ကန်ဒေါ်လာသန်း ၁၅၀ တန် ရန်ကုန် - ဒလတံတားကို ကိုရီးယား GS အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီကတည် ဆောက်ခွင့်ရကြောင်း အဆိုပါ ကုမ္ပဏီက သတင်းထုတ်ပြန် သည်။
တံတားတည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ခွင့်ပြုသည့်စာကို GS ကုမ္ပဏီက ယခုသီတင်းပတ်အတွင်း ရရှိခဲ့သည်ဟု Korea Herald သတင်းဌာနက ရေးသားထားသည်။
ရန်ကုန် - ဒလတံတားသည် နှစ်မိုင်ခွဲခန့် ရှည်လျားမည်ဖြစ်ပြီး ရန်ကုန်မြို့ဘုန်းကြီးလမ်းနှင့် ဒလ မြို့ဆက်သွယ်မည်ဖြစ်ကာ ၂၀၂၂ တွင် တံတားတည်ဆောက်မှု ပြီးဆုံးမည်ဖြစ်သည်။
‘‘မြန်မာနိုင်ငံရဲ့အခြေခံအဆောက်အအုံဆန်းသစ်တီထွင်မှု၊ စီးပွားရေးဖွံ့ဖြိုးအောင် လုပ်ဆောင်မှုမှာ ပါဝင်ကူညီဖို့စွမ်းပကားအားလုံးကို အသုံးပြုသွားမည်’’ ဟု GS E&C ကုမ္ပဏီ အခြေခံအဆောက်အအုံလုပ်ငန်းဆိုင်ရာတာဝန်ခံ ဒုတိယဥက္ကဋ္ဌလီဆန်ကီကပြောသည်။
GS ကုမ္ပဏီသည် စွမ်းအင် နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ အပါအဝင်လုပ်ငန်းခွဲအမြောက် အမြားရှိသည့် ကိုရီးယားနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံးကုမ္ပဏီ တစ်ခုဖြစ်သည်။
ရန်ကုန် - ဒလတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၂၄ ရက်တွင်စတင်မည် ဟု အစိုးရက ကြေညာထားသည်။
ယင်းစီမံကိန်းကို ယခင်အစိုးရလက်ထက် ၂၀၁၂ ကတည်း ကတည်ဆောက်ရန်စီစဉ်ခဲ့ပြီး ကိုရီးယားနိုင်ငံက ဒေါ်လာသန်း ၁၄၀ ခန့်ထုတ်ချေးရန် ၂၀၁၅ တွင်သဘောတူခဲ့သည်။
ပြီးခဲ့သည့် ကိုးလခန့်က မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ဦး ဆောင်၍ အခြားပုဂ္ဂလိကဆိပ် ကမ်းငါးခုသည်ဒလတံတားတည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ပေးရန် အစိုးရထံတင်ပြပြီး တံတားတည်ဆောက်ခြင်းမပြုဘဲ ဥမင်လိုဏ်ခေါင်း တည်ဆောက်ရန် တင်ပြခဲ့သည်။
ဥမင်လိုဏ်ခေါင်း တည်ဆောက်ခြင်းက တံတားတည်ဆောက်မည့်ကုန်ကျစရိတ်ထက် အဆပေါင်းများစွာပိုမိုကုန်ကျနိုင်သဖြင့် မဖြစ်နိုင်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည် အကြောင်းကြားခဲ့သည်။
ထို့ကြောင့် တံတားဒီဇိုင်းကို ပြန်လည်ပြင်ဆင်ခဲ့ရပြီး ထိုပြောင်းလဲမှုကြောင့် ကိုရီးယား နိုင်ငံမှ ဒေါ်လာသန်း ၂၀ ထပ်မံ ချေးယူရသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။
Source : 7Daydaily
#condo #flat #house #villa #residence #office #commercial #residential#realtor #agency #agent #tenant #buyer #investor #leasing #yangon#myanmar #estate #HMMLJune2018 #Special