နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ရခိုင်ပြည် နယ် မောင်တောခရိုင် မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာတွင် တန်ဖိုး နည်းနေအိမ် အလုံး ၁ဝဝ ပါဝင်သော ကျေးရွာသစ်တစ်ရွာကို စတင်အေ ကာင်အထည်ဖော် ဆောက်လုပ်နေပြီဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
''အခု အကောင်အထည်ဖော်တည်ဆောက်ပေးတဲ့ တန်ဖိုးနည်းနေအိမ်အလုံး ၁ဝဝ က ဒုတိယသမ္မတရဲ့ လမ်းညွှန်ချက်အရ ကျွန်တော်တို့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေနဲ့ အကောင်အထည်ဖော် တည်ဆောက်ပေးတာဖြစ်ပါ တယ်။ အရင် ကျောက်ပန္ဒူရွာဟောင်းကတော့ အိမ်ခြေ ရဝ လောက်ရှိတယ်။ ခု တည်ဆောက် ပေးတာက ထပ်တိုးကျေးရွာသစ် ထပ်မံတိုးချဲ့ပေးတဲ့ သေ ဘာပါ။ ဒေသခံတိုင်းရင်းသား တွေအတွက် ရည်ရွယ်ဆောက် လုပ်ပေးတာြ ဖစ်ပါတယ်။
ကျေးရွာသစ်အိမ်ခြေ ၁ဝဝ မှာ အရင်ကျောက်ပန္ဒူရွာဟောင်းက မိသားစု အိမ်ထောင်ခွဲ တွေနဲ့ တခြားမြို့နယ်က ဆန္ဒပြုထားတဲ့ မိသားစုတွေကို နေရာ ချထားပေးသွားမှာပါ။ အားလုံး နိုင်ငံတော်က အကုန်အကျခံ တည်ဆောက်ေ ပးတာဖြစ်ပါတယ်။ မိသားစု ဝင်တွေအနေနဲ့ ဘာမှပေးဆောင်စရာ မလိုပါ ဘူး''ဟု နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာ န ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယဝန်ကြား ရေးမှူး ဦးစိုးလွင်က ပြော သည်။
အဆိုပါ တန်ဖိုးနည်းနေအိမ် အလုံး၁ဝဝ ပါဝင်သော ကျောက်ပန္ဒူကျေးရွာ သစ်ကို ပြီးခဲ့သောမတ်လပိုင်းက စတင်အကောင်အထည်ဖော်ခဲ့ပြီး နယ်စပ်ေ ဒသရန်ပုံငွေ ကျပ်$သန်းပေါင်း ၆၅ဝ ဖြင့် လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါကျေးရွာသစ်တွင် အလယ်တန်းကျောင်း မြေနေရာ၊ စျေးမြေနေရာ၊ အသေးစားစက်ရုံမြေနေရာ၊ ဘုန်း ကြီးကျောင်းမြေနေရာ၊ ရဲစခန်းမြေနေရာ ၊ ရေကန်မြေနေရာ၊ အုပ်ချုပ်ရေးမှူးရုံး မြေနေရာ၊ ကျန်းမာရေးဌာနခွဲမြေနေရာ၊ အားကစားကွင်းမြေနေရာစသည်ဖြင့် ကျေးလက်ဒေသတစ်ခုတွင် ရှိသင့်ရှိ ထိုက်သော ကဏ္ဍများ ပါဝင်ထည့်သွင်းထားပြီး မောင်တော မြို့ တောင်ပိုင်း ေ မာင်တော-အငူမော် ကားလမ်းဘေးတွင် အကောင် အထည်ဖော် တည်ေ ဆာက်လျက် ရှိသည်။
တန်ဖိုးနည်းနေအိမ်အလုံး ၁ဝဝကို တာဝန်ယူတည်ဆောက်ပေးနေသော နယ်စပ် ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည် နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံး(စစ်တွေ) မှ တာဝန်ခံအင်ဂျင်နီယာ ဦးဘိုသန်းေ ဌး (လက်ထောက် အင်ဂျင်နီယာ၊ မြို့ပြ)က “''လတ်တလောတော့ ရာခိုင်နှုန်း ၄ဝ လောက်ပြီးပြီလို့ ပြောလို့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေး၊ ဒေသ အေြ ခအနေနဲ့ တခြားအကြောင်း အရာလေးတွေကြောင့် အလုပ်သမားခေါ်ယူမှု အပိုင်းကအစ အခက်အခဲနည်းနည်းတော့ ရှိပါတယ်။ စီမံကိန်းကာလအနေနဲ့ အတိအကျ ဘယ်အချိန်ပြီးမယ် ပြောလို့မရပေ မယ့် အမြန်ဆုံးတော့ ကျွန်ေ တာ် တို့ ကြိုးစားပြီးလုပ်ဆောင်နေပါတယ်။ ‘ဒါကြောင့် ဒီနှစ်အတွင်းတော့ ဒီတန်ဖိုးနည်းနေအိမ် အလုံး ၁ဝဝ မှာ ဒေသခံတွေကို အမြန်ဆုံး နေရာ ချ ထားပေးနိုင်မှာပါ''ဟု ပြောသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် စတင်အေ ကာင် ထည်ဖော်နေသော ကျောက်ပန္ဒူကျေးရွာသစ်သည် အကျယ်အဝန်း အားဖြင့် ၂၁ ဧက ကျယ်ဝန်းပြီး ယခုအခါ နေ့စဉ်ပြည်တွင်း အင်ဂျင်နီယာများ အပါအဝင် အလုပ်သမား စုစုပေါင်း ၆ဝ ဝန်းကျင်ဖြင့် လုပ်ငန်းများ လုပ်ေ ဆာင် လျက်ရှိရာ လတ်တလော ရာခိုင်နှုန်း ၄ဝ ကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အိမ်အမျိုးအစားမှာ Precast အမျိုးအစားဖြစ်ပြီး ပေ (၆ဝ x ၄ဝ) ကျယ်ဝန်းကာ အမိုးမှာသွပ်မိုးဖြစ်သည်။ အိမ်တစ်လုံးချင်း တန်ဖိုးမှာ ငွေကျပ် ၆၅ သိန်း ကုန် ကျမည်ဖြစ်ပြီး ဒေသတွင်း တိုင်းရင်းသား လူမျိုးများနေထိုင်နိုင်ရန်အတွက် အမြန်ဆုံးအကောင်အထည်ဖော် လျက်ရှိပြီး အလုပ်အကိုင်အတွက် မိသားစု အလိုက် လယ်မြေများကိုလည်း ခွဲဝေ ပေးနိုင်ရန် ခရိုင်အုပ်ချုပ်ရေးရုံးမှ စီစဉ်ေ ဆာင်ရွက်လျက်ရှိသည်။ မောင်တောခရိုင် အတွင်း ယခုကဲ့သို့ အလားတူ တန်ဖိုးနည်းနေအိမ် ကျေးရွာသစ်များကို ထပ်မံတိုးချဲ့ တည်ဆောက်ေ ပးသွား ရန် စီစဉ်လျက်ရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
Source : MOI Webportal Myanmar
#realestate #property #lease #buy #sell #apartment #condo #flat #house
#villa #residence #office #commercial #residential #realtor #agency #agent
#tenant #leasing #yangon #myanmar #estate #estatemyanmar#estatemyanmarnews