(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း တရားဝင်ဖွဲ့စည်းတည်ထောင်ခွင့်ရ

ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (တရားဝင်တည်ထောင်ထားသော) Yangon Region Real Estate Services Sssociation Incorporated သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ Company Registration No. 106276781 ဖြင့် အသင်းဖွဲ့စည်းတည်ထောင်ခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း အဆိုပါအသင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


အဆိုပါ ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းကို ဥက္ကဋ္ဌ-ဦးဌေးမြင့်၊ ဥက္ကဋ္ဌ ဒေါ်မြတ်မိုမို၊ အတွင်းရေးမှူး ဦးမျိုးမြင့်အောင်၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးကြည်မင်းဆွေ၊ တွဲဖက်အတွင်းရေးမှူး (၂) ဦးစိုင်းမြင့်အောင်၊ တွဲဖက်အတွင်းရေးမှူး (၃) ဒေါ်သိင်္ဂံဟန်၊ ဘဏ္ဍာရေးမှူး ဒေါ်သန်းသန်းဌေး၊ တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်ခင်ခင်သွဲ့၊ စာရင်းစစ်-ဦးသက်မောင်ဦးနှင့် အလုပ်အမှုဆောင်များအဖြစ် ဦးအောင်ကျော်ဝင်း၊ ဒေါ်မိမိနိုင်၊ ဒေါ်ဒီဇင်ဘာဝင်း၊ ဒေါ်စုစန္ဒာမော်၊ ဦးအောင်ဝင်း၊ ဒေါ်မေသူခင်၊ ဒေါ်မျိုးသူဇာလွင်တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းကို ညောင်ပင်လေးစျေးပလာဇာ၊ အဆောင် ( C )၊ (၅)လွှာ ( B ) ကမ်းနားလမ်းနှင့် လမ်းမတော်လမ်းထောင့်၊ လမ်းမတော်မြို့နယ်တွင် ရုံးခန်းဖွင့်လှစ်ထားရှိပြီး ဖုန်း (၀၉-၅၁၀၃၅၈၉ ၊ ၀၉-၂၅၄၃၁၂၉၅၈ ၊ ၀၉- ၅၀၁၈၀၇၆ ၊ ၀၉-၄၀၄၉၁၉၉၄၅) နှင့် email.yresa2018@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


Source : Zaygwet Journal

Facebook comments