(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

အိမ်ခြံမြေ အကျိုးဆောင်များကို ထိန်းချုပ်နိုင်မည့် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်း အမြန်ဆုံးအတည်ပြုပေးရန် တောင်းဆို

အိမ်ခြံမြေအကျိုး ဆောင်များနှင့် ပွဲစားများကိုထိန်း ချုပ်ရန် စည်းကမ်းများပါဝင်သည့် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေ ကြမ်းကို အမြန်ဆုံးအတည်ပြုပေး ရန် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသင်းကယ မန်နေ့တွင် တောင်းဆိုသည်။


ယမန်နေ့က နေပြည်တော် တွင် မြန်မာနိုင်ငံအိမ်ခြံမြေလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းက အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေ ကြမ်းကို ရှင်းလင်းပွဲတစ်ရပ်ပြု လုပ်ခဲ့သည်။


ယင်းဥပဒေကြမ်းသည် အိမ် ခြံမြေအကျိုးဆောင်ကျင့်ဝတ်နှင့် ထိန်းသိမ်းလိုက်နာရမည့် စည်း ကမ်းများကို အဓိကထားရေးဆွဲ ထားပြီး အိမ်ရှင်ဘက်မှလိုက်နာ ရမည့်စည်းကမ်းအနေဖြင့် ပေး သင့်ပေးထိုက်သည့် အကျိုး ဆောင်ခပေးရန် တာဝန်သာရှိ သည်ဟု ထည့်သွင်းဖော်ပြထား ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအ သင်းဗဟိုအလုပ်အမှုဆောင် ဦး နန္ဒကျော်က ရှင်းလင်းပြောကြား သည်။


‘‘အကျိုးဆောင်တွေကို အ ဓိကထိန်းချုပ်ဖို့ ကြုံရာလူဝင်ပြီး ကြုံသလိုမလုပ်သွားအောင်၊မမှန် မကန်မလုပ်အောင် ကျွန်တော်တို့ အဓိကထားဆွဲထားတာပါ’’ ဟု ၎င်းကဆိုသည်။


လယ်ယာမြေများကို တရား မဝင်ရောင်းချခြင်း၊ အစိုးရပိုင် မြေပေါ်များတွင် တရားမဝင်နေ ထိုင်ခြင်းတို့ကို ပွဲစားများလုပ်ကိုင် မှုများရှိနေပြီး အသက်မွေးဝမ်း ကျောင်းအဖြစ် လုပ်ကိုင်နေသော အကျိုးဆောင်များအနေဖြင့်ယင်း လုပ်ရပ်မျိုး လုံးဝလုပ်ကိုင်မည် မဟုတ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌဦးတင်မောင်ကပြောသည်။


‘‘ဒီလိုလုပ်တဲ့လုပ်ငန်းတွေ အပေါ်မှာ ဥပဒေနဲ့အညီ လိုင်စင်နဲ့ လုပ်ရမယ်ဆိုရင် လိုင်စင်မရှိတဲ့ ပွဲစားတွေ မတရားလုပ်ရင်အရေး ယူလို့ရမယ်။ လိုင်စင်ရှိတဲ့ပွဲစား မတရားလုပ်၊ အရေးယူလို့ရမယ်’’ ဟု ၎င်းကရှင်းပြသည်။


လက်ရှိတွင် အရေးယူနိုင် သည့်ဥပဒေမရှိသဖြင့် မြေယာ ပြဿနာအမှုအခင်း များစွာဖြစ်ပေါ်နေသောကြောင့် အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်းသည် ရှိသင့်ရှိထိုက်ကြောင်း ဦးတင်မောင်က ပြောသည်။


‘‘နောက်ကျပြီးမှ ဆွဲမယ်ဆို ရင် အမှုအခင်းတွေနဲ့ပိုင်ဆိုင်မှု ပြဿနာတွေက ဒီထက်ပိုပြီးဖြစ် ပွားနိုင်စရာအကြောင်းပဲ ရှိပါ တယ်။ လျော့ပါးနိုင်စရာအ ကြောင်းမရှိပါဘူး’’ ဟု၎င်းကပြော သည်။


ဥပဒေကြမ်းတွင် လိုင်စင်မရှိ ဘဲ အသက်မွေးဝမ်းကျောင်းအ ဖြစ် အိမ်ခြံမြေဝန်ဆောင်မှုလုပ် ငန်းလုပ်ကိုင်သူကို ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၃၀ အထိ ငွေ ဒဏ်ဖြစ်စေ နှစ်ရပ်စလုံးဖြစ်စေချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။


ယင်းဥပဒေကြမ်းကို လက်ရှိ တွင် ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းကော်မတီအနေဖြင့် လွှတ် တော်သို့ အစီရင်ခံစာတင်သွင်းရန် အနေအထားသို့ရောက်ရှိနေပြီး မကြာမီ ဆွေးနွေးနိုင်မည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ဥပ ဒေကြမ်းကော်မတီအဖွဲ့ဝင်ဦးနေ မျိုးထွန်းက ပြောသည်။


Source : 7Daydaily

#estatemyanmar #realestate #property #lease #buy #sell #apartment#condo #flat #house #villa


 #residence #office #commercial #residential#realtor #agency #agent #tenant #buyer #investor 


#leasing #yangon#myanmar #estate #HMMLJune2018 #Special

Facebook comments