမှာ နှစ်ယောက်အိပ်ခန်း နှစ်ခန်း၊ တစ်ယောက်အိပ်ခန်း နှစ်ခန်း၊ ရေချိုးခန်း 

သုံးခန်း၊ ဧည့်ခန်းကျယ် တစ်ခန်း၊ ထမင်းစားခန်းအပြင် မီးဖိုချောင်ဧရိယာလည်း 

သီးခြားပါဝင်တဲ့အတွက် မိသားစုများသူတွေ ရွေးချယ်သင့်တဲ့ အိမ်လေးတစ်လုံး

ဖြစ်ပါတယ်။


ခြံဝင်းကျယ်ကို သံမံတလင်း ခင်းထားပြီး အရိပ်ရသစ်ပင်တွေကို စိုက်ပျိုးပေးထားတာဖြစ်လို့ 

ခြံဝင်းထဲမှာ အေးဆေးနားလိုသူတွေအကြိုက်တွေ့မယ့် အိမ်လေးပဲ ဖြစ်ပါတယ်။ ထို့ပြင် 

အိမ်တွင်းမှာလည်း မှန်ပြတင်းပေါက်တွေ ထည့်သွင်း တည်ဆောက်ထားတာဖြစ်လို့ 

သဘာဝအလင်းရောင်ကို ကောင်းမွန်စွာ ရနိုင်တဲ့ အိမ်လေး တစ်အိမ်ပဲဖြစ်ပါတယ်။


ဒီအိမ်လေးက အိမ်တွင်းမှာ ရုံးခန်းငယ်လေး တွဲဖက်ဖွင့်လှစ်လိုသူတွေ အတွက်လည်း 

အဆင်ပြေနိုင်မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။ ဆိတ်ငြိမ်တဲ့နေရာမှာ တည်ရှိပြီး 

အချက်အခြာကျတဲ့ နေရာမှာ တည်ရှိတဲ့အတွက် အိမ်လေးမှာ ရုံးခန်း တွဲဖက်

ဖွင့်လှစ်လိုသူတွေ အတွက် ရွေးချယ်သင့်တဲ့ အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


ဒီအိမ်လေးမှာ ကားဂိုဒေါင်ပါဝင်တဲ့အပြင် ခြံဝင်းထဲမှာလည်း ကားအများအပြား ရပ်နားနိုင်ဖို့ 

လုံလောက်တဲ့ မြေနေရာပါဝင်ပြီး ကားပါကင်နေရာအတွက် လုံးဝစိတ်ပူစရာ မလိုပါဘူး။ 

ကိုယ်ပိုင်ခြံဝင်းနဲ့ ဖြစ်တာကြောင့် ခြံနဲ့အိမ် လုံခြုံရေးကိုလည်း စိတ်ချထားလို့ ရပါတယ်။


ခြံဝန်းကျယ်ပြီး အချက်အခြာကျတဲ့နေရာမှာတည်ရှိပြီး ပရိဘောဂပစ္စည်းအများအပြား 

ပါဝင်မှာဖြစ်ပေမဲ့ အိမ်အတွင်းမှာ လိုအပ်တဲ့ ပရိဘောဂပစ္စည်းအပြည့်အစုံတော့ ပါဝင်မှာ 

မဟုတ်ပါဘူး။


ဆီဒိုးနားဟိုတယ်နဲ့ မြန်မာပလာဇာ စျေးဝယ်စင်တာတွေကို ငါးမိနစ်ခန့် လမ်းလျှောက်ရုံလောက်နဲ့ 

ရောက်ပါတယ်။ နေ့စဉ်အင်းလျားကန်ပေါင်ကိုလည်း သွားရောက်ကာ သန့်ရှင်းသောလေကို 

ရှူရှိုက်ရင်း လေ့ကျင့်ခန်း ပြုလုပ်နိုင်ပြီး နံနက်ခင်း ကန်ပေါင်မှာ လမ်းလျှောက်ကာ လေ့ကျင့်ခန်း 

ပြုလုပ်လိုသူတွေအတွက် ရွေးချယ်သင့်တဲ့ အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


အရိပ်ရတဲ့ ခြံဝန်းကျယ်ထဲမှာ တည်ရှိပေမဲ့အိမ်အတွင်းမှာ လေအေးပေးစက် ခြောက်လုံး

ကိုလည်း တပ်ဆင်ပေးထားတာဖြစ်လို့ နေထိုင်သူတွေအတွက် အဆင်ပြေစွာ နေထိုင်နိုင်မယ့် 

အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


ဒီအိမ်လေးကို ငှားရမ်းချင်တယ်ဆိုရင်တော့ တစ်လလျှင် ငှားရမ်းခ အမေရိကန်ဒေါ်လာ 

၃,ဝဝဝ ခန့် ကျသင့်မှာဖြစ်ပြီး ငှားရမ်းမယ့်သူက အိမ်ရှင်နဲ့ စျေးနှုန်းအသေးစိတ်ကို 

ဆက်လက်ညှိနှိုင်းနိုင်ပါတယ်။


ဒီအိမ်လေးကို ငှားရမ်းဖို့ စိတ်ဝင်စားသူတွေက Estate Myanmar အိမ်ခြံမြေ အကျိုးဆောင်

လုပ်ငန်းက ဝ၉-၄၃၁၁၈၇၈၇ နဲ့ ဝ၉-၇၃၁၁၄၈၆ဝ ဖုန်းနံပါတ်တွေကို ဆက်သွယ်

မေးမြန်းနိုင်ပါတယ်။


Source : Myanmar Time

Facebook comments