ပြည်တွင်းငွေကြေးစျေး ကွက်တွင် နှစ်လကျော်အတွင်း ကန်ဒေါ်လာတန်ဖိုး ၉ ရာခိုင်နှုန်း ခန့်မြင့်တက်ပြီး ဩဂုတ် ၃ ရက် တွင် တစ်ဒေါ်လာကျပ် ၁,၄၆၀ သို့ ရောက်လာသည်။
ဇွန်လ ၁ ရက်က ကျပ် ၁,၃၅၀ ခန့်စျေးရှိသော ကန်ဒေါ် လာတန်ဖိုးသည် နှစ်လကျော်အ တွင်း တစ်ဒေါ်လာကျပ် ၁၁၀ တက်လာသည်။
လက်ရှိအစိုးရသက်တမ်း ၂ နှစ်ကျော်အတွင်း နိုင်ငံခြားငွေ တန်ဖိုးစံချိန်တင်မြင့်တက်ခြင်း ဖြစ်ပြီး တစ်ဒေါ်လာကျပ် ၁,၅၀၀ အထိရောက်လာနိုင်သည်ဟု စီး ပွားရေးလုပ်ငန်းရှင်အချို့က မှန်း ဆသည်။
‘‘ကျပ်ငွေက ထပ်ကျနိုင် သေးတယ်’’ ဟု စီးပွားရေးပညာ ရှင်ဒေါက်တာအောင်ကိုကိုက သူ ၏အမြင်ကိုပြောသည်။ နိုင်ငံ့စီး ပွားရေးသည် အရေးကြီးသည့်အ ခြေအနေတွင် ရှိနေပြီး ဒေါ်လာ တန်ဖိုးမြင့်တက်၍ ကျပ်ငွေတန် ဖိုးကျဆင်းသည်ကို အကျိုးရှိစွာ အသုံးချနိုင်ရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။
လက်ရှိ ပြည်တွင်းငွေကြေး စျေးကွက်တွင် ဒေါ်လာတန်ဖိုး မြင့်တက်နေခြင်းက နိုင်ငံတကာ အခြေအနေအပေါ်လိုက်၍ စျေးဆွဲတင််မှုများ၊ စျေးကစားမှုများ ကြောင့် ပိုမိုမြင့်တက်နေခြင်းဖြစ် သည်ဟု စီးပွားရေးလုပ်ငန်းရှင်အ ချို့က ဆိုသည်။
နိုင်ငံတကာ ငွေကြေးစျေး ကွက်တွင် ဒေါ်လာတန်ဖိုးမြင့် တက်နေသည်ဆိုသော်လည်း မြန် မာနိုင်ငံက ပိုမိုတက်နေခြင်းသည် စျေးကစားမှုများကို သိသာစေ ကြောင်း ၎င်းတို့ကပြောသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ တွင် ဆန်စပါးနှင့်ပြည်ပပဲမျိုးစုံ တင်ပို့ရောင်းချခြင်းက လက်ရှိ တွင် လျော့နည်းနေကြောင်း စီး ပွားရေးလုပ်ငန်းရှင်အချို့က ပြော သည်။ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ သည် မိုးရာသီတွင်လျော့ကျလေ့ ရှိခြင်းကြောင့် လက်ရှိဒေါ်လာ တန်ဖိုးမြင့်တက်ချိန်တွင် ပြည် တွင်းကုန်စျေးနှုန်းပါ လိုက်မြင့် တက်ကြောင်း ၎င်းတို့ကဆိုသည်။
ကန်ဒေါ်လာတန်ဖိုးနှင့်တိုက် ရိုက်ချိတ်ဆက်နေသည့် ပြည် တွင်းစက်သုံးဆီစျေးသည် တစ် လီတာလျှင် ၄ ရာခိုင်နှုန်းခန့် စျေးမြင့်တက်လာသည်။ ဇွန်လ ၁ရက်တွင် ဓာတ်ဆီတစ်လီတာ ကျပ် ၈၇၀ မှ ဩဂုတ် ၃ ရက်တွင် တစ်လီတာကျပ် ၉၀၀ သို့တက်လာသည်။ ထို့ကြောင့် ပြည်တွင်းငွေ ကြေးစျေးကွက်တွင် ဒေါ်လာတန် ဖိုးမြင့်တက်မှု သက်သာစေရန် မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့် စျေးကွက်ကို ဝင်ဟန့်သင့်သည် ဟု အငြိမ်းစားဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဦးသန်းလွင်က ပြောသည်။
ယခင်အစိုးရ လက်ထက် တွင် ဒေါ်လာတန်ဖိုးမြင့်တက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းပါက ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟို ဘဏ်တို့က ပုဂ္ဂလိကဘဏ်လုပ် ငန်းရှင်များ၊ ငွေလဲကောင်တာ များကို ခေါ်ယူတွေ့ဆုံဆွေးနွေး ပြီးနောက် ဒေါ်လာတန်ဖိုး ပြန်လည်ကျဆင်းမှုများ ရှိခဲ့သည်။
လက်ရှိအစိုးရ လက်ထက်တွင် ဒေါ်လာတန်ဖိုး မြင့်တက်မှုကို ဗဟိုဘဏ်က စောင့်ကြည့်သည့်အဆင့်၌သာ ရှိနေသည်။
ကန်ဒေါ်လာနှင့် မြန််မာကျပ် လဲနှုန်းသည် ဒီချုပ်အစိုးရ ပထမ ဆုံးနှစ် ၂၀၁၆ ကုန်ခါနီးက တစ် ဒေါ်လာ ၁,၄၄၄ ကျပ်အထိစံချိန် တင် မြင့်တက်ခဲ့ဖူးသည်။ ထို့ နောက်ဒေါ်လာတန်ဖိုး ပြန်လည် ကျဆင်းပြီး ၂၀၁၇ တစ်နှစ်လုံးနှင့် ၂၀၁၈ ဇွန်လလယ်အထိ တစ်ဒေါ် လာကျပ် ၁,၃၅၀ ခန့်တွင် စျေးအ ပြောင်းအလဲရှိခဲ့သည်။
Source : 7Daydaily