ဒဂုံမြို့သစ် (တောင်ပိုင်) မြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်ကို ဆက်သွယ်သွားမယ့် ကမာကြည်တံတားအမှတ်(၂) ကို သည်လပိုင်းမှာ စတင်တည်ဆောက်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား )က သိရပါတယ်။
‘ ဒီလ ၁၅ ရက်နေ့က စာချုပ်ချုပ်တယ်၊ ၂၀၁၈ ခုနှစ် ၊ ငါးလပိုင်းလောက် ပြီးစီးမယ် ၊ တည်ဆောက်ပြီးစီးရင်တော့ တောင်ဒဂုံကကမာကြည်လမ်းပေါ်တက်ချင်တဲ့သူတွေ ဒီဘက်ကို လာလို့ရပြီ၊ အများပြည်သူသွားလာတဲ့ ယာဉ်ကြောတွေလဲ လျော့ကျသွားမယ် ‘ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သည်တံတားကို သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏမြို့ဦးစေတီနားနဲ့ ဒဂုံမြို့သစ်(တောင်ပိုင်) မြို့နယ်ရှိ မိုးကုတ်လမ်းကို ချဉ်းကပ်ကာ နို်ဝင်ဘာ ၁၅ရက်နေ့ စတင်တည်ဆောက်မှာဖြစ်ပြီး ခြောက်လအတွင်း အပြီးတည်ဆောက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကမာကြည်တံတား အမှတ်(၂)အကျယ်မှာ ၁၁.၅ မီတာ အကျယ်ရှိပြီး နှစ်လမ်းသွား တံတားအဖြစ် တည်ဆောက်မှာဖြစ်တယ် ။။တံတားအရှည်မှာ ၂၅၈ မီတာရှည်လျားပြီး ၅.၈ ဘီလျံ အကုန်အကျခံကာ တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကမာကြည်တံတားအမှတ်(၂)ကို တည်ဆောက်ဖို့ လျှောက်လွှာတွေကို ၂၀၁ရခုနှစ် စက်တင်ဘာလက တင်ဒါခေါ်ယူခဲ့ပြီး မြတ်နိုးသူ ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခွင့် ရရှိခဲ့တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေ ကော်မတီက သိရပါတယ်။
Source : The Kumudra
#realestate #property #lease #buy #sell #apartment #condo #flat#house
#villa #residence #office #commercial #residential #realtor #agency#agent
#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews