(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ အသိပညာပေးပြုလုပ်မည်

ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းထားတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေ နားလည်သဘောပေါက်စေဖို့ အသိပညာပေးတာတွေ အလေးထားပြုလုပ်မယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။


သည် ပြန်လည် ပြင်ဆင်လိုက်တဲ့ ဥပဒေကို လယ်သမားအပါအဝင် ပုဂ္ဂိုလ်များ သိသင့်သိထိုက်တာလေးတွေ ထုတ်ပြန်ဖို့ ဖြစ်ပါတယ်။ အရင်ဥပဒေအဟောင်းမှာတုန်းက မြေလွတ်မြေရိုင်းနဲ့ ပက်သက်တဲ့ ပြစ်ဒဏ်မပါ ပါဘူး။ ပြင်ဆင်တဲ့ ဥပဒေမှာတော့ ပါလာပါတယ်။ အစိုးရအနေနဲ့ (၂၀၁၂)ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဟာ ခေတ်ကာလနဲ့ ညီညွှတ်မှုမရှိတော့တာကြောင့် သည်နှစ် စက်တင်ဘာလမှာ ပြင်ဆင်ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။


လက်ရှိမှာလည်း သည်ပြင်ဆင်ထားတဲ့ ဥပဒေနဲ့အညီ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို အသုံးပြုပြီး စီးပွားဖြစ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ လုပ်ငန်းတွေကို ခွင့်ပြုပေးလျက်ရှပါတယ်။ ဒါ့အပြင် ဓာတ်သတ္တုဥပဒေနဲ့ ညီညွှတ်တဲ့ အခြားလုပ်ငန်းတွေကိုလည်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ခွင့်ပြုပေးလျက်ရှိတယ်လို့ သိရပါတယ်။ အခုလို ခွင့်ပြုပေးရာမှာလည်း လုပ်ငန်းတွေ ပိုမိုအဆင်ပြေလွယ်ကူအောင် ဆောင်ရွက်နိုင်ဖို့ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီတွေရဲ့ စီမံခန့်ခွဲပိုင်ခွင့်နဲ့ ခွင့်ပြုပေးလျက်ရှိတယ်လို့ သိရပါတယ်။


ဒါပေမဲ့ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ သည်ဥပဒေထဲမှာ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများအပေါ် လုပ်ကိုင်ခွင့်ပြုမိန့်မရရှိမီ လုပ်ငန်းများ ဆောင်ရွက်ရှိမှုရှိပါက (၆)လအတွင်း သက်ဆိုင်ရာကော်မတီတွေကို တင်ပြလျှောက်ထားဖို့ လိုပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူကလည်း ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိရေးအတွက် သတင်းစာနဲ့ မီဒီယာတွေကနေတစ်ဆင့် အသိပေးဆောင်ရွက်သွားမယ်လို့ (၁၅)ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးမှာ ပြောကြားသွားတယ်လို့ သိရပါတယ်။


အရင်အစိုးရလက်ထက် ဗဟိုအဖွဲ့မှ ခွင့်ပြုပေးခဲ့တဲ့ အမိန့်စာမူရင်းပျောက်ဆုံးမှုနဲ့ ဒုတိယမိတ္တူလျှောက်ထားခြင်းကိစ္စရပ်တွေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်အသုံးပြုခွင့်လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်း စိစစ်ဖို့ သီးခြားအဖွဲ့ဖွဲ့စည်းဆောင်ရွက်ဖို့ ကိစ္စတွေကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ(၂၀၁၈)နဲ့ ပက်သက်ပြီး ပြည်သူတွေပိုမိုသိရှိစေဖို့ အသိပေးခြင်း၊ သိသင့်တာတွေ ထုတ်ပြန်ကြေညာခြင်းတွေကိုတော့ ဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သည်ဥပဒေနဲ့ ပက်သက်ပြီး ပြည်သူတွေအနေနဲ့ ထဲထဲဝင်ဝင် သိရှိမှုက အားနည်းနေသေးတယ်လို့ သိရပါတယ်။


Credit: The Kumudra

#condo #flat #house #villa #residence 


#office #commercial #residential#realtor #agency #agent #tenant #buyer #investor 


#leasing #yangon#myanmar #estate #HMMLJune2018 #Special

Facebook comments