နိုင်ငံ၏ နယ်စပ် ဒေသတစ်လျှောက် အထူးစီးပွား ရေးဇုန်များ တည်ဆောက်နို င် ရေး အစိုးရသို့ အကြံပြုတင်ပြထား သည်ဟု ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေး အသင်း ဥက္ကဋ္ဌဦးခင်မောင်အေးက ပြောသည်။
‘‘ကျွန်တော်တို့အနေနဲ့ SEZ (အထူးစီးပွားရေးဇုန်)ကို အဆိုပြု ထားတာတော့ မရှိသေးပါဘူး။ ဒါ ပေမဲ့ အကြံပေးထားတယ်။ နိုင်ငံ တော် အကြံပေးပုဂ္ဂိုလ်နဲ့ ပထမဆုံး အကြိမ်တွေ့တဲ့ပွဲမှာကတည်းက ကျွန်တော်ပြောတဲ့ မိန့်ခွန်းမှာ လည်းပါတယ်။ တရားဝင်လည်း စာရေးပြီး အဲဒီမိန့်ခွန်းကိုလည်း ပို့ထား တယ်’’ ဟု နေပြည်တော်တွင် ကျင်းပခဲ့သည့် Myanmar Investment Forum ပွဲအပြီး သတင်း စာရှင်းလင်းပွဲ၌ မီဒီယာများ၏မေး မြန်းမှုကို ဦးခင်ေ မာင်အေးက ဖြေ ကြားခဲ့သည်။
လက်ရှိတွင် အလုပ်အကိုင် ရှားပါးသည့်အတွက် မြန်မာနိုင်ငံ နယ်စပ်ဒေသ များမှ တစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ မြန်မာအ လုပ်သမားများ သွားရောက် လုပ် ကိုင်နေကြပြီး နယ်စပ်ဒေသတွင် စီးပွားရေးဇုန်ကြီးများ တည် ဆောက် မည်ဆိုပါက အလုပ်အ ကိုင်အခွင့်အလမ်းများ ရရှိလာနိုင် သည်ဟု ဦးခင်ေ မာင်အေးကပြော ကြားသည်။
နယ်စပ် ဒေသများတွင် အထူးစီးပွားရေးဇုန်များ မရှိသ ဖြင့် ပြည်တွင်းသို့ ေ ကျာ်လွန်ဝင် ရောက်လာသော တရားမဝင်ကုန် ပစ္စည်းများနှင့် လူပုဂ္ဂိုလ်များ လည်း ရှိနေသည်ဟု ၎င်းကဆို သည်။
‘‘အဲဒီလိုနေရာတွေမှာ SEZ (အထူးစီးပွားရေးဇုန်) တစ်ခုသွား လုပ်နိုင်ခဲ့ ရင် ကျော်ပြီးတော့လာတဲ့ လူတွေ တော်တော်ရပ်သွား မယ်။ အဲဒီလို လုပ်ြ ခင်းအားဖြင့် စီးပွားရေးခံတပ်ကြီးတွေလည်း ဖြစ်သွားတာပေါ့’’ ဟု ဦးခင်ေ မာင် အေးက ပြောသည်။
ထို့အပြင် တရုတ်နယ်စပ် မူ ဆယ်ဒေသ၊ ထိုင်းနယ်စပ်နေရာ အများစုနှင့် အိန္ဒိ ယနယ်စပ် တမူး တွင် SEZ (အထူးစီးပွားရေးဇုန်) များ ရှိစေချင်ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။
‘‘ဒီလို Special Economic Zone တွေ နယ်စပ်တွေမှာ ပေါ် ပေါက်လာခြင်း အားဖြင့် အလုပ် အကိုင်အခွင့်အလမ်း တွေလည်း ကောင်းလာရင် ကိုယ့် လူတွေ လည်း ဒီဘက်ပြန်ရောက်လာမှာ ပေါ့’’ ဟု ဦးခင်မောင်အေးက ဆို သည်။
စက်မှုဇုန်များ ဖြစ်ပေါ်ရေး သည် ပြဿနာများရှိနေပြီး ယင်း ပြဿနာများကြောက်၍ မလုပ်ပါ က ပြည်သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ နည်းပါး မည်ဟု ၎င်းက ထည့်သွင်း ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံသို့ SME ကိစ္စများအပြင် ကုန်သွယ်မှုနှင့် ပတ်သက်သော ကိစ္စရပ်၊ ငွေကြေးနှင့် ပတ်သက် သော ကိစ္စရပ်၊ ရင်းနှီးမြှုပ်နှံ မှုဆိုင် ရာကိစ္စရပ်များကို ထိန်းညှိမှသာ စီးပွားရေး မြင့်တက်လာမည်ဟု ထည့် သွင်းအကြံပေးထားကြောင်း ၎င်းက ဆိုသည်။
Source : 7DayDaily
#realestate #property #lease #buy #sell #apartment #condo #flat#house
#villa #residence #office #commercial #residential #realtor #agency#agent
#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews