(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

အခွန်ဥပဒေအသစ်ကြောင့် အိမ်ခြံမြေ ဝယ်လိုအား များလာနိုင်ဖို့ ခန့်မှန်း

ဆောက်လုပ်ရေးစျေးကွက် အခွန်ဥပဒေသစ်ကြောင့် ပြန်အားကောင်းလာနိုင်ဖို့ မျှော််မှန်းထား ကြောင်း ဆောက်လုပ်လုပ်ငန်းရှင့်တချို့ကပြောပါတယ်။


၂၀၁၈ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလက ရန်ကုန်နဲ့ မန္တလေးလုပ်ငန်းရှင်တွေက အခွန်လျှော့ချပေးဖို့ တောင်းဆိုခဲ့ကြပြီး ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ အစိုးရက အခွန်ရှောင်ထား တဲ့ ငွေတွေကို သက်သာတဲ့နှုန်းထားတွေနဲ့ တနှစ်အတွင်းမှာ အခွန်ဆောင်ဖို့ အခွန်ကောက် ဥပဒေကြမ်းကို လွှတ်တော်မှာ တင်သွင်းခဲ့ကြောင်း သိရပါတယ်။


အဲသည်ဥပဒေကြမ်းကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ထောက်ခံခဲ့ကြပါတယ်။ အိမ်ခြံမြေ စျေးကွက်ကို ငွေတွေပြန်ဝင်လာနိုင်သောကြောင့် အိမ်ခြံမြေဝယ်လိုအား များလာနိုင်တယ်လို့ သိရပါတယ်။


ဥပဒေမှာ ပြဌာန်းထားတဲ့ တစ်နှစ်ဆိုတဲ့ အတိုင်းအတာက မလုံလောက်ပေမဲ့ အခွန်ဥပဒေမှာ တစ်နှစ်တခါပြောင်းလဲတတ်တာကြောင့် တနှစ်အတွင်းမှာ အခြေအနေကောင်းခဲ့ရင် အချိန်ထပ်မံ တိုးပေးဖို့ အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်သွားနိုင်တယ်လို့လည်း သိရပါတယ်။


ဒါ့အပြင် မြန်မာနိုင််ငံရဲ့ကုမ္မဏီ ဥပဒေသစ်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ငွေတွေ စီးဝင်လာနိုင်သလို ကွန်ဒိုနည်းဥပဒေကြောင့်လည်း အိမ်ခြံမြေစျေးကွက် ပြန်လှုပ်ခတ်လာနိုင်တယ်လို့ သိရပါတယ်။


Source : The Modern

#realestate #property #lease #buy #sell #apartment #condo #flat#house


#villa #residence #office #commercial #residential #realtor#agency #agent


#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments