(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ရန်ကုန်တိုင်းတွင် လုပ်ငန်းရှင်များ မြေပိုင်ဆိုင်ခွင့် လျှောက်ထားမှု များ၍ အစိုးရအဖွဲ့ စိစစ်နေ

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းရှင်များ အနေဖြင့် မြေယာ ပိုင်ဆိုင် ခွင့် (လန ၃၉) ရရှိရန် လျှောက်ထားမှု အများ အပြားရှိနေပြီး ယင်းအပေါ် တိုင်းအစိုးရအဖွဲ့က စိစစ် သုံးသပ်နေကြောင်း သိရသည်။


မြေယာပိုင်ဆိုင်ခွင့် (လန ၃၉) ထုတ်ပေးရန် လုပ်ငန်းရှင်များက အများအြ ပား လျှောက်ထားမှု ရှိနေ၍ တိုင်းအစိုးရ အဖွဲ့ က စိစစ်သုံးသပ်နေပြီး ယင်း လန ၃၉ ကို ပေးလိုက်ပါက မြေတန်ဖိုး မြင့်တက်သွားမည် ဖြစ်၍ အခွင့်ထူးခံ အခြေအနေမျိုး ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သေချာ စိစစ်သွားမည် ဖြစ်ေ ကြာင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောကြားသည်။


ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “လုပ်ငန်းရှင်တွေ တင်ထားတာ များတယ်။ တဦးချင်းစီကို လန ၃၉ ပေးလိုက်ရင် မြေက ကျပ်သိန်း ၂၀၀၊ ၃၀၀ လောက် ရှိနေရာကနေ လန ၃၉ ပေးလိုက်လို့ သိန်း ၅၀၀၊ သိန်း ၁၀၀၀ လောက် ပေါက်သွားရင် အခွင့်ထူးခံ အခြေအနေပေးသလို ဖြစ်နေ မလားဆိုတဲ့အတွက် အဲဒါကို ပြန်စဉ်းစားသွားမှာဖြစ်ပါတယ်” ဟု ပြော သည်။


ထို့ကြောင့် လန ၃၉ ကို ပေးမည်လား၊ ရန်ကုန်စည်ပင်သာယာ နယ်နမိတ်ြ ပင်ပတွင် ရှိသည့် ၁၂ မြိုနယ်ကို စက်မှုဇုန်ကဲ့သို့ ထူထောင်ထားပြီး ယင်းစက် မှုဇုန်တွင် လုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ရန် ခွင့်ပြုမည်လား ဆိုသည် ကို စဉ်းစားနေခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။


မေလ ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက် မှု လုပ်ငန်းရှင်များ အသင်းချုပ် ၌ ပြုလုပ် သည့် ဒုသမ္မတ ၁ နှင့် လုပ်ငန်း ရှင်များ ၆ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်က အထက်ပါအ တိုင်း ပြောကြား ခြင်း ဖြစ်သည်။

မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး လယ်သမားများက လျှောက်ထားမှု မရှိ သလောက် နည်းပါးသော်လည်း လုပ်ငန်းရှင် များက လျှောက်ထားမှု များြ ပားကြောင်း၊ သို့ဖြစ်၍ လန ၃၉ ရရှိရန် အခြားနည်းလမ်းဖြင့် ပြုလုပ်ကာ ကြိုး ပမ်းနေသည့် အခြေအနေမျိုး ရှိသူများအတွက် အစိုးရက သေချာစွာ စိစစ်ေ ဆာင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဦးဖြိုးမင်းသိန်းက ပြောသည်။


လုပ်ငန်းများလုပ်ကိုင်ခွင့် မပေးပါကလည်း ဒေသ ဖွံ့ဖြိုးမှု မရှိနိုင်သောကြောင့် ရန်ကုန်တိုင်း ဒေသကြီးတွင် စက်မှုဇုန် အသေးစားများ ဖော်ဆောင်ပေးရန် စီစဉ်နေပြီး သန်လျင်၊ ကျောက်တန်းမြို့များကဲ့သို့သော နေရာမျိုးများတွင်လည်း စက်မှုဇုန် အသေးစားများ အကောင်အထည်ဖော် လုပ်ဆောင်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။


ပို့ကုန် သွင်းကုန် စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက “တိုင်းဒေ သကြီး အစိုးရက လက်ရှိ သုံးသပ်သွားမယ်လို့ ပြောတာပေါ့။ လယ်သမား ကတော့ လန ၃၉ ကို ပြောင်းတင်ဖို့မှ မရှိတာ။ လယ်သမားက လယ်ပဲစိုက် မယ်။ လုပ်ငန်းရှင် ကတော့ လုပ်ငန်းလုပ်ဖို့အတွက် ဓာတ်မြေသြဇာစက် တည်မယ်။ ဆန်စက်တည်မယ်။ ဒါတွေရှိတယ်။ စက်မှုဇုန်ကတော့ မြေဈေးေ တွ ကြီးနေတယ်။ ဒါပေမယ့် အစိုးရဘက်က စက်မှုဇုန်တွေ အကောင်အ ထည် ဖော်ပေးမယ်လို့တော့ ပြောထား တယ်” ဟု ပြောသည်။


စက်မှုဇုန် ဖော်ဆောင်ရာတွင် ဆက်စပ်နေသည့် ကျုးကျော်ကိစ္စရပ်များ ကို လည်း ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်၍ လှိုင်သာယာတွင် စတင်ဖြေရှင်း ရန် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပြီး လက်ရှိ တွင် လှိုင်သာယာ ၌ ကျူးကျော်စာရင်း ကောက်ယူရာတွင် ၄ သိန်း ၅ေ သာင်းကျော် ရှိလာကြောင်း သိရသည်။


လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ စက်မှုဇုန် ၂၉ ဇုန်ရှိပြီး ယင်းစက်မှုဇုန် များတွင် လျှပ်စစ်မီး အဆောက်အအုံပိုင်းနှင့် ရေဆိုးမှ ရေသန့်ဖြစ်အောင် ပြု လုပ်နိုင်သည်အထိ အဆင့်မြှင့်တင်မှုများကို ပုဂ္ဂလိကဏ္ဍများနှင့် ပူးပေါင်း လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။


Source : Irrawaddy

#realestate #property #lease #buy #sell #apartment #condo #flat#house#villa #residence #office #commercial #residential #realtor #agency#agent#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments