(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

စီးပွားရေးတိုးတက်ပြောင်းလဲရန်အတွက် အရေးကြီးသော အခြေခံ အဆောက်အအုံ

အခြေခံ အဆောက်အအုံဆိုသည်မှာ ဗိသုကာ၊အင်ဂျင်နီယာများနှင့် မြို့ပြ ဖွံ့ဖြိုးရေးနှင့် မရှိမဖြစ်လိုအပ်သော အဆောက်အဦ၊ဝန်ဆောင်မှုများနှင့် အဖွဲ့အစည်းဖွဲ့စည်းပုံများဖြစ်သည်။


သမိုင်းဦးဘုံမြေစနစ်မှ စ၍ လူသားတို့၏ ယဉ်ကျေးမှု အဆင့်ဆင့် တိုးတက်ပြောင်းလဲ လာသကဲ့သို့ပင် နေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ပေးသည့် နည်းပညာများလည်း ပြောင်းလဲတိုးတက်လာရန် တဖြည်းဖြည်း တီထွင်ဆန်းသစ်လာခဲ့ကြပါသည်။


ထိုမျှမကသေး အခြေခံအဆောက်အအုံတွင် ရေ၊လျှပ်စစ်မီး၊မိလ္လာနှင့် ကုန်သွယ်မှု၊ ပို့ဆောင်မှုနှင့်ပါ ဆက်နွယ်လျက်ရှိသည်။နိုင်ငံအားလုံးရှိ အခြေခံ အဆောက်အအုံများ တွင် ဤစနစ်များပါဝင်သည်။


အခြေခံ အဆောက်အအုံ စနစ်များတွင် လမ်း၊ဥမင်လှိုဏ်ခေါင်းများနှင့် တံတားများ၊ရထားနှင့် သံလမ်းများအကူးအပြောင်းစနစ်၊တယ်လီဖုန်းလိုင်းများနှင့် ဆဲလ်ဖုန်းတာဝါတိုင်၊ဆည်များနှင့်ရေလှောင်ကန် ၊ဟာရီကိန်းအတားအဆီးများ၊တူးမြောင်းများနှင့် ဆိပ်ကမ်းများ၊လျှပ်စစ်ပါဝါလိုင်းများနှင့် ဆက်သွယ်မှု၊မီးသတ်စခန်းများနှင့် ပစ္စည်းကိရိယာများ၊ဆေးရုံများ၊စာတိုက်များ၊ပြည်သူ့ဥယျာဉ်နှင့်

အစိမ်းရောင် အခြေခံအဆောက်အအုံတို့ပါဝင်သည်။


အခြေခံ အဆောက်အအုံတည်ဆောက်ရေး ဆိုင်ရာ ဆက်သွယ်ရေး၊ ကုန်သွယ်မှု အဆင်ပြေစေရေး၊ ငွေကြေး ရောင်းဝယ်မှု၊ နိုင်ငံများမှ ပြည်သူများ အကြား အပြန်အလှန် သိရှိနားလည်မှုတိုးပွားစေရေး အတွက် ဆက်သွယ်ရေးကဏ္ဍသည်လည်း အရေးပါသည်။


ဖွံ့ဖြိုးတိုးတက်ရန် အရှိန်ယူနေသော ရန်ကုန်မြို့တွင်လည်း အခြေခံအဆောက်အအုံများစွာ လိုအပ်နေသေးသည်။


ယနေ့ခေတ် ရန်ကုန်မြို့တွင် ဟိုတယ်နှင့် ခရီးသွားလာလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်း၊ပို့ဆောင်ရေးလုပ်ငန်းများအပြင် စက်မှုဇုန်များသည်လည်း တွင်ကျယ်လာသည်။


အခြေခံအဆောက်အအုံ တွင် ရင်းနှီးမြှုပ်နှံမှုသည်လည်း အရေးပါသည်။ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေကြသော ရန်ကုန်မြို့သည် နိုင်ငံတကာလေကြောင်း၊ရေကြောင်းနှင့်ကုန်းလမ်းခရီးများပါ ချိတ်ဆက်သွားလာနိုင်သည်မို့ စီးပွားရေးလုပ်ငန်းများ ပွင့်လင်းလာပြီး ကွန်ရက်သဖွယ် ဆုံမှတ်ဖြစ်လာသည့် မြို့ကြီး တစ်မြို့ ဖြစ်လာသည်။


နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများသည်လည်း ဆက်တိုက်လာနေသည်ဖြစ်ပြီး ရန်ကုန်မြို့တွင် စီးပွားရေးအခွင့်အလမ်းများအား နေ့စဉ်နှင့်အမျှ လာရောက်လေ့လာ ဆန်းစစ်နေသူများလည်း ရှိသည်။


စီးပွားရေးလုပ်ငန်းများ အခြေတကျဖြစ်ထွန်းရန်အတွက် တည်ငြိမ်မှုများ၊အကောင်းဆုံးနည်းလမ်းများ၊စီးပွားရေးအတွက်ဖြေလျှော့ပေးနိုင်မည့်အတိုင်းအတာများအား


အကောင်အထည်ဖော်နိုင်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် အရှိန်အဟုန်နှင့် စီးဝင်လာနိုင်သည်။


Source : Myanmar Builders Guide

#realestate #property #lease #buy #sell #apartment #condo #flat#house


#villa #residence #office #commercial #residential #realtor#agency #agent


#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments