(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ပြည်ပလုပ်ငန်းရှင်တွေ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလာကြ

ပြည်ပက လုပ်ငန်းရှင်တွေအနေနဲ့ အိမ်ခြံမြေကဏ္ဍမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့အတွက် စိတ်ဝင်စားမှုတွေ မြင့်တက်နေပါတယ်။


လက်ရှိမှာ အိမ်ခြံမြေကဏ္ဍကို လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် ဂျပန်နဲ့ တရုတ်၊ အာဆီယံနိုင်ငံတွေက စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။ (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ် ဒီဇင်ဘာလ တတိယပတ်အထိ ရင်နှီးမြှုပ်နှံမှုအပါအဝင် နိုင်ငံခြားရင်နှီးမြှုပ်နှံမှုပမာဏမှာ (၅)ဘီလျံကျော်ဝင်ရောက်ထားပြီဖြစ်ကြောင်း သိရပါတယ်။ ရင်နှီးမြှုပ်နှံမှုနဲ့ ပက်သက်ပြီး ကုန်တုတ်လုပ်မှုကဏ္ဍမှာ စိတ်ဝင်စားမှုမြင့်တက်နေပေမဲ့ အိမ်ခြံမြေနဲ့ တယ်လီကွန်းကဏ္ဍမှာလည်း ဆက်လက်အားကောင်းလာနိုင်ကြောင်း သိရပါတယ်။


ဒါအပြင် အိမ်ခြံမြေကဏ္ဍမှာ ကုမ္ပဏီဥပဒေသစ်တွေကြောင့် နိုင်ငံခြားရင်နှီးမြှုပ်နှံမှုငွေစီးဝင်လာနိုင်သလို ကွန်ဒိုမီနံယံနဲ့ ပက်သက်တဲ့ နည်းဥပဒေတွေ ထွက်ရှိလာတာတွေကြောင့်လည်း အေးစက်နေတဲ့ အိမ်ခြံမြေစျေးကွက် ပြန်လည်လှုပ်ခတ်လာဖို့ မျှော်မှန်းထားပါတယ်။ လက်ရှိ အိမ်ခြံမြေစျေးကွက်မှာ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီးနောက်ပိုင်း အရောင်းအဝယ်ပြန်ကောင်းမွန်လာတယ်လို့လဲ သိရပါတယ်။



Source : The Kumudra

#estatemyanmar #realestate #property #lease #buy #sell #apartment#condo #flat #house #villa 


#residence #office #commercial #residential#realtor #agency #agent #tenant #buyer #investor


 #leasing #yangon#myanmar #estate #HMMLJune2018 #Special

Facebook comments