(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

အိမ်ခြံမြေဥပဒေ ထွက်လာရင် တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ လုပ်ဆောင်ရမည်

အခုနှစ်လယ်ပိုင်းမှာ ထွက်နိုင်မယ် မျှော်မှန်းထားတဲ့ မြန်မာနိုင်ငံအိမ်ခြံမြေ ဥပဒေ အရ အိမ်ခြံမြေအကျိုးဆောင်တွေ အနေနဲ့ ဥပဒေပါ အချက်အလက် အ တိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ စနစ်တကျ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။


ဒါ့ပြင် အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းအနေနဲ့ ကိုယ်ကျင့်သိက္ခာ၊ ဝန်ဆောင်မှုတွေနဲ့ ဈေးကွက်တွေ မှာ လုပ်သင့်တာ ဦးစားပေးပြီး မဖြစ် သင့်တာ မဖြစ်အောင် ထိန်းသိမ်း ဝိုင်းဝန်းလုပ်ဆောင်နိုင်မယ်လို့

သိရပါတယ်။


“အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေ ထွက်လာရင် ဈေးကွက်နဲ့ ပတ်သက်မှု ရှိလာနိုင်မယ်၊ အဲဒီ ဥပဒေသာထွက်လာရင်အိမ်ခြံမြေ အကျိုးဆောင်တွေ လုပ်နေတဲ့ ကုမဏီတွေပဲဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ပဲ ဖြစ်ဖြစ် 

ဝန်ဆောင်မှု လုပ်တော့မယ်ဆိုရင် လိုင်စင်ရှိရ မယ်၊ 

အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေ ပေါ်လာရင် ထိန်းချုပ်မယ့် ကောင် စီတွေလဲ ရှိလာမယ်၊ အဲဒီကောင်စီ တွေက အိမ်ခြံမြေ အကျိုးဆောင်တွေကို စနစ်တကျ နဲ့ ထိန်းချုပ် လာ နိုင်မယ်၊ အဲဒီ လိုမျိုး စနစ်တကျ ဖွဲ့စည်းထားရင် အိမ်ခြံမြေ ဈေးကွက်ကို ဝင်ပြီး ဈေးကစားမယ့်သူတွေကို လဲ တားဆီးနိုင်မယ်၊ ပြည်သူ အတွက်၊ တိုင်းပြည်အတွက်လဲမျှတတဲ့ ဈေးကွက်တစ်ခု တည်တည်ငြိမ်ငြိမ် ဖြစ်လာမယ်၊ ဒီလိုမျိုး လိုင်စင်အသင်းအဖွဲ့ရှိနေတဲ့

အတွက် အိမ်ခြံ မြေ အရောင်းအဝယ် ဖြစ်သွားတိုင်း 

တိုင်းပြည်အတွက် အခွန်အခတွေလဲ ရရှိနိုင်ပြီး အကျိုးရှိနိုင်ပါတယ်” 

လို့ အိမ်ခြံ မြေအကျိုးဆောင် ဥက္ကဋ္ဌ ဦးခင် မောင်သန်းက ပြောပါတယ်။


မြန်မာနိုင်ငံ အိမ်ခြံမြေဝန် ဆောင်မှုအသင်းအနေနဲ့ ရှေ့ ဆက်လုပ်ဆောင်သွားမှာက နေ ပြည်တော်အပါအဝင် တိုင်းဒေသ ကြီး ၁၅ ခုရဲ့ စည်းလုံးညီညွတ်မှု စွမ်းအားကိုထပ်ပြီးတော့ စွမ်းအား ပြည့်ညီညွတ်မှုနဲ့ အကောင်အ ထည်ဖော်လုပ်ဆောင်သွားမယ်။ သည်အတွက်ကြောင့်လည်း ပြည် နယ်တိုင်းဒေသကြီး အရင်တုန်းက ၁၁ ဦးနဲ့ ဖွဲ့စည်းတာကို လက်ရှိ ၁၅ ဦးတိုးချဲ့ဖွဲ့စည်းလာတယ်။

Activity တွေအနေနဲ့လည်း ပြောင်းလဲလာပါတယ်။ 

အာဆီယံမှာရှိတဲ့ (လာအို၊ ဘရူးနိုင်းနိုင်ငံမပါဘဲ) ကျန် ရှစ်နိုင်ငံနဲ့လည်း အမြဲတမ်း ဝက်ဘ်ဆိုက်ကနေ အမြဲစကား ပြောကြတယ်။ ဘယ်နိုင်ငံမှာ ဘာ တွေ ထူးခြားလဲ။ ဘယ်နိုင်ငံမှာ အား နည်းချက်တွေ ရှိနေလဲ။ ဘယ်လို လက်တွဲခါ်မလဲ၊ ဒါကြောင့် သည်နှစ်မှာ အပြောင်းအလဲတွေ အများကြီး ရှိလာနိုင်တယ်။


ခုဆိုရင် ကမ္ဘအိမ်ခြံမြေအ သင်းအဖွဲ့ချုပ်ကြီးကလွတ်လိုက်တဲ့ အာရှပစိဖိတ်ဥက္ကဋ္ဌကြီး ရောက် လာပြီး ဟောပြောတယ်။ သူတို့ ရောက်နေပြီဆိုတော့ သူ့နောက်ကွယ်မှာ သတင်းပို့လိုက်ရင် အိမ်ခြံ မြေနဲ့ ပတ်သက်ပြီး ဒဲပလော့ပါ ကြီးတွေ၊ အင်ဗတ်စတာကြီးတွေက ချိတ်ဆက်ပြီး ဝင်လာနိုင်တယ်။ သည်တော့ အာဆီယံနဲ့ ချိတ်ဆက် ထားပြီဆိုတော့ အာဆီယံနိုင်ငံတွေကလည်း ဝင်လာနိုင်မယ့် အနေအထားရှိတယ်။


အိမ်ခြံမြေအလားအလာ


လက်ရှိမှာ အစိုးရကလည်း စီးပွားရေးမူဝါဒ ၁၂ချက်နဲ့ အကောင်အထည်ဖော်နေပါပြီ။ ဒါကိုပြည်သူ တွေ၊ အိမ်ခြံမြေအ

သင်းအဖွဲ့တွေ က ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အာဆီယံနိုင်ငံတွေနဲ့ ကမ္ဘာ့လာမယ့်ရင်းနှီးမြှုပ်နှံသူတွေ၊ ကမ္ဘာ့ကုန်သည်ကြီးတွေအကြိုက် 

အ ခင်းအကျင်းပုံဖော်ပြီး လုပ်ဆောင်မယ်ဆိုရင်တော့ ၂၀၁၈ ခုနှစ်မှာ ထင်သာမြင်သာတဲ့ အိမ်ခြံမြေဈေးကွက်ဟာ တောင့်တောင့်တင်း တင်း ခိုင်ခိုင်မာမာ ရပ်တည်လာနိုင်ပါတယ်။


Source : The Kumudra

Facebook comments