(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

လမ်းကောင်းပေါ်မေးတင်သည့် မြေကွက်များကို ဝယ်ယူရန် အချိန်ကောင်းဖြစ်နေ

မန္တလေးမြို့ရဲ့ လတ်တလော အိမ်ခြံမြေ စျေးကွက် အနေအထားမှာ မြို့ကွကြ်သစ် ဧရိယာအတွင်းမှာ အဓိက လမ်းကောင်းလမ်းမပေါ်တွင်မေးတင်နေသည့် မြေကွက်တွေကို ဝယ်ယူဖို့ အချိန်ကောင်းဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ချို့က ပြောပါတယ်။
မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ မြို့ကွက်သစ် ဧရိယာအတွင်းမှာရှိတဲ့ အဓိက လမ်းမကြီးပေါ်မှာရှိတဲ့ မြေကွက်တွေကို နေထိုင်ဖို့၊ ဒါမှမဟုတ် ရင်နှိးမြုပ်နှံဖို့ ကောင်းတဲ့ အချိန်ဖြစ်နေပြီ အထူးသဖြင့် ရေရှည်ရင်းနှီး မြုပ်နှံထထားနိုင်ရင် အကျိုးကျေးဇူးများဖို့ ရှိနေပါသည်။
အိမ်ခြံမြေစျေးကွက်က အရောင်းဝယ်မသွက်တာကြောင့် လူနေထူထပ်မှုများတဲ့ ဧရိယာတွေကလွဲရင် ကျန်နေရာ အများစုမှာခေါ်စျေးတွေ မမာနိုင်ကြပါဘူး။လက်ရှိမှာ လမ်းမကြီးပေါ်တွင် မေးတင်ရင် ပေ 40xပေ60 ဆိုရင် သိန်း 1000 ပတ်ချာလည်ရနိုင်သလို မြေအကျယ်က ပုံမှန်ထက် ကျဉ်းရင်တော့ ကျပ်သိန်း 500 အောက်ရနိုင်တဲံ မြေအကွက်ကွင််းတွေရှိနေပါသည်။
မြေကွက်တန်ကျေး ကျပ်သိန်း 500 အောက် စျေနှုန်းတွေက မြေကျဉ်းဆိုပေမဲ့ ပျမ်းမျှ ပေ30၊ ပေ40 ရှိတဲ့ မြေကွက်တွေပါ။ဒီလောက်မြေကွက်အကျယ်ပေးမှယ အဆောက်အအုံကောင်းကောင်း ဆောက်လုပ်လိုက်လျှင် နေထိုင်လို့ရပြိး အဓိက အားသာချက်က လမ်းမကြီးပေါ်တွင် တင်တဲ့ အချက်ပါ။ရေရှည်မှာ အိမ်ခြံမြေစျေးကွက်မှာ ဒီအချက်က ကောင်းကောင်းစကားပြောလာမှာဖြစ်ပြီးမြေကွက်တည်နေရာနှင့် အကျယ်အဝနးအရ ကျပ်သိန်း 400 ပတ်ချာလည်စျေးပေးရင် ရနိုင်တဲ့မြေကွက်တွေရျိပြီး လက်ထဲမှာ ငွေလုံး ငွေရင်းရှိရင် ဝယ်သင့်တဲ့ အချိန်းဖြစ်ပါတယ်။
ဒီစျေနှုနးဖြင့်ရနိုင်တဲ့ မြို့ကွက်သစ် ဧရိယာတွေထဲမှာ လမ်းမကြီးတွေတစ်ချို့ကို လမ်းချော လမ်းကောင်းအဖြစ် တွေ့ရအုန်းမာ မဟုတ်ပါဘူး။ဒါပေမဲ့ လတ်တလော လမ်းမကောင်းနဲ့ လမ်းကောင်းကောင်းတွေရဲ့ ချိတ်ဆက်မှုက ပိုအားကောင်းနေပြီ လူဦးရေကလဲ တစ်နှစ်ထက် တစ်နှစ်တိုုးလာနေကာ လမ်းကောင်းတွေလဲ ပိုများလာနေပါသည်။အဓိက လမ်းကောင်းလမ်းမကြီးပေါ် တည်ရျိတဲ့ အားသာချက်ဟာ အိမ်မြေ အရာင်းအဝယ်လုပ်ရာမှာ ကြီးလွန်းပါသည်။လတ်တလော စျေးနှုန်းအနေအထားရ ကြားလမ်းတွေရျိတဲ့ စျေနှုန်းတွေနဲ့ ယှဉ်ရင် ကျပ်100၊ ကျပ် 150 စသဖြင့်ကွာခြားချက်ရှိပေမဲ့ ရေရှည် အကျိုးကေးဇူးဖြင့်တွက်လျှင် ရမည်အကျိုးကျေးဇူးက အများကြီးကွာခြားသွားနိုင်ကြောင်း အကျိုးဆောင်တစ်ချို့ရ သုံးသပ်ပါသည်။
မြေအကျယ် စတုရန်းပေ 1200 အောက်ရျိတဲ့ မြေကွက်တွေကို ဂရံထုတ်ပေးတော့မယ်လို့ မကြာခင်က စည်ပင်က ေြးငြာထားပါယသည်။ဒီအချက်ဟာ မြေကျဉ်း မြေကွက်ငယ်တွေကို စိတ်ဝင်စားမှုပိုလာနိုင်ပြီး မြို့ကွက်သစ်တွေမှာ နေထိုင်မှု ပိုများလာနိုင်ကာ တစ်ဖက်မှာ လမ်းကောင်လမ်းမကြီးတွေပေါ်က မြေကွက်တွေအပေါ် ကောင်းမွန်တဲ့ အငျိုးသေက်ရောက်မှုပေးနိုင်လိမ့်မယ်လို့ အကျိုးဆောင်အချို့က ယူဆထားပါသည်။
Source : Myanmar Time
#realestate #property #lease #buy #sell #apartment #condo #flat#house
#villa #residence #office #commercial #residential #realtor #agency#agent
#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments