ပည်တွင်းအိမ်ရာစီမံကိန်းတွေကို အရှိန်မြှင့်ဖော်ဆောင်နေကြပေမဲ့ တန်ဖိုး နည်းအိမ်ရာစီမံကိန်းတွေကို လိုအပ်နေပါသေးတယ်လို့ သိရပါတယ် ။
‘တန်ဖိုးနည်းအိမ်ရာတွေက လိုအပ်ချက်တွေ ရှိနေသေးတယ် ၊ ဘာလို့လဲဆို ရင် အိမ်ရာဝယ်ယူသူများနေပြီးတော့ အခန်းတွေက လိုအပ်နေပါတယ် ၊ ပင် စင်စားတွေ ၊ အစိုးရလခစားတွေ ၊ ဝင်ငွေနည်းပြည်သူတွေနဲ့ ကျူးကျော်သူေ တွ အလိုက် လိုအပ်ပါတယ် ၊ အဲဒါကြောင့် များများရှိဖို့လိုပါတယ် ၊ ပြီးတော့ ဒဂုံအရှေ့မှာ တည်ဆောက်နေတဲ့ မဟာဗန္ဓုလအငှားအိမ်ရာဆို ခုထိေ တာင် နေထိုင်နိုင်တဲ့အဆင့်မရောက်သေးပါဘူး ၊ အဲဒါတောင် လျှောက်ထား သူတွေက ပင်စင်လစာစားတွေနဲ့ ဝန်ထမ်းတွေဟာဆိုရင် ၃၆,၀၀၀ လျှောက် လွှာတင်ခဲ့ကြပါတယ် ၊ တကယ်တမ်းပေးနိုင်တဲ့ အခန်းက ယူနစ်ပေါင်း ၁၂၀၀ ပဲရှိတယ် ၊ အဆပေါင်း ၃၀ လောက် ကွာနေပါတယ်’ လို့ အိမ်ခြံမြေအကျိုးေ ဆာင် တစ်ဦးက ပြောပါတယ် ။
ဆောက်လုပ်တဲ့ကုမ္ပဏီအနေနဲ့လည်း တန်ဖိုးနည်းအငှားအိမ်ရာတွေအပြင် တန်ဖိုးနည်းအငှားအိမ်ရာတွေအပြင် တန်ဖိုးနည်းနှစ်ရှည်အိမ်ရာတွေကို လည်း ရောင်းပေးသင့်ပါတယ် ။ တစ်လကို ကျပ် ၃၀,၀၀၀ လောက်နဲ့ နှစ် ၃၀ ၊ နှစ် ၅၀ လောက်ပေးပြီးတော့ အိမ်ရာပိုင်ဆိုင်နိုင်မယ်ဆိုရင် မဆိုးဘူးလေ ၊ အခုဆိုရင် ရှစ်နှစ်ကနေ ၁၀ နှစ်အထိ ရောင်းချပေးနေတာကို တွေ့ရပါတယ် ။ ဒါမျိုးလေးတွေကို များများလုပ်ပေးနိုင်ရင် ကောင်းပါတယ်လို့ အဲသည်အကျိုးေ ဆာင်ကပဲ ဆက်ပြီး ပြောခဲ့ပါတယ် ။
အိမ်ရာအကောင်အထည်ဖော်တဲ့ နေရာတွေကလည်း သွားလာရခက်ခဲပြီး အချိန်များစွာပေးရတဲ့ မြို့ပြင်လိုနေရာမျိုးတွေ ၊ မြို့ပြလိုအပ်ချက်မပြည်စုံေ သးတဲ့ နေရာတွေ ဖြစ်နေတာရယ် ၊ ဝယ်ယူပိုင်ဆိုင်ခွင့် တပြေးညီမဟုတ်ဘဲ ဦးစားပေးစနစ်တွေ ၊ မဲစနစ်နဲ့ ပိုင်ဆိုင်ဖို့အတွက် အများစုမှာ လက်လှမ်းမမီ တာတွေ ရှိနေပါတယ် ။
‘အစိုးရက အိမ်ရာစီမံကိန်းကို စပြီး အကောင်အထည်ဖော်တော့မယ်ဆိုတာနဲ့ ပထမဦးဆုံးသတင်းရရှိသူတွေနဲ့ အိမ်ခြံမြေကစားသူ ဝယ်ရောင်းတွေက ဦးြ ပီးအလုအယက်နေရာယူကြပါတယ် ၊ ပြီးတော့အမည်မပြောင်းဘဲ အဆင့် ဆင့်ပြောင်းလွှဲရောင်းချမှုတွေ ၊ ကောလဟာလလွှွင့် ဈေးကစားမှုတွေကြောင့် အိမ်ခြံမြေဈေးမှာ အမှန်တကယ်လိုအပ်ပြီး နေထိုင်မယ့် သူတွေအဖို့ လုံးဝ လက်လှမ်းမမှီတဲ့ အခြေအနေတောင် ရှိခဲ့ပါတယ် ၊ ဒါကြောင့် ဝယ်ယူနေ ထိုင် မယ့်သူ ၊ ငှားရမ်းနေထိုင်မယ့် သူပါ ရတက်မအေးစရာဈေးေ တွ ဖြစ်ခဲ့ရ ပါတယ် ၊ ဒါကြောင့် အဲဒီဟာတွေကို စနစ်တကျ စီမံဖို့ လိုအပ်ပါတယ်’ လို့ အိမ်ခြံမြေ အကျိုးဆောင် ကိုသူရက ပြောပါတယ် ။
အိမ်ရာချေးငွေတွေကိုလည်း နှစ်ရှည်နဲ့ တန်ဖိုးနည်းအိမ်ရာများများ လုပ်ပေးနို င်ရင် ပြည်သူတွေအတွက် အကျိုးရှိလိမ့်မယ်လို့ ဆိုပါတယ် ။
Source : The Kumudra
#realestate #property #lease #buy #sell #apartment #condo #flat#house
#villa #residence #office #commercial #residential #realtor #agency#agent
#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews