ရတနာနှင်းဆီအဆင့် မြင့်အိမ်ရာမှ ကျန်ရှိသည့် အခန်း များကို စျေးမြှင့် တင်ရောင်းချမည် ဟု ရတနာနှင်းဆီအ ဆင့်မြင့်အိမ် ရာ စီမံကိန်းတာဝန်ခံ ဦးကျော်ဇေယျက ပြောသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်ပြီးစီးခဲ့သော ရတ နာနှင်းဆီ အ ဆင့်မြင့်အိမ်ရာတွင် အခန်းပေါင်း ၁,၃၀၀ ကျော် ပါဝင် သည့်အနက် အခန်း ၄၀၀ ကျော် ရောင်းချပြီးဖြစ်ကာကျန်ရှိသည့် အခန်းများကို စျေးနှုန်း တိုးြ မှင့် ရောင်းချရန်အစိုးရနှင့် တည် ဆောက်သူလုပ်ငန်းရှင်တို့ ညှိနှိုင်း ထားေ ကြာင်း ၎င်းကပြောကြားသည်။
စျေးမြှင့်ရောင်းချမည့် အခန်းများမှာ ဆိပ်ကမ်းဘက်သို့ မျက်နှာမူနေပြီး ခေတ် ကာလ အခြေအနေအရ စျေးတိုးမြှင့်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
တစ်ခန်းလျှင် ကျပ်သိန်း ၆၀၀ မှသိန်း ၁,၂၀၀ အထိ စျေးနှုန်း သတ်မှတ်ထား သည့် အိမ် ရာစီမံကိန်းကို ခေတ်ကာလ ပေါက်စျေးအရ စျေးမြှင့်ရောင်းချ မည်ဖြစ်ပြီး လက်ရှိတန်ဖိုးကျပ် သိန်း ၆၀၀ တန်အခန်းကို သိန်း ၆၂၀၊ သိန်း ၁,၂၀၀ အခန်းကို သိန်း ၁,၃၀၀ ကျော်အထိတိုးမြှင့် ရောင်းချမည်ဟုဆိုသည်။စီမံကိန်းတစ်ခုလုံးတွင် ၁၈ ထပ်အမြင့် တိုက်အလုံးရေ ၁၀ လုံး ပါဝင်ပြီး တိုက်တစ်လုံးလျှင် ၁၃၈ ခန်း ပါဝင်သည်။
ရတနာနှင်းဆီ အဆင့်မြင့် အိမ်ရာစီမံကိန်းတွင် ဝယ်ယူထား သူများအေ နဖြင့် ငွေသွင်းထား သည့် ရာခိုင်နှုန်းပေါ်မူတည်ပြီး လူနေထိုင်ခွင့်ကို ၂၀၁၇ နှစ်လယ် ၌ စတင်ခွင့်ပြုမည်ဖြစ်သည်။
အခန်းဝယ်ယူသူ အများစု သည်ပြည်ပတွင် အလုပ်လုပ်ပြီး ပြန်လာသည့် မြ န်မာနိုင်ငံသား များဖြစ်ပြီး ရတနာနှင်းဆီ အ ဆင့်မြင့် အိမ်ရာ၌ အရစ်ကျဝယ် ယူလိုသူများ ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံံ့ဖြိုးရေးဘဏ်နှင့်ချိတ် ဆက် ဝယ်ယူနိုင်ကြောင်း သိရ သည်။
Source : 7DayDaily