(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ပင်လုံအငှားအိမ်ရာတည်ဆောက်ရေး စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရေပုန်းရပ်ကွက်တွင် သမ္မတ၏ အထူးရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ပင်လုံအငှားအိမ်ရာ တည်ဆောက်ရေး
လုပ်ငန်းအား စံချိန်စံညွှန်းပြည့်မီစွာ တည်ဆောက်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ပင်လုံအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းတွင် အဆောက်အအုံတစ်လုံး၌ ခြောက်ခန်းတွဲ လေးထပ် အခန်း ၂၄ ခန်းရှိ၍ အဆောက်အအုံခုနစ်လုံး တည်ဆောက်ပြီးစီးခဲ့ပြီး ၂ဝ၁၈-၂ဝ၁၉ ကာလတိုဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပင်လုံအိမ်ရာနှင့် ဆက်စပ်လုပ်ငန်း ၁၇ မျိုးကိုDiamond Tri Tech ကုမ္ပဏီ၊ ကျော်နေစိုးကုမ္ပဏီ၊ ရိုးမာန်အားကုမ္ပဏီတို့က တာဝန်ယူ ဆောင်ရွက်နေမှုများကို ဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလတွင် သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာဖြင့် ဆောင်ရွက် ကြရန် မှာကြားသည်။ထို့နောက် ပင်လုံအငှားအိမ်ရာ ယာယီရှင်းလင်းဆောင်တွင် ပင်လုံအငှားအိမ်ရာ ဆက်စပ်လုပ်ငန်း ၁၇ မျိုးကို တာဝန်ယူ တည်ဆောက်နေကြသော ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မြိတ်ခရိုင် တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုက ဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

Source: The Mirror

Facebook comments