လာမယ့် ၂၀၁၈ ခုနှစ်မှာဆိုရင် မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်ဟာ တည်ငြိမ်တဲ့ဈေးကွက်တစ်ခုအနေနဲ့ ဖြစ်ပေါ်နိုင်တယ်လို့ မန္တလေးမြို့ အိမ်ခြံမြေအကျိုးဆောင်အဖွဲ့ကသုံးသပ်ပါတယ်။
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်ဟာ မြန်မာနိုင်ငံကဈေးအကြီးဆုံးမြို့တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာတော့ အိမ်ခြံမြေဈေးကွက်ဟာ အေးစက်စက်ဈေးကွက်တစ်ခုဖြစ်လာခဲ့ပါတယ်။
ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေရောင်းဝယ်ရေးအကျိုးဆောင်လုပ်ငန်းမှ ဦးတင်မောင်က ဥပဒေလဲပေါ်လာရင်တည်တည်ငြိမ်ငြိမ် နဲ့ ရှေ့ဆက်သွားမယ်၊ ဝုန်းခနဲတက်တာတို့ကျတာတို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။
အခုလက်ရှိမှာ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု
ဥပဒေကြမ်းကို ရေးဆွဲနေပြီး သည်နှစ်အတွင်းမှာ ပြည်သူ့လွှတ်တော်ကိုတင်နိုင်ဖို့ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်တွေက အေးစက်ခဲ့တဲ့ အိမ်ခြံမြေဈေးကွက်ဟာ အခုနှစ်သင်္ကြန်ပြီး နောက်ပိုင်းကစပြီး အရောင်းအဝယ်သွက်လာခဲ့ရာကနေ အခုအခါမှာတော့ အရောင်းရော အငှားရောသွက်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ကာလတွေက ကျဆင်းသွားခဲ့တာက နိုုင်ငံရဲ့စီးပွားရေး၊ ပြည်သူရဲ့စီးပွားရေးတွေနဲ့လဲဆိုင်တယ်၊ ဆိုင်တော့ အိမ်ခြံမြေ ဝယ်အားကျတယ်၊ အခုကမဖြစ်မနေဝယ်ကြတော့ ဝယ်လိုအားပြန်တက်လာတယ်လို့ ဦးတင်မောင်ကပြောပါတယ်။
အရောင်းအဝယ်ပြန်ဖြစ်နေတဲ့ မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၂ ခုုနှစ်ကနဲ့စာရင်တော့ တချို့နေရာတွေဟာ ၂၀ ရာ ခိုင်နှုန်းလောက်အထိဈေးကျဆင်းနေပြီး တချို့နေရာတွေကတော့ ၃၀ ရာခိုင်နှုန်းလောက်အထိကျဆင်းနေကာနေထိုင်ဖို့အ တွက်ဝယ်ယူကြတာဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၇ ခုနှစ် အိမ်ခြံမြေဈေးကွက်ဟာ ဈေးနှုန်းမတက်တဲ့နှစ်ဖြစ်ပေမဲ့ လာမယ့်နှစ်မှာဈေးကွက်ပြန်ကောင်းလာဖို့အစပျိုးတဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့ မန္တလေးမြို့ ဝါရင့် အိမ်ခြံမြေအကျိုးဆောင်အချို့က သုံးသပ်ပါတယ်။
Source : The Kumudra
#realestate #property #lease #buy #sell #apartment #condo #flat#house
#villa #residence #office #commercial #residential #realtor #agency#agent
#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews