ရန်ကုန်မြို့နှင့်ဒလမြို့နယ်တို့ဆက်သွယ်သွားလာနိုင်မည့်ဒလတံတားစီမံကိန်းကိုစတင်တော့မည်ဖြစ်သောကြောင့်တံတားဆောက်လုပ်မည့်နေရာနှင့်မလွတ်ကင်းဖြစ်နေသည့်နေအိမ်များနှင့်ဆိုင်ခန်းများကိုလာမည့်ဒီဇင်ဘာလအတွင်းအပြီး ပြောင်းရွှေ့ရမည်ဖြစ်ကြောင်းဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကသိရသည်။ '' အခုပြောင်းခိုင်းတာတွေကလည်းကျူးကျော်နေအိမ်နဲ့ဆိုင်ခန်းတွေဖြစ်ပါတယ်။တရားဝင်နေရာဆိုလို့ကူတို့ဆိပ်(သမ္ဗာန်ဆိပ်)တွေပဲ ရှိတယ်။ သူတို့ကို ဒီဇင်ဘာလထဲမှာအပြီး ပြောင်းရမှာပါ။ပြောင်းတဲ့အခါမှာလည်းပြောင်းရွေ့စရိတ်ပေးမှာပါ။ကူတို့ဆိပ်ကိုတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေရာတစ်ခုရှာပြီး အသစ် ပြန်လုပ်ပေးမှာပါ၊နေအိမ်နဲ့ဆိုင်ခန်း ၇၀ ကျော်လောက်ရှိတယ် ရွှေ့ပြီးတာနဲ့တံတားစီမံကိန်းစမယ် ''ဟု ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးဦးယဉ်ထွေးကပြောသည်။ ပြောင်းရွှေ့စရိတ်နှုန်းထား ကိုနေအိမ်အကြီးအသေးစျေးဆိုင်အကြီးအသေးအပေါ်မူတည်၍သတ်မှတ်ပေးမည်ဖြစ်သော် လည်းနှုန်းထားကိုတိကျစွာမသတ်မှတ်ရသေးကြောင်း ယင်းကဆက်လက်ပြောကြားသည်။
Source : Pyi Myanmar
#realestate #property #lease #buy #sell #apartment #condo #flat#house
#villa #residence #office #commercial #residential #realtor #agency#agent
#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews