(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ဂျန်းရှင်းစီးတီး ရုံးခန်းတာဝါ ရုံးခန်းနေရာများ စတင်ငှားရမ်း

မတ် ၃၁ ရက်က တရားဝင်ဖွင့်လိုက်ပြီးဖြစ်သည့် ဂျန်းရှင်းစီးတီး အထပ်မြင့်အဆောက်အအုံ

စီမံကိန်းတွင် စတုရန်းမီတာ သုံးသောင်းကျော် ကျယ်ဝန်းသော အထပ် ၂၃ ထပ်အမြင့်ရှိ 

ရုံးခန်းအဆောက်အအုံ Junction City Tower လည်းပါဝင်ပြီး အဆိုပါရုံးခန်းနေရာများကို 

စတင်ငှားရမ်းနေပြီဖြစ်သည်။


ရန်ကုန်မြို့တွင် လွန်ခဲ့သည့် သုံးနှစ်ကျော် လေးနှစ်ကာလအတွင်း ဝယ်လိုအား မြင့်ခဲ့သည့် 

ရုံးခန်းနေရာလိုအပ်ချက်သည် ပြီးခဲ့သည့် အစိုးရလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ 

စတင်ဝင်ရောက်ခဲ့သည့် အချိန်က စတင်ခဲ့ခြင်း ဖြစ်သည်။


ယင်းသို့ လိုအပ်ချက်မြင့်မားလာမှုနှင့်အတူ ရန်ကုန် အိမ်ခြံမြေစျေးကွက်အတွင်း 

ရင်းနှီးမြှုပ်နှံသူများက ရုံးခန်းအဆောက်အအုံများကို ၄င်းတို့၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး

လုပ်ငန်းများထဲတွင် ထည့်သွင်းဆောက်လုပ်လာကြခြင်းဖြစ်သည်။


ယခုအခါတွင်လည်း ရန်ကုန်မြို့လယ်၌ စုစုပေါင်း စတုရန်းမီတာ ၃၃,၄ဝဝ ခန့်ကျယ်ဝန်း

သည့် ရုံးခန်းနေရာလွတ်များကို ငှားရမ်းနိုင်တော့မည်ဖြစ်ပြီး ရုံးခန်းအငှားစျေးကွက်

မှာလည်း ကောင်းမွန်နေဆဲဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ အိမ်ခြံမြေလေ့လာသူများနှင့် 

အကျိုးဆောင်များက ဆိုသည်။


လက်ရှိတွင် ဂျန်းရှင်းစီးတီးတာဝါတွင် Allen and Gledhill, Wong Partnership, 

VDB Loi, Samsung, ZTE Corporation နှင့် ဗြိတိသျှကုန်သည်ကြီးများအသင်းတို့က 

ရုံးခန်းနေရာများ ငှားရမ်းထားကြောင်း သိရသည်။


''ကျွန်မတို့ ရုံးခန်းတာဝါကို စတင်ငှားရမ်းနေပါပြီ။ နိုင်ငံတကာက လာပြီးတော့ 

ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေကို စပြီးငှားရမ်းရပါတယ်။ ငှားရမ်းမှုလည်း ကောင်းမွန်

ပါတယ်။ နောက်ပြီး ကျွန်မတို့ရဲ့ စျေးနှုန်းကလည်း သင့်တော်တဲ့ စျေးနှုန်းနဲ့ 

ရေရှည်ကို မျှော်မှန်းပြီးတော့ နှစ်ရှည်ငှားရမ်းသွားမှာပါ။ စျေးနှုန်းကလည်း 

သင့်တော်ရမယ်၊ နှစ်ရှည်လည်း ငှားရမ်းနိုင်အောင် ကျွန်မတို့ စီစဉ်ထားပါတယ်''ဟု

ရွှေတောင် ဆောက်လုပ်ရေး၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက

ပြောသည်။


Junction City Tower သည် စင်ကာပူနိုင်ငံ Keppel Land Limited နှင့် 

လုပ်ငန်းပူးတွဲ တည်ဆောက်ထားခြင်းဖြစ်ပြီး အဆောက်အအုံဆောက်လုပ်ပြီးစီးမှု

လက်မှတ် (BCC) လည်း ရရှိထားပြီးဖြစ်ကာ စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီ

အဖွဲ့အစည်းများအတွက် အဆင်သင့်ရွှေ့ပြောင်းနေနိုင်သည့် ွမေိန ဗ ရုံးခန်းများ

ဖြစ်သည်။


''Junction City Tower ကို ရွှေတောင်ကုမ္ပဏီနဲ့ ပူးတွဲဆောင်ရွက်ရတာဟာ

မြန်မာနိုင်ငံလို တိုးတက်မှု အလားအလာကောင်းရှိတဲ့စျေးကွက်မှာ ရင်းနှီးမြှုပ်နှံမယ်

ဆိုတဲ့ Keppel Land ရဲ့ဗျူဟာနဲ့ ကိုက်ညီပြီး ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုအစုကိုလည်း 

ထပ်မံတိုးချဲ့သွားမှာ ဖြစ်ပါတယ်။ အခုလိုပြီးစီးသွားတဲ့ အချိန်မှာ ကျွန်တော်တို့အနေနဲ့ 

Keppel Land ဒီနိုင်ငံရဲ့ ွမေိန ဗ အဆင့် ရုံးခန်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းပါပဲ''ဟု 

Mr. Ang Wee Gee ၏ အမှုဆောင်အရာရှိချုပ် Mr. Ang Wee Gee က ပြောသည်။


ဂျန်းရှင်းစီးတီး ပထမအပိုင်း စီမံကိန်းတွင် ရုံးခန်းအဆောက်အအုံအပြင် Junction City 

စျေးဝယ်စင်တာနဲ့ Pan Pacific Yangon ဟိုတယ်ဖွင့်လှစ်မည့် အဆောက်အအုံတို့လည်း 

ပါဝင်သည်။ ယင်းစီမံကိန်းသည် ရန်ကုန်မြို့၏ အထင်ကရ အထပ်မြင့်အဆောက်အအုံ 

စီမံကိန်းများထဲမှ တစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ရှိသော 

စီမံကိန်းလည်းဖြစ်ကာ ရန်ကုန်၏ မြို့လယ်ဧရိယာတွင် ကနဦး ဆောလျင်စွာ ထွက်ပေါ်လာသည့်

ဘက်စုံသုံးစီမံကိန်း တစ်ခုဖြစ်သည်။


ဂျန်းရှင်းစီးတီးစီမံကိန်းကို ရွှေတောင်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံပြီး အခြားနိုင်ငံခြား 

ရင်းနှီးမြှုပ်နှံမှုများလည်း ပါဝင်ကာ ယခုပထမအပိုင်းတွင် ရုံးခန်းတာဝါကို စင်ကာပူနိုင်ငံ 

Keppel Land Limited နှင့် လုပ်ငန်း ပူးတွဲတည်ဆောက်ထားပြီး Pan Pacific 

Hotels and Resorts က Pan Pacific Yangon ကြယ်ငါးပွင့်ဟိုတယ်ကို ၂ဝ၁၇ နှစ်

ကုန်ခန့်တွင် ဖွင့်လှစ်မည်ဖြစ်သည်။


ဂျန်းရှင်းစီးတီး စျေးဝယ်စင်တာတွင် မြန်မာ့စျေးကွက်သို့ စတင်ဝင်ရောက်လာမည့် 

နိုင်ငံတကာအမှတ် တံဆိပ်ဆိုင်များဖြင့် အရောင်းဆိုင်ခန်း ၂၄ဝ ရှိသည်။


ရုံးခန်းအဆောက်အအုံမှာ အဆောက်အအုံဆောက်လုပ်ပြီးစီးမှု BCC လက်မှတ်ရရှိထားပြီး

ဖြစ်သည့်အတွက် ရုံးခန်းနေရာလွတ်များကို စတင်ငှားရမ်းနိုင်မည်ဖြစ်ပြီး စုစုပေါင်း 

အကျယ်အဝန်း ၃၃,၄ဝဝ စတုရန်းမီတာ ကျယ်ဝန်းသည်။


Pan Pacific Yangonဟိုတယ်မှာလည်း အခန်းပေါင်း ၃၄၈ ခန်း ရှိမည်ဖြစ်ကာ စင်ကာပူနိုင်ငံ 

အမှတ်တံဆိပ် Pan Pacific Hotels and Resorts ၏ မြန်မာနိုင်ငံတွင် ပထမဦးဆုံး 

ဖွင့်လှစ်မှုလည်း ဖြစ်သည်။


ထို့ပြင် ဂျန်းရှင်းစီးတီးစီမံကိန်းကြီး၏ မြေနေရာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး

ကော်မတီပိုင်ဖြစ်သည့်အတွက် စည်ပင်နှင့် ရွှေတောင်တို့မှာ အကျိုးတူပူးပေါင်းဆောင်ရွက်

ထားပြီး ယခင်ဗိုလ်ချုပ်စျေးသစ် (လဟာပြင်စျေး)မှ ဆိုင်ခန်းပေါင်း ၄ဝဝကျော်ကိုလည်း

ယခင်မူလ ဆိုင်းခန်းများအတိုင်း ပြန်လည်ပေးအပ်ပြီးဖြစ်သည်။


Source : Myanmar Time

Facebook comments