သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များစွာ တည်ရှိသည့် ရန်ကုန်မြို့လယ် ပြန် လည် အသက်ဝင်လာပါက နိုင်ငံ၏ ခရီးသွားလုပ်ငန်းအား မောင်းနှင်ရာ အချက်အချာ ဖြစ်လာလိမ့်မည်ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းေ စာင့်ရှောက်ရေး (YHT) အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။
“အတွင်းဝန်ရုံး ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ရေးဟာ ပိုမိုကျယ်ပြန့်ပြီး သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်နေရာများစွာ တည်ရှိနေတဲ့ ရန်ကုန်မြို့ လယ် ပြန်လည် သက်ဝင် လှုပ်ရှားလာရင် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ အသေးစား စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာပြီး နိုင်ငံရဲ့ ခရီးသွားလုပ် ငန်းအား မောင်းနှင်ရာ အချက်အချာ ဖြစ်လာပါလိမ့်မယ်”ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦး က ပြောကြားသည်။
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့သည် ပြီးခဲ့သည့်
နှစ်များအတွင်း ရန်ကုန်မြို့၏ သမိုင်းဝင်အတွင်းဝန်ရုံး ပြုပြင် ထိန်းသိမ်းေ စာင့်ရှောက်ရေး လုပ်ငန်းများတွင် အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်လျက် ရှိပြီး ယင်းအဖွဲ့ စတင်တည်ထောင်ခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းကပင် အ တွင်းဝန်ရုံး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းသည် YHT ၏ အဓိကကျသော လုပ် ငန်းတစ်ခုအဖြစ် ရှိခဲ့ကြောင်း ၎င်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၂ ခုနှစ် မတိုင်ခင်က အတွင်းဝန်ရုံးအား အစိုးရက အနော်မာ အဖွဲ့ သို့ နှစ်ရှည် ငှားရမ်းခဲ့ကြောင်း သိရသည်။ အစိုးရအဖွဲ့၏ တောင်းဆိုချက်အရ YHT သည် အတွင်းဝန်ရုံးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံမှု အစီအ စဉ်အား ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ရေးဆွဲခဲ့ကြောင်း သိရသည်။
“အတွင်းဝန်ရုံးဟာ သမိုင်းဝင် အရေးပါမှုများစွာ တည်ရှိနေတဲ့ နေရာဖြစ် ပြီး မြန်မာ့ကိုလိုနီခေတ်သမိုင်း၊ နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းအပါအဝင် အစောပိုင်းလွတ်လပ်ပြီး ခေတ်အုပ်ချုပ်ရေး အခြေအနေများနဲ့ ချိတ်ဆက်ပေး တဲ့ ရုပ်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အတွင်းဝန်ရုံးလို အရေး ပါတဲ့ အမွေအနှစ် အဆောက်အအုံတွေကို ထိန်းသိမ်းခြင်းအားဖြင့် အများြ ပည်သူတွေအနေနဲ့ အတိတ်ဖြစ်ရပ်များအပေါ် ပိုမို အသိအမှတ်ပြုလာ ရုံ သာမက အနာဂတ်အတွက် ဆန်းသစ်မှုတွေ ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။
အတွင်းဝန်ရုံး ထိန်းသိမ်းစောင့်ရှောက်ရေး စီမံမှုအစီအစဉ် (CMP) သည် မြန် မာနိုင်ငံတွင် ပထမဆုံးသော အစီအစဉ်ဖြစ်သည်။ CMP ဆိုသည်မှာ နေရာ တစ်ခု၏ အမွေအနှစ်ဆိုင်ရာ ထူးခြားချက်များအား ဖော် ထုတ်ပြီး ပြန်လည်ြ ပုပြင်ရာတွင် ယင်းထူးခြားချက်များအား သေချာစွာ ထိန်းသိမ်းစောင့်ေ ရှာက်နိုင်ရန် စည်းမျဉ်းများနှင့် လမ်းညွှန်ချက်များ ချမှတ်ပေးသည့် အစီအမံ တစ်ရပ်ဖြစ်ကြောင်း သိရသည်။
အတွင်းဝန်ရုံး အဆောက်အအုံ၏ သူမတူ ထူးခြားသော ယဉ်ကျေးမှုဆိုင်ရာနှ င့် အဆောက်အအုံဆိုင်ရာ အမွေအနှစ်များအား စနစ်တကျ ထိန်းသိမ်းေ စာင့်ရှောက်နိုင်ရန်အတွက် အစိုးရ၏ တောင်းဆိုချက်အရ YHT သည် နှစ် ရှည်ငှားရမ်းသူများအား နည်းပညာပိုင်းဆိုင်ရာ အကူအညီနှင့်အကြံဉာဏ် များ ပေးလျက်ရှိကြောင်း သိရသည်။
၂၀၁၇ မေလအတွင်းက YHT သည် အနော်မာအဖွဲ့နှင့်အတူ သမိုင်းပ ညာရှင်များ၊ ပြတိုက်ပညာရှင်များနှင့် တွေ့ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် အစည်းအဝေးခန်း ကို ပြန်လည်ပြုပြင်ရေးအတွက် အကြံဉာဏ်များ တောင်းခံရယူခဲ့ကြောင်း သိရသည်။
့YHT သည် ယင်းအစည်းအဝေး ခန်းမသာမက အတွင်းဝန်ရုံး ပရဝဏ် အတွင်းရှိ ယခင် လွှတ်တော်အဆောက်အအုံတို့အား မူလ လက်ရာ မပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် နည်းပညာဆိုင်ရာ အကူအညီများ ပေးလျက်ရှိကြောင်း သိရသည်။
Source : Eleven Media Group
#realestate #property #lease #buy #sell #apartment #condo #flat#house
#villa #residence #office #commercial #residential #realtor #agency#agent
#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews